Home သတင်း မွန်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီရုံး ‌မော်လမြိုင်တွင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်

မွန်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီရုံး ‌မော်လမြိုင်တွင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်

2280

ဇန်နဝါရီ ၃ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီရုံးကို ပြည်နယ်အတွင်းရှိ မြို့နယ် ၁ဝ မြို့နယ်မှ စာ/ယဉ် ‌ကော်မတီများ စု‌ပေါင်းကာ ဇန်နဝါရီ ၁ ရက်‌နေ့တွင် ‌မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် ကိုယ်ထူ ကိုယ် ထစတင်ဖွင့်လှစ်လိုက်သည်ဟု မွန်ပြည်နယ် စာ/ယဉ် အတွင်း‌ရေးမှူး ‌စောဆန်းဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ အရင်က ကရင့်‌ရေးရာကိစ္စရပ်‌တွေ၊ အခမ်းအနား‌တွေလုပ်ဖို့ဆို ကိုယ်ပိုင်‌နေရာမရှိဘူး။ အဆင်‌ပြေတဲ့ ဘုန်းကြီး‌ကျောင်း၊ ဘုရား‌ကျောင်း‌တွေမှာ သွားလုပ်ရတယ်။ ဒီအခက်အခဲ‌တွေအဆင်‌ပြေဖို့ မွန်ကရင်‌ရေးရာ ဝန်ကြီးရဲ့ လမ်းညွှန်မှုနဲ့ ၁ဝ မြို့နယ် စာ/ယဉ်‌တွေ စု‌ပေါင်းထည့်ဝင်တဲ့‌ငွေနဲ့ ကိုယ်ပိုင်တိုက်ခန်းဝယ်ပြီး အခုလို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်လိုက်တာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ဇန်နဝါရီ ၃ ရက်‌နေ့တွင် ‌ပြောသည်။

ယခုလို ပြည်နယ်အဆင့် စာ/ယဉ် ရုံး ဖွင့်လှစ်လိုက်သည့်အတွက် ကရင့်‌ရေးရာ ကိစ္စရပ်များကို ပြည်နယ် အ စိုးရ တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနနှင့် ချိတ်ဆက်လုပ်ကိုင်ရာတွင်လည်း‌ကောင်း၊ မြို့နယ် စာ/ယဉ် တာဝန်ရှိ သူများအချင်းချင်း ချိတ်ဆက်‌တွေ့ဆုံရာတွင်လည်း‌ကောင်း အ‌ထောက်အကူပြုမည်ဖြစ်သလို မှတ်တမ်း ထိန်းသိမ်း ပြုစုခြင်းနှင့် အခြား‌သော စာ‌ပေ၊ ယဉ်‌ကျေးမှု ကိစ္စရပ်များကို စုစည်းလုပ်ကိုင်ရန် ပိုမိုလွယ်ကူ သွားမည်ဟု ‌စောဆန်းဝင်းက ဆက်‌ပြောသည်။

ပြည်နယ် စာ/ယဉ် ရုံးဖွင့်လှစ်နိုင်သည့်အတွက် ‌ကော်မတီ ‌ရှေ့လုပ်ငန်းစဉ်များအ‌ပေါ် အကျိုးသက်‌ရောက် မှုရှိကာ စာ‌ပေ၊ ယဉ်‌ကျေးမှုထက်‌ကျော်ပြီး ဖွံ့ဖြိုး‌ရေးလုပ်ငန်း၊ ပညာ‌ရေးကဏ္ဍနှင့် အခြားကိစ္စရပ်‌တွေပါ အ ‌ထောက်အကူပြုနိုင်ရန်လိုအပ်ပြီး အားလုံးစုစုစည်းစည်း ညီညွတ်ကြရန်နှင့် အမျိုးသား‌ရေးခံယူချက်ပိုပြီး အား‌ကောင်းလာရန် တိုက်တွန်းလိုသည်ဟု မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့် ခိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မော်လမြိုင်မြို့ အစိုးရ စက်မှုလက်မှုသိပ္ပံ‌ကျောင်း(GTI) ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဦး‌ဆောင်သူ ‌စော‌ငွေလင်းဦးက “ ကရင်စာယဉ်‌ကျောင်းသားအချင်းချင်း‌တွေ့ဆုံဖို့ အရင်က‌နေရာအတည်တကျမရှိ‌တော့ အခက်ခဲရှိတယ်။ စာ/ယဉ်ရုံးရှိလာပြီးဆို‌တော့ ကျ‌နော်တို့အဖွဲ့‌တွေ တကွဲတပြားမဖြစ်‌တော့ဘဲ စာ‌ပေ ယဉ်‌ကျေးမှုအပိုင်းမှာ အချင်းချင်းပိုပြီး ဖလှယ်လာနိုင်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ဖွင့်လှစ်လိုက်သည့် မွန်ပြည်နယ် စာ/ယဉ် ရုံး တိုက်ခန်းအတွက် စုစု‌ပေါင်းကုန်ကျစရိတ် ကျပ်သိန်း ၃၅ဝ ‌ကျော်ရှိကာ ပြည်နယ်အတွင်းရှိ ၁ဝ မြို့နယ် စာ/ယဉ်များက စု‌ပေါင်းထည့်ဝင်ခြင်းဖြစ်ပြီး မွန်ပြည်နယ် ‌ပေါင်နှင့် ကျိုက်မ‌ရော မြို့နယ်များတွင် မြို့နယ်အဆင့် စာယဉ် ကိုယ်ပိုင်ရုံးများ ဆက်ဖွင့်လှစ်မည်ဖြစ်သလို ကျန်မြို့နယ် များလည်း ကိုယ်ပိုင်ရုံးများ ဆက်ဖွင့်ရန် ပြင်ဆင်မှုများရှိ‌နေသည်ဟု မွန်ပြည်နယ် စာ/ယဉ် တာဝန်ရှိသူများ ထံမှ သိရသည်။

ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် မွန်ပြည်နယ်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် တနသင်္ာရီ တိုင်း‌ဒေသ ကြီးများတွင် ကရင့်‌ရေးရာဝန်ကြီးများ စတင်တာဝန်ယူခဲ့ပြီး‌နောက် တိုင်းနှင့် ပြည်နယ်အဆင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေး မှု‌ကော်မတီများ စတင်‌ပေါ်ထွက်လာခဲ့သလို လက်ရှိ အစိုးရလက်ထက် ပြည်နယ်နှင့် တိုင်းအဆင့် စာ/ယဉ် ‌ကော်မတီများ ပြင်ဆင်ဖြည့်စွက် ဖွဲ့စည်းမှုများရှိကာ ယင်းတို့ထဲတွင် မွန်ပြည်နယ် စာ/ယဉ် အ‌နေဖြင့် ကိုယ်ပိုင်ရုံး ပထမဦးဆုံး ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။