Home သတင်း ဒီမိုက‌ရေစီ ဖက်ဒရယ် အ‌ခြေခံမူများအ‌ပေါ် တင်ပြချက် စာအုပ် MIPS မိတ်ဆက်

ဒီမိုက‌ရေစီ ဖက်ဒရယ် အ‌ခြေခံမူများအ‌ပေါ် တင်ပြချက် စာအုပ် MIPS မိတ်ဆက်

2432

ဇန်နဝါရီ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်လင်း

ငြိမ်းချမ်း‌ရေးနှင့် လုံခြုံ‌ရေးဆိုင်ရာ မြန်မာအင်စတီကျူ (Myanmar Institute for Peace and Security-MIPS) က သု‌တေသနပြု ‌ရေးသားထားသည့် ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်စနစ်ကို အ‌ခြေခံ‌သော ပြည်‌ထောင်စု မြန်မာ နိုင်ငံ‌တော် တည်‌ဆောက်‌ရေး အတွက် အ‌ခြေခံမူများအ‌ပေါ် တင်ပြချက်များ စာအုပ်၊ မိတ်ဆက်ခြင်း အခမ်း အနားကို ရန်ကုန်မြို့ရှိ Orchid ဟိုတယ်၌ ဇန်နဝါရီ ၁၈ ရက်‌နေ့ ည‌နေပိုင်းတွင် ကျင်းပခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရတို့ ဒီမိုက‌ရေစီဖက်ဒရယ် အ‌ခြေခံမူများကို ညှိနှိုင်းမှုပြုလုပ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့အစည်းများ၏ ဖက်ဒရယ်မူများ ရှိသလို၊ တပ်မ‌တော်၊ အစိုးရ၊ နိုင်ငံ‌ရေး ပါတီများဘက်တွင်လည်း ဖက်ဒရယ်မူများရှိပြီး ဘက်မတူသည့် သူများညှိနှိုင်းရာတွင် အ‌ထောက်အကူပြု နိုင် ရန်ရည်ရွယ်ပြုစုခြင်းဖြစ်သည်ဟု စာတမ်း ပြုစုရာတွင် ပါဝင်သူ MIPS မှ ‌ဒေါက်တာမင်း‌ဇော်ဦးက ‌ပြောသည်။

၎င်းက “ ကျ‌နော်တို့ အခုညှိနှိုင်းမှု‌တွေမှာ နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်မှု‌တွေကို ‌ရှောင်လွှဲနိုင်‌အောင်၊ အထစ် အ‌ငေါ့ ‌တွေကို ‌ရှောင်လွှားနိုင်‌အောင် ဘယ်လိုမျိုး‌ရွေးချယ်စရာ‌တွေရှိလဲဆိုတာကို ကျ‌နော်တို့ ‌ပြောထားတယ်။ ဘာ‌ရွေး ချယ်ရ မယ်ဆိုတာမျိုး ကျ‌နော်တို့ အကြံပြုထားတာ မဟုတ်ပါဘူး။ အားလုံးစဉ်းစားနိုင်‌အောင် အဆိုပြု ချက်‌တွေ ထုတ် ‌ပေးပါတယ်။ ဒီအဆိုပြုချက်‌တွေက နှစ်ဖက်ထိပ်တိုက်ဖြစ်တာ‌တွေ ကို‌ကျော်လွှားနိုင်‌အောင်ဆိုပြီး‌တော့ ရည်ရွယ်ပါတယ်” ဟု ‌ပြောသည်။

စာအုပ် မိတ်ဆက်ပွဲတွင် စာအုပ်ဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်ပြုစုခဲ့သူ MIPS တာဝန်ရှိသူများက စာအုပ် ပြုစုရခြင်းနှင့် စာအုပ်တွင်ပါဝင်သည့် အ‌ကြောင်းအရာများကိုရှင်းလင်း‌ပြောကြားခဲ့သည်။ ထို့အပြင် အခမ်းအနား သို့ ယခင်အစိုးရ လက်ထက်တွင် ငြိမ်းချမ်း‌ရေးဖြစ်စဉ် ဦး‌ဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ပြည်‌ထောင်စုဝန်ကြီး ‌ဟောင်း ဦး‌အောင်မင်း၊ UPDJC အတွင်း‌ရေးမှူး ဖြစ်သူ ABSDS မှ ရဲ‌ဘော်မျိုးဝင်းတို့က အမှာစကား အသီးသီး ‌ပြောကြားခဲ့သည်။

ရဲ‌ဘော်မျိုးဝင်းက“ ဒီစာအုပ်ကို ပထမဦးဆုံး ‌လေ့လာခွင့်ရတာက‌တော့ ဒုတိယအကြိမ် ပင်လုံကျင်းပ‌နေစဉ် အတွင်းမှာ၊ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးဆိုင်ရာ အ‌ခြေခံမှုများနဲ့ ပတ်သက်ပြီး‌တော့ ကျ‌နော်‌ဆွေး ‌နွေးတဲ့အခါ ‌တော်‌တော်‌လေးကို မ‌ပြေမလည်ဖြစ်‌နေတဲ့ အချိန်‌လေးမှာ ဒီစာအုပ်မူကြမ်းကို ရပါတယ်။ တကယ်ဆို ဒီထက်‌စောပြီး ရမယ်ဆို ‌တော်‌တော်‌လေးကို ‌ဆွေး‌နွေးမှုအတွက် အ‌ထောက်အကူ ပြုမယ့် စာအုပ်ဖြစ်ပါတယ်။ ဒါ‌ပေမဲ့လည်းပဲ အချိန်မ‌နှောင်း‌သေးပါဘူး၊ ‌ရှေ့ဆက်သွားရမဲ့ ခရီးကအများကြီး လိုပါ‌သေးတယ်” ဟု ‌ပြော သည်။

အဆိုပါ စာအုပ်တွင် ဖက်ဒရယ်စနစ်တွင် အ‌ခြေခံရမည့် မူများနှင့် ပတ်သက်သည့် အ‌ကြောင်းအရာများကို အခန်း ၁၈ ခန်းဖြင့် ‌ဖော်ပြထားပြီး ငြိမ်းချမ်း‌ရေး ညီလာခံ သ‌ဘောတူညီချက်များကို ၂၀၀၈ ဖွဲ့စည်းပုံနှင့် နှိုင်းယှဉ်‌ဖော်ပြထားချက်များ ပါဝင်သည်။

ဦး‌ဆောင် သု‌တေသနပြုခဲ့သူ ‌ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က“ ဒီစာတမ်း ပြုစုတဲ့ အခါမှာ အံ့ဩစရာအချက် ‌တွေ ‌တွေ့ရ တယ်။ ဖက်ဒရယ်အ‌ခြေခံမူ ၄၅ ချက်ထွက်လာတယ်။ ‌ဆွေး‌နွေးတယ်၊ ၃၇ ချက်ထွက်လာတယ်။ ၉ ချက် ကျန်တယ်။ အဲ့‌တော့ သ‌ဘောတူ ထားတဲ့ ၃၇ ချက်ကို ၂၀၀၈ အ‌ခြေခံဥပ‌ဒေထဲမှာ သွားထည့် ကြည့်မယ်။ တူတဲ့ဟာရှိတယ်။ ၂၁ ချက်က မူအား ဖြင့်တူတယ်။ အနှစ်သာရအားဖြင့် တူတယ်။ ဒါ‌ပေမဲ့ စကားလုံးမတူဘူး။ သ‌ဘောမတူထားတဲ့ ၉ ချက်ထဲမှာ ၄ ချက်က မူအားဖြင့်တူတယ် ၂၀၀၈ နဲ့၊ အဲ့ဒီ‌တော့ ဒီ‌ဆွေး‌နွေး‌နေတဲ့ သူ‌တွေ ၂၀၀၈ အ‌ခြေ ခံဥပ‌ဒေကို ‌သေချာ‌ရော ဖတ်ရဲ့လား ဆိုတဲ့ ‌မေးခွန်း‌တွေဖြစ်လာတယ်” ဟု ‌ပြောသည်။

အဆိုပါ စာအုပ်ကို ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံတွင် အဖွဲ့စုံ‌ဆွေး‌နွေးခဲ့မှုများ၊ ၁၉၄၇ အ‌ခြေခံဥပ‌ဒေ၊ ၁၉၆၂ နှင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေများကို ‌လေ့လာခဲ့သလို နိုင်ငံတကာ အ‌ခြေခံဥပ‌ဒေများကို ‌လေ့လာပြီး ဒီမိုက‌ရေ စီ ဖက်ဒရယ် ပြည်‌ထောင်စုအတွက် အ‌ခြေခံမူများကို တင်ပြထားခြင်းဖြစ်သည်ဟု MIPS က ဆိုသည်။