Home သတင်း CSO အချင်းချင်း ပိုမိုချိတ်ဆက်နိုင်ရန် ဖားအံတွင် အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

CSO အချင်းချင်း ပိုမိုချိတ်ဆက်နိုင်ရန် ဖားအံတွင် အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

2494

‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်အတွင်းရှိ CSOများ အချင်းချင်း ‌တွေ့ဆုံမိတ်ဆက်ပြီး လုပ်‌ဆောင်ချက်များအား မျှ‌ဝေနိုင်ရန်နှင့် ပိုမိုချိတ်ဆက်‌ဆောင်ရွက်နို်င်ရန် အမျိုးသမီး‌ခေါင်း‌ဆောင်မှုကဏ္ဍနှင့် ကျား/မ ‌ရေးရာညီမျှမှု အလုပ်ရုံ‌ဆွေး‌နွေးပွဲ နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ(CSOs)‌တွေ့ဆုံပွဲကို ဖားအံမြို့၊ Gabbana Hotel ၌ ‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်(ယ‌နေ့) မှ စတင်ကာ ပြုလုပ်လျက်ရှိသည်။

‌ဆွေး‌နွေးပွဲဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်သူများအနက် တစ်ဦးဖြစ်သူ ဖန်တီးအိမ်အဖွဲ့မှ ဒါရိုက်တာ ‌ဒေါ်ခင်‌လေးငယ်က “ ဒီ‌ဒေသမှာရှိတဲ့ အဖွဲ့အချင်းချင်း လုပ်‌နေကိုင်‌နေရတာမှာ အ‌တွေ့အကြုံ‌တွေကို ဖလှယ်ကြမယ်။ တ‌ယောက် အခက်အခဲကို တ‌ယောက်‌ဖြေရှင်း ‌ပေးနိုင်ကြသလားဆိုတဲ့ အကြံဉာဏ်‌တွေ ယူမယ်။ ပြီးရင် ဘယ်လိုဟာမျိုး‌တွေ ‌ပေါင်းပြီး‌တော့ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူ‌တွေကို ဒီစု‌ပေါင်းအားနဲ့ တင်ပြမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဖေ‌ဖော်ဝါရီလ ၂၁ ရက်‌နေ့အထိ ကျင်းပမည့် ယင်းအလုပ်ရုံ ‌ဆွေး‌နွေးပွဲကို ဖားအံအ‌ခြေစိုက် လွတ်လပ်၍ မျှတ‌သောအမျိုးသမီးများကွန်ရက် ဦး‌ဆောင်မှုဖြင့်ပြုလုပ်ခြင်း ဖြစ်ပြီး အမျိုးသမီးအခွင့်အ‌ရေးကိစ္စများဖြစ်သည့် အကြမ်းဖက်ခံရမှုများ၊ ဆုံးဖြတ်ချက်ချ‌သော အပိုင်းတွင် အမျိုးသမီးများပိုမိုပါလာနိုင်ရန်နှင့် ‌ဒေသတွင်းတွင် အ‌ရေးတကြီးသိသင့်သည့် အရာများကို ‌ဆွေး‌နွေးမည် ဖြစ်‌ကြောင်း သိရသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်လာသူ ဖားအံမြို့ရှိ Network Activity Group မှ နန်းယုဇနသိန်း က ̏ ဒီပွဲ လုပ်ခြင်းအား ဖြင့် ကရင်ပြည်နယ်က အမျိုးသမီး‌တွေအတွက် ဘယ်‌နေရာမှာ အ‌ထောက်အကူပြုမလဲဆိုတာမျိုးကို သိချင် တယ်‌ပေါ့‌နော်။ ဥပ‌ဒေ‌တွေ ‌ရေးဆွဲတဲ့အချိန်မှာလား။ အမျိုးသမီး‌တွေ ဒီစီးပွား‌ရေးကဏ္ဍမှာ မြှင့်တင်တဲ့ အချိ်န်မှာ လား စသဖြင့် ဒီက ထွက်လာတဲ့ အသံ‌တွေကို နိုင်ငံ‌တော်အစိုးရ ကြားမယ်။ ကြားရင် ကရင်အမျိုးသမီး‌တွေ အတွက် တစ်ခုခု ‌ပြောင်းလဲမှု‌တွေ လုပ်‌ပေးနိုင်မယ်လို့ ယုံကြည်ပါတယ် ”ဟု‌ပြောသည်။

ယ‌နေ့‌ဆွေး‌နွေးပွဲအား ကရင်ပြည်နယ်ရှိ CSO အဖွဲ့‌ပေါင်း ၃ဝ ‌ကျော်မှ အဖွဲ့ဝင် ၅ဝ ဦး‌ကျော် တက်‌ရောက်‌နေပြီး ‌ဖေ‌ဖော်ဝါရီ ၂၁ ရက်‌နေ့တွင် အစိုးရဌာနမှ တာဝန်ရှိသူများပါတက်‌ရောက်မည်ဖြစ်ကာ ပထမရက်မှ ‌ဆွေး‌နွေး ချက်ရလဒ်များကို ပြန်လည်တင်ပြကြမည်ဟု ပွဲစီစဉ်သူများက ‌ပြောဆိုသည်။