Home သတင်း NCAလက်မှတ်ထိုးခြင်းသည် လက်နက်စွန့်လွှတ်ရန်မဟုတ် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး‌ပြော

NCAလက်မှတ်ထိုးခြင်းသည် လက်နက်စွန့်လွှတ်ရန်မဟုတ် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး‌ပြော

2561

‌ဖေ‌ဖော်ဝါရီ ၁ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောသိန်းမြင့်

အပစ်ရပ်စာချုပ်(NCA) လက်မှတ်‌ရေးထိုးခြင်းသည် နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းလမ်းဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး အ‌ဖြေရှာ‌ရေးပင်ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် မဟုတ်‌ကြောင်း ယမန်‌နေ့ (ဇန်နဝါရီ ၃၁ရက်) က ကျ‌ရောက်သည့် ၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့အတွက် ‌ပေးပို့ သည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ မိန့်ခွန်းတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

‌ကေအဲန်ယူ ဥက္ကဌက “ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အ‌နေဖြင့် ပြည်သူလူထု တစ်ရပ်လုံး အ တွက် ငြိမ်းချမ်း‌ရေးနှင့် သာယာဝ‌ပြော‌ရေးကို ‌ရှေ့တန်းတင်ကာ နိုင်ငံ‌တော်၏ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် စဉ်း စားလုပ်‌ဆောင်ခဲ့ပါသည်။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် လုံးဝမဟုတ်‌ပေ။ နိုင်ငံ‌ရေး ပဋိပက္ခများကို အကြမ်းဖက်‌သော နည်းလမ်းများဖြင့် ‌ဖြေရှင်းခြင်းမျိုးမဟုတ်ပဲ နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးနှင့် ငြိမ်းချမ်း ‌ရေး‌သော နည်းလမ်းများဖြင့် ညှိနှိုင်း‌ဖြေရှင်း‌သော နိုင်ငံ‌ရေး ယဉ်‌ကျေးမှု အသစ်တစ်ရပ်ကို တည်‌ဆောက်ခြင်း ပင်ဖြစ်ပါသည်။ ”ဟု ထည့်သွင်း‌ပြောကြားခဲ့သည်။

KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား လတ်တ‌လော ‌ဖော်‌ဆောင်‌နေ သည့် ငြိမ်းချမ်းလုပ်ငန်းစဉ်သည် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် တပ်မ‌တော် ကာကွယ်‌ရေး ဦးစီးချုပ်၏ မူ ၆ချက်ဖြင့်ပင် ‌ဖော်‌ဆောင်‌နေသည့် လုပ်ငန်းစဉ်ဖြစ်၍ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်‌ရေး လမ်းစဉ်ဖြစ်သည်ဟုဆိုကာ စစ်မှန်‌သော ငြိမ်းချမ်း‌ရေး မရရှိနိုင်‌ကြောင်း ပြည်တွင်း၊ ပြည်ပရှိ ကရင်အမျိုးသားအချို့နှင့် နိုင်ငံ‌ရေး သုံးသပ်သူအချို့က ‌ထောက်ပြ‌ဝေဖန်မှုအ‌ပေါ် ‌ကေအဲန်ယူဥက္ကဌ က ယခုလို တုံ့ပြန် ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

‌ကေအဲန်ယူ ဒုဥက္ကဌဖြစ်သူ ပဒို‌စောကွယ်ထူးဝင်းကလည်း လက်ရှိ အပစ်အခတ် ရပ်စဲထားမှုမှာ ‌တော်လှန်‌ရေး လှုပ်ရှားမှုကို ရပ်တန့်သွားခြင်းမဟုတ်ဘဲ လက်နက်ကိုင်‌ဆောင်ခြင်းသည်လည်း နိုင်ငံ‌ရေး ရပ်တည်မှုကို အကာအကွယ်ပြုရန် အတွက်ဖြစ်သည်ဟု ယမန်‌နေ့က ‌ကေအဲန်ယူ နယ်‌မြေ၊ ဖားအံခရိုင် ‌လော်ခီးလာ၌ ပြုလုပ်ကျင်းသည့် ၆၉ နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့အခမ်းအနားတွင် ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

နိုင်ငံတကာ ကရင်အမျိုးသားအဖွဲ့အစည်း အလုပ်အမှု‌ဆောင်‌ကော်မတီဝင် မန်း‌အော်လန်းဒိုက“ NCA သ‌ဘောတူထားတဲ့အပြင် တပ်မ‌တော်ရဲ့ မူ ၆ ချက်‌စောင့်ထားတယ်။ ၂ဝဝ၈ ဥပ‌ဒေကလည်း ရှိ‌နေတယ်။ အဲဒါ‌ကြောင့် ဒီအတိုင်းသွား‌နေရင် ‌နောက်ဆုံးက အခုသူတို့( တပ်မ‌တော်) ‌ပြော‌နေပြီ တပ်မ‌တော် တစ်ခုထဲ ဖြစ်‌ရေးဆိုတာ လက်နက်ချ‌ရေး DDRပဲဖြစ်ပါတယ်။ နိုင်ငံ‌ရေး လုပ်ချင်ရင် ပါတီ‌ထောင်၊ လွှတ်‌တော်ဝင်၊ မလုပ်ချင်ဘူးဆိုရင် စီးပွား‌ရေးလုပ်၊ စီးပွား‌ရေး မလုပ်ချင်ရင် အရပ်သားအ‌နေနဲ့ ပြန်‌နေဆိုတာ လက်နက်ချ ‌ရေးပဲ။ ဒီဟာက ‌တော်လှန်‌ရေးလမ်း‌ကြောင်း ‌မျှော်မှန်းချက်မဟုတ်ဘူးဆိုတာ ကျ‌နော်တို့မြင်တယ်။”ဟု ‌ပြောသည်။

‌ကေအဲန်ယူ ဥက္ကဌ၏ မိန့်ခွန်းတွင် NCA အ‌ပေါ် မှားယွင်း‌နေ‌သော နားလည်မှုများနှင့် တစ်ထပ်တည်းမဖြစ်‌သေး‌သော အမြင်များကို ငြိမ်းချမ်း‌သော နည်းလမ်းများဖြင့် အ‌ဖြေရှာပြီး နိုင်ငံ‌ရေးအရ ‌တွေ့ဆုံညှိနှိုင်းမှုများနှင့် ငြိမ်းချမ်း‌သောနည်း များဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ‌ချော‌ချော‌မွေ့‌မွေ့နှင့် နည်းလမ်းတကျ ဆက်လက်လုပ်‌ဆောင်နိုင်ရန် မိမိတို့၏ ကျရာ အခန်းကဏ္ဍအသီးသီးတွင် ဝိုင်းဝန်းကူညီကြရန် လိုအပ်သလို ‌ကေအဲန်ယူ၏ လက်နက်ကိုင် ‌တော်လှန်‌ရေးကို အားကြိုးမာန်တက်နှင့် သတ္တိရှိရှိ ကူညီပံ့ပိုးခဲ့ကြသည့် နည်းတူ ယခုကဲ့သို့‌သော နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး အချိန်ကာလ တွင်လည်း ထိုနည်းတူ ဝိုင်းဝန်းကူညီကြရန် လိုအပ်‌ကြောင်းလည်း ‌ပြောဆိုထားသည်။

‌ကေအဲန်ယူသည် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်‌နေ့တွင် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲ ‌ရေးကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် လက်မှတ်‌ရေးထိုးခဲ့သည်။ ထို့‌နောက် ၂ဝ၁၅ ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် ဦးသိန်းစိန် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ကို အခြား‌သော လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၇ ဖွဲ့နှင့်အတူ လက်မှတ်‌ရေးခဲ့ကြသည်။ NCA ထိုးပြီး ၃ နှစ်‌ကျော်ကြာသည့်အထိ အာမခံချက်ရှိသည့် နိုင်ငံ‌ရေး သ‌ဘောတူညီမှု တစုံတရာ မရရှိ‌သေးဟုဆိုကာ ကရင်အမျိုးသားများအကြားတွင် ‌ထောက်ပြ‌ဝေဖန်မှု များရှိသည်။

ယခင်လ ဇန်နဝါရီ ၅ ရက်က ပြုလုပ်သည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၏ အ‌ရေး ‌ပေါ်အစည်းအ‌ဝေးတွင်လည်း NCA ကို အ‌ခြေခံ၍ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက် ရာ၌ မြန်မာ့တပ်မ‌တော်အ‌နေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများကို လက်နက် ကိုင်လမ်းစဉ်စွန့်ကာ နိုင်ငံ‌ရေးပါတီအ‌နေဖြင့် ထူ‌ထောင်ပြီး ‌ရွေး‌ကောက်ပွဲဝင်ရန် သို့မဟုတ် လက်နက်ဖြုတ် သိမ်းရန်နှင့် အရပ်သားအဖြစ်သာ ဆက်လက် ရပ်တည်သွားရန်ကို ဦးတည်‌နေသည့်အတွက် ‌ကြောင့် KNLA အ‌နေဖြင့်လက်မခံနိုင်‌ကြောင်း ထုတ်‌ဖော်‌ပြောဆိုခဲ့‌သေးသည်။

‌ကေအဲန်ယူသည် ကရင်‌တော်လှန်‌ရေး စတင်ခဲ့သည့် ၁၉၄၉ ခုနှစ်မှ စကာ အုပ်ချုပ်သူ နိုင်ငံ‌တော် အစိုးရ အဆက်ဆက်နှင့် ၅ ကြိမ်ထက်မနည်း ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌သော်လည်း လက်နက်ချပြီး ဥပ‌ဒေ‌ဘောင်အတွင်း ဝင်ရန်ကိုသာ ဖိအား‌ပေးခံရသည့်အတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ပျက်ပြယ်ခဲ့ရသည့် ဖြတ်သန်းမှုများရှိခဲ့သည် ဟု ‌ကေအဲန်ယူ၏ သမိုင်းမှတ်တမ်းအရ သိရသည်။

ဦးသိန်းစိန် အစိုးရ လက်ထက်က စတင်အ‌ကောင်အထည်‌ဖော်‌ဆောင်လိုက်သည့် NCA စာချုပ်တွင် လက်ရှိ အချိန်ထိ ‌ကေအဲန်ယူအပါအဝင် စုစု‌ပေါင်း တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၈ဖွဲ့ဖြင့် လက်မှတ်‌ရေးထိုးထားသည်။ ညီညွတ်‌သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC) အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး ( LDU) တို့က လည်း NCAစာချုပ်တွင် ပါဝင်လက်မှတ်‌ရေးထိုးမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလ (၂၃)ရက်‌နေ့က ‌နေပြည်‌တော်တွင် နိုင်ငံ‌တော်အတိုင်ပင်ခံ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်တို့နှင့် ‌တွေ့ဆုံမှုအပြီး သ‌ဘောထားထုတ်ပြန်ခဲ့သည်။