Home သတင်း KNLA တပ်မဟာ(၁)စစ်ဆင်‌ရေးမှူး‌ဟောင်း ဗိုလ်မှူးကြီး‌စောရဲဒင်၏ဈာပန လူ ၃၀၀၀‌ကျော်တက်‌ရောက်

KNLA တပ်မဟာ(၁)စစ်ဆင်‌ရေးမှူး‌ဟောင်း ဗိုလ်မှူးကြီး‌စောရဲဒင်၏ဈာပန လူ ၃၀၀၀‌ကျော်တက်‌ရောက်

2073

‌ဖေ‌ဖော်ဝါရီ ၂၇ရက်၊ ၂၀၁၈ခုနှစ်။ ‌စောခါးစူးညား

လူကြီး‌ရောဂါဖြင့် ‌ဖေ‌ဖော်ဝါရီ ၂၄ရက်‌နေ့က ကွယ်လွန်သွားခဲ့သည့် ဝါရင့်‌တော်လှန်‌ရေး‌ခေါင်း‌ဆောင် ‌ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ(၁) စစ်ဆင်‌ရေးမှူး‌ဟောင်း ဗိုလ်မှူးကြီး‌စောရဲဒင် အသက် (၇၈)နှစ်၏ ဈာပနအခမ်းအနားကို မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ မြစ်ကျိုး‌ကျေးရွာ၌ ‌ဖေ‌ဖော်ဝါရီ လ ၂၇ရက်‌နေ့တွင် ကျင်းပခဲ့ရာ လူ ၃၀၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယခုပြုလုပ်သည့် ဈာပနအခမ်းအနားသို့ KNLA- တပ်မဟာ(၁)မှူး ဗိုလ်မှူးချုပ်‌စော‌ကျော်လင်းနှင့် တပ်ဗိုလ်တပ်သားများ၊ ရပ်နီး ရပ်‌ဝေးမှ ‌ဆွေမျိုးများ၊ မိတ်‌ဆွေသဂင်္ဟများ၊ သံဃာ‌တော်များ၊ KYO-ကရင်လူငယ်အစည်းအရုံး၊ KWO-ကရင်အမျိုးသမီးအစည်း အရုံး၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့မှ တာဝန်ရှိသူအချို့နှင့် ‌ဒေသခံများ တက်‌ရောက်ခဲ့ကြသည်။

ဗိုလ်မှူးကြီး‌စောရဲဒင်၏ သားဖြစ်သူ KNLA တပ်မဟာ(၁) တပ်ရင်း(၂)မှ ဒုရင်းမှူးဗိုလ်မှူး‌စော‌အောင်‌ရွှေက “ကျ‌နော်ရဲ့အပါးဟာ ‌တော်လှန်‌ရေးအ‌ပေါ်နဲ့ အမျိုးသားအ‌ရေး‌ပေါ် သူ့ရဲ့ရပ်တည်ချက် မှန်ကန်လို့ သူ့ကိုချစ်တဲ့ လုပ်‌ဖော်ကိုင်ဖက်နဲ့ အသိမိတ်‌ဆွေ ‌တွေ အခုလို သူ့ရဲ့‌နောက်ဆုံးခရီးကို လူ‌ထောင်ချီ လာ‌ရောက်အား‌ပေးတယ်လို့ ဆိုရမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်း၏ ‌တော်လှန်‌ရေးအ‌ပေါ် ထားရှိသည့် စိတ်သ‌ဘောထားများ၊ ‌ပေးဆပ်အနစ်နာခံမှုများနှင့် လုပ်‌ဆောင်ချက်များကို စံနမူနာထားကာ မပြီးဆုံး‌သေးသည့် ‌တော်လှန်‌ရေးခရီးကို မျိုးဆက်သစ်လူငယ်များအ‌နေဖြင့် ဝင်‌ရောက်လုပ်ကိုင် တာဝန်ယူ ထမ်း‌ဆောင်ကြပါရန် တိုက်တွန်းလို‌ကြောင်းလည်း ဗိုလ်မှူး‌စော‌အောင်‌ရွှေက ဆက်‌ပြောသည်။

ကွယ်လွန်သူ ဗိုလ်မှူးကြီး‌စောရဲဒင်သည် ၁၉၅၉ခုနှစ်တွင် အစိုးရစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူတစ်ဦးဖြစ်ပြီး သထုံအကျဉ်း ‌ထောင်တွင် (၁)နှစ် (၆)လအကြာ အကျဉ်းချခံရပြီး‌နောက် ‌ကေအဲန်ယူ တပ်မဟာ-၅ (ယခု တပ်မဟာ-၁) ငြိမ်းချမ်း‌ရေးကာလ အချိန်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်‌မြောက်လာခဲ့သည်။

‌ကေအဲန်ယူ တပ်မဟာ(၁)မှူး ဗိုလ်မှူး‌ကျော်လင်းက “သူက ‌တော်လှန်‌ရေးတစ်‌လျှောက် ကျ‌နော်တို့နဲ့ လူတွဲလာခဲ့တယ်။ ‌တော် လှန်‌ရေးအ‌ပေါ် ကွယ်လွန်သည်အထိ ‌ပေးဆပ်လာတဲ့ ကျ‌နော်ရဲ့ လုပ်‌ဖော်ကိုင်ဖက်တစ်‌ယောက် အခုလို ဆုံးရှုံးသွားတာ မိသား စုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။”ဟု ‌ပြောသည်။

ဗိုလ်မှူးကြီး‌စောရဲဒင်သည် တပ်ထဲတွင် အဆင့်ဆင့် ရာထူးတိုးမြှင့်ခြင်းခံရကာ ၁၉၈၃ခုနှစ်၌ ‌ကေအဲန်ယူ တပ်မဟာ(၁) စစ်ဆင် ‌ရေးမှူး(ဗျူဟာမှူး)ဖြစ်လာခဲ့သည်။ ယင်းသို့ တာဝန်ထမ်း‌ဆောင်လာခဲ့ပြီး အသက်အရွယ်‌ကြောင့် ၂၀၀၉ခုနှစ်တွင် တာဝန်မှအနား ယူရန် ခွင့်‌တောင်းခဲ့သည့်အတွက် ၎င်း၏မိခင်အဖွဲ့အစည်း ‌ကေအဲန်ယူက ခွင့်ပြုခဲ့‌သော်လည်း ရာထူးအား မူလအတိုင်း ထားရှိခဲ့ သလို တပ်မဟာ(၁)၏ အကြံ‌ပေးပုဂ္ဂိုလ်အ‌နေဖြင့်လည်း ကွယ်လွန်ချိန်အထိ ပြန်လည်တာဝန်ယူ‌စေခဲ့သည်။

၁၉၃၉ခုနှစ်တွင် ဖခင် ‌စော‌အေး‌မောင်နှင့် မိခင် ‌နော်မုဘိတို့မှ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဥ‌ဒေါင်း‌ကျေးရွာ၌ ‌မွေးဖွားခဲ့သူ ဗိုလ် မှူးကြီး‌စောရဲဒင်သည် ၁၉၅၄ခုနှစ်တွင် ကရင်အမျိုးသား‌တော်လှန်‌ရေးအဖွဲ့ဖြစ်သည့် ‌ကေအဲန်ယူသို့ ဝင်‌ရောက်အမှုထမ်းခဲ့သည်။ ၁၉၅၈ခုနှစ်တွင် ဘီးလင်းမြို့နယ်၊ ပယာ‌ရော(မြစ်ကျိုး)‌ကျေးရွာသူ ‌နော်မု‌ချောနှင့် လက်ထပ်ထိမ်းမြားခဲ့ကာ သားသမီး (၈)ဦး ထွန်းကားခဲ့သည်။