Home သတင်း အမျိုးသမီးအကြမ်းဖက်မှု ပ‌ပျောက်‌ရေး အမျိုးသားပါ ပူး‌ပေါင်း‌ပေးရမည်ဟု ကရင်အရပ်ဘက်များ ‌ပြောဆို

အမျိုးသမီးအကြမ်းဖက်မှု ပ‌ပျောက်‌ရေး အမျိုးသားပါ ပူး‌ပေါင်း‌ပေးရမည်ဟု ကရင်အရပ်ဘက်များ ‌ပြောဆို

1894

‌ဖေ‌ဖော်ဝါရီ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

အမျိုးသမီးအကြမ်းဖက်မှု ‌လျော့နည်းပ‌ပျောက်‌ရေးအတွက် အမျိုးသမီးများသာမက အမျိုးသားများပါ ပါဝင်ပူး‌ပေါင်း လုပ်‌ဆောင်သွားရန်လိုအပ်‌ကြောင်း ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ‌ဖေ‌ဖော်ဝါရီ ၂၁ ရက်(ယ‌နေ့)တွင် ‌ပြောဆိုလိုက်သည်။

ဖားအံမြို့၊ Gabbana Hotel ၌ ‌ဖေ‌ဖော်ဝါရီ ၂ဝနှင့် ၂၁ ရက်တွင် ပြုလုပ်‌သော အမျိုးသမီး ‌ခေါင်း‌ဆောင်မှု ကဏ္ဍ၊ ကျား/မ ‌ရေးရာညီမျှမှု အလုပ်ရုံ‌ဆွေး‌နွေးပွဲနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ(CSOs)‌တွေ့ဆုံပွဲ အပြီး ယခုလို ‌ပြောဆိုလိုက်ခြင်း လည်းဖြစ်သည်။

‌ဆွေး‌နွေးပွဲ ဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်သူများအနက် တစ်ဦးဖြစ်သူ လွတ်လပ်၍ မျှတ‌သော အမျိုးသမီး များ ကွန်ရက်မှ နန်းစန်းစန်းဝင်းက “ဒီ Gender (ကျား/မ) နဲ့ပတ်သက်ပြီး ညီမျှမှု‌တွေဖြစ်‌အောင် အရင်ကဆို အ မျိုးသမီး‌တွေ ကိုပဲ သင်တန်း‌တွေ‌ပေးတဲ့အခါ သိပ်‌အောင်မြင်မှုမရှိခဲ့ဘူး။ ဒါ‌ကြောင့် အမျိုးသား‌တွေပါ သင်တန်း ‌ပေးရမယ်ဆိုတာကို မြင်သွားတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အကြမ်းဖက်မှုအများစုသည် အမျိုးသားများမှ စတင်‌သော‌ကြောင့် ယခုလို အမျိုးသားများပါ သင်တန်းများ ‌ပေးခြင်းအားဖြင့် အကြမ်းဖက်မှုများမဖြစ်‌အောင် ဆင်ခြင်နိုင်မည်ဖြစ်ကာ အမျိုးသမီးများအား ‌ဖေးမကူညီ လာကြမည်ဖြစ်ပြီး အကြမ်းဖက်မှု ‌လျော့နည်း‌ရေးလုပ်ငန်းများတွင်လည်း ပူး‌ပေါင်း‌ဆောင်ရွက်လာမည် ဖြစ်‌ကြောင်း နန်းစန်းစန်းဝင်းက ဆက်‌ပြောသည်။

နှစ်ရက်တာ အလုပ်ရုံ ‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်နယ်ရှိ CSO အဖွဲ့‌ပေါင်း ၂၄ ဖွဲ့၊ အစိုးရမှ ဌာန ၆ ခု၊ စုစု‌ပေါင်း လူဦး‌ရေ ၅ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ပြီး အမျိုးသမီးအခွင့်အ‌ရေးကိစ္စများဖြစ်သည့် အကြမ်းဖက်ခံရမှုများ၊ အမျိုးသမီး ‌ခေါင်း‌ဆောင်မှု နှင့် ကျား/မ‌ရေးရာမညီမျှမှု ဖြစ်သည့် ဆုံးဖြတ်ချက်ချ‌သော အပိုင်းတွင် အမျိုးသမီးများပိုမိုပါလာနိုင်‌ရေးစသည့် အ‌ရေးကိစ္စများ ကို အဓိကထား ‌ဆွေး‌နွေးခဲ့သည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သူ မြဝတီမြို့နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုအဖွဲ့မှ ‌နော်မြမြဇင်က ̏ အမျိုးသမီး အကြမ်းဖက် မှုကိစ္စ‌တွေမှာ အမျိုးသား‌တွေကို သွားတိုင်ပင်မယ်ဆိုရင် သူတို့က အဲ‌လောက်နားလည်‌ပေးမနိုင်ဘူး‌လေ။ မိန်းက‌လေးဆို အချင်းချင်း နားလည်‌ပေးတတ်တယ်။ ရင်းရင်းနှီးနှီး တိုင်ပင် ‌ဆွေး‌နွေးနိုင်တယ်။ အခု အရာရှိ‌တော်‌တော်များများက အမျိုးသားချည်းပဲဆို‌တော့ အမျိုးသမီး‌တွေလည်း ‌ခေါင်း‌ဆောင်မှုအပိုင်းမှာ များများ ပါဝင်လာ‌စေချင်ပါတယ်”ဟု‌ပြောသည်။

ထို့အပြင် ယင်းအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် အာဏာ၊ လုပ်ပိုင်ခွင့်များရှိ‌သော အစိုးရအဖွဲ့မှ အမျိုးသမီးအကြမ်းဖက်မှု ပ‌ပျောက်‌ရေးလုပ်ငန်းများတွင် ကူညီခြင်းအားဖြင့် လုပ်‌ဆောင်မှုအား ပိုမို‌ကောင်းမွန်စွာ အ‌ကောင်အထည် ‌ဖော် နိုင်မည်ဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီ‌ပေးရန် လိုအပ်‌ကြောင်းလည်း ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့များက ‌ထောက်ပြ ‌ပြောဆိုသည်။

‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်လာသည့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် တင်ပြ‌ဆွေး‌နွေးကြသည့် အ‌ရေးကိစ္စများအ‌ပေါ် အရပ်ဖက်အဖွဲ့အစည်းများနှင့် လိုအပ်သလိုကူညီ‌ဆောင် ရွက်‌ပေး မည်ဖြစ်‌ကြောင်း ‌ပြောဆိုမှုများရှိသည့်အတွက် ‌ကောင်းမွန်သည့်ရလဒ်ဖြစ်‌ကြောင်း အရပ်ဘက် အဖွဲ့များက ဆိုသည်။

အမျိုးသမီးများ အကြမ်းဖက်မှု ‌လျော့နည်းပ‌ပျောက်‌ရေးစီမံကိန်းကို တစ်နှစ်အတွင်း ‌ငွေကျပ် သိန်း‌ပေါင်း ၃၅ဝ အကုန်ကျခံကာ ကရင်ပြည်နယ်ရှိ ရွာ‌ပေါင်း ၁၂ ရွာတွင် အသိပညာ‌ပေးမှုလုပ်ငန်းများ ဆက်လက် ‌ဆောင် ရွက်သွား မည်ဟု စီမံကိန်း တာဝန်ခံများထံမှ သိရသည်။