Home သတင်း နှစ်(၇၀)ပြည့် လွတ်လပ်‌ရေး‌နေ့ နှင့်အတူ ‌ကျောင်းတည်‌ထောင်ခြင်း ၁၂ နှစ်ပြည့်အထိမ်းအမှတ်ပွဲ ‌နေ့သစ်‌ကျောင်း၌ ကျင်းပ

နှစ်(၇၀)ပြည့် လွတ်လပ်‌ရေး‌နေ့ နှင့်အတူ ‌ကျောင်းတည်‌ထောင်ခြင်း ၁၂ နှစ်ပြည့်အထိမ်းအမှတ်ပွဲ ‌နေ့သစ်‌ကျောင်း၌ ကျင်းပ

2280

ဇန်နဝါရီ ၄ ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ယ‌နေ့ ကျ‌ရောက်သည့် နှစ်(၇၀)ပြည့် မြန်မာနိုင်ငံ လွတ်လပ်‌ရေး‌နေ့နှင့်အတူ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၊ ထဆိုင် လို့တိုက်နယ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်းတစ်‌ကျောင်းဖြစ်သည့် ‌နေ့သစ်အလယ်တန်း‌ကျောင်း တည်‌ထောင်ခြင်း (၁၂) နှစ်ပြည့် ဂုဏ်ပြုပွဲအခမ်းအနားကို ‌နေ့သစ်အလယ်တန်း‌ကျောင်း၌ ကျင်းပခဲ့သည်။

‌ကျောင်းသူ၊ ‌ကျောင်းသားများ၊ ‌ကျောင်းဆရာ၊ ဆရာမများနှင့် ‌ကျောင်းသား မိဘအပါအဝင် စုစု‌ပေါင်း (၃၀၀)‌ကျော်ပါဝင်တက်‌ရောက်ခဲ့ကြသည့် ၎င်းအခမ်းအနားတွင် သက်ဆိုင်ရာ ‌ကျောင်းတာဝန်ရှိသူများ၊ ‌ကျောင်းအုပ်နှင့် ဆရာ၊ဆရာမများမှ လွတ်လပ်‌ရေး‌နေ့ အသိပညာ‌ပေး‌ပြောကြားခြင်း၊ ဆုံးမဩဝါဒစကား‌ပြောကြားခြင်း၊ ‌ကျောင်းသူ၊‌ကျောင်းသားများ ကပြ‌ဖျော် ‌ဖြေခြင်းနှင့်အတူ ‌ကျောင်းသူ၊‌ကျောင်းသား ‌ပျော်ပွဲရွှင်ပွဲဆိုင်ရာ အားကစားပြိုင်ပွဲနှင့် ဆု‌ပေးပွဲများ ကိုပြု လုပ်ခဲ့ကြသည်။

စက်ရုံအလုပ်ရုံ၊ ‌ဆောက်လုပ်‌ရေးနှင့် အ‌ထွေ‌ထွေလုပ်ငန်းဆိုင်ရာ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ က‌လေး သူငယ်များအတွက် ရည်ရွယ်၍ ‌နေ့သစ် မြန်မာ‌ရွှေ့‌ပြောင်းအလယ်တန်း‌ကျောင်းကို မြန်မာပြည်သားများ ပူးတွဲလှုပ်ရှားမှု‌ကော်မတီ (JACBA)အဖွဲ့မှ ဦး‌ဆောင်ကာ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၃ဝ ရက်‌နေ့တွင် စတင်တည်‌ထောင်ခဲ့ပြီး လက်ရှိတွင် ‌ကျောင်းသူ၊ ‌ကျောင်းသား ၄၀ဝ နီးပါး ပညာသင်ယူ‌နေပြီး မြန်မာသင်ရိုးညွှန်းတမ်းကို အဓိက သင်ကြား‌နေသည့်‌ကျောင်းဖြစ်သည်ဟု ‌ကျောင်း တာဝန်ရှိသူတဦးဖြစ်သည့်(JACBA)ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

မြန်မာနိုင်ငံလွတ်လပ်‌ရေးကို ဦးနု ဦး‌ဆောင်သည့် ဖဆပလ အစိုးရအဖွဲ့ဝင်နှင့် ဗြိတိသျှ အစိုးရထံမှ လက်မှတ် ထိုးရယူခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်‌နေ့ကို လွတ်လပ်‌ရေး‌နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ယ‌နေ့ ကျ‌ရောက် သည့် နှစ် (၇၀) ပြည့် လွတ်လပ်‌ရေး‌နေ့အထိမ်းအမှတ်ပွဲ‌တော်များကိုလည်း မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်း‌ဒေသ ကြီး အသီးသီး ၌လည်း ကျင်းပခဲ့ကြသည်။