Home သတင်း လက်ရှိ NCA လမ်း‌ကြောင်း မထိ‌ရောက်‌တော့‌ကြောင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်သုံးသပ်ဆုံးဖြတ်

လက်ရှိ NCA လမ်း‌ကြောင်း မထိ‌ရောက်‌တော့‌ကြောင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်သုံးသပ်ဆုံးဖြတ်

3026

ဇန်နဝါရီလ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

တစ်နိုင်ငံလုံးပတ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးစာချုပ် NCA မှာ ထိ‌ရောက်မှုမရှိ‌တော့‌ကြောင်းနှင့်လာမည့် ၂၁ ရာစုပင်လုံအစည်းအ‌ဝေးကို ဆိုင်းငံထား‌စေလို‌ကြောင်း ဇန်နဝါရီလ ၅ ရက်(ယ‌နေ့) ပြုလုပ်သည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၏ အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် တက်‌ရောက်လာသည့် တပ်ဗိုလ်တပ်မှူးများက သုံးသပ်‌ပြောဆို ဆုံးဖြတ်လိုက်ကြသည်။

လက်ရှိ NCA လမ်း‌ကြောင်းအရမြန်မာ့တပ်မ‌တော်၏ ဦးတည်ချက်နှင့် လုပ်ငန်းများအ‌ပေါ် ပြန်လည်ဆန်းစစ်သုံးသပ် ‌ဆွေး‌နွေးခဲ့ကြပြီး‌နောက် ယခုကဲ့သို့ သ‌ဘောထားချမှတ် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု အစည်းအ‌ဝေးတက်‌ရောက်ခဲ့သည့် အမည်မ‌ဖော်လိုသူ တပ်မှူးတစ်ဦးက ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုသည်။

NCA ကို အ‌ခြေခံ၍ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရာ၌ မြန်မာ့တပ်မ‌တော်အ‌နေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများကို လက်နက်ကိုင်လမ်းစဉ်စွန့်ကာ နိုင်ငံ‌ရေးပါတီအ‌နေဖြင့် ထူ‌ထောင်ပြီး ‌ရွေး‌ကောက်ပွဲဝင်ရန် သို့မဟုတ် လက်နက်ဖြုတ်သိမ်းရန်နှင့် အရပ်သားအဖြစ်သာ ဆက်လက် ရပ်တည်သွားရန်ကို ဦးတည်‌နေသည့်အတွက်‌ကြောင့် KNLA အ‌နေဖြင့်လက်မခံနိုင်‌ကြောင်း ‌ဆွေး‌နွေးသ‌ဘောတူခဲ့ကြသည်။

ထိုအ‌ခြေအ‌နေသုံးသပ်မှုများ‌ကြောင့် လာမည့် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအ‌ဝေးကျင်းပ‌ရေးကိုလည်း ဆိုင်းငံ့ထားရန် အ‌ရေး‌ပေါ်အစည်းအ‌ဝေးသို့ တက်‌ရောက်လာကြသည့် KNLA တပ်ဗိုလ်တပ်မှူးများက သ‌ဘောတူခဲ့ကြ‌ကြောင်း အစည်းအ‌ဝေးတက်‌ရောက်သူများထံမှ သိရသည်။

ယ‌နေ့မနက် ၈ နာရီခွဲမှ ည‌နေ ၅ နာရီအထိ KNLA ဗဟိုဌာနချုပ်၌ ပြုလုပ်သည့် အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် ‌ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၏ ကာကွယ်‌ရေးဌာနတာဝန်ခံ ပဒို‌စော‌ရောဂျာခင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ ဒုတိယဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲ အပါအဝင် စစ်‌ထောက်ချုပ်များနှင့် KNLA တပ်မဟာ ၇ မှ တပ်ဗိုလ်တပ်မှူးများ၊ တပ်ဖက်ဆိုင်ရာဌာနခွဲများမှ တာဝန်ခံများစုစု‌ပေါင်း ၁၀ဝ ‌ကျော်တက်‌ရောက်ခဲ့ကြသည်။