Home သတင်း ပြည်နယ်အရပ်ဖက်လူ့အဖွဲ့အစည်းများဖိုရမ်မှ အ‌ခြေခံမှု(၈၅)ချက်ပါ စာတမ်းနှစ်‌စောင်ထွက်‌ပေါ်

ပြည်နယ်အရပ်ဖက်လူ့အဖွဲ့အစည်းများဖိုရမ်မှ အ‌ခြေခံမှု(၈၅)ချက်ပါ စာတမ်းနှစ်‌စောင်ထွက်‌ပေါ်

2080

ဒီဇင်ဘာ ၇ ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ် မြဝတီမြို့တွင် ဒီဇင်ဘာလ ၄ ရက်မှ ၆ရက်‌နေ့အထိကျင်းပခဲ့သည့် အ‌ကြောင်းအရာအလိုက် ပြည်‌ထောင်စုအမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် ကြိုတင်ပြင်ဆင်သည့် ကရင်ပြည်နယ် အရပ်ဖက် လူ့အဖွဲ့အစည်းများဖိုရမ်မှ အ‌ခြေခံမူ(၈၅)ချက်ပါ စာတမ်းနှစ်‌စောင်ထွက်‌ပေါ်လာခဲ့သည်ဟု သိရသည်။

အ‌ကြောင်းအရာလိုက် ပြည်‌ထောင်စုအမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် တင်သွင်းနိုင်ရန်အတွက် ကရင်ပြည်နယ် အတွင်း ပြန်လည်‌နေရာချထား‌ရေး၊ ပြန်လည်ထူ‌ထောင်‌ရေးနှင့် လူမှုဖွံ့ဖြိုး‌ရေးဆိုင်ရာကဏ္ဍသုံးခုမှ အ‌ခြေခံမူ (၇၃)ချက်နှင့် ဖက်ဒရယ်စ နစ်ဆိုင်ရာ စီးပွား‌ရေးနှင့် ဘဏ္ဍာ‌ရေးဆိုင်ရာအ‌ခြေခံမူ (၁၂)ချက်ပါ စာတမ်းနှစ်‌စောင်ကို ‌ဆွေး‌နွေးအ တည်ပြုနိုင်ခဲ့သည်ဟု ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်မှ ဦး‌ဆောင်‌ကော်မတီဝင် ‌စော‌ကျော်စွာက ‌ပြောသည်။

၎င်းက “ကိုယ်စားလှယ်‌တွေက ဒုက္ခသည်‌တွေပြန်လာရင် ဘယ်လိုပုံစံနဲ့ပြန်လာနိုင်ရမလဲ၊ သူတို့အတွက် ‌နေထိုင် စား‌သောက်ဖို့ ဘာ‌တွေလုပ်‌ပေးရမလဲဆိုတာနဲ့ လူမှုဖွံ့ဖြိုး‌ရေးအတွက် ဘယ်လိုပုံစံပူး‌ပေါင်းလုပ်‌ဆောင်ရ မလဲဆိုတာကို ပထမ ရက်မှာ‌ဆွေး‌နွေးပြီး ‌နောက်‌နေ့မှာ ဖက်ဒရယ်ဆိုင်ရာစီးပွား‌ရေးနဲ့ ဘဏ္ဍာ‌ရေး အ‌ခြေခံမူ ‌တွေကို‌ဆွေး‌နွေးပြီး‌တော့ တတိယ‌နေ့မှာပဲ ‌ဆွေး‌နွေးထားချက်‌တွေကိုပြန်စု‌ပေါင်းလိုက်တဲ့အခါ ကရင်ပြည်နယ် အတွက် စာတမ်းနှစ်‌စောင်ကို အတည်ပြုလိုက်နိုင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ပြည်နယ်ဖိုရမ်မှထွက်‌ပေါ်လာသည့် စာတမ်းနှစ်‌စောင်ကို ပြည်‌ထောင်စု အရပ်ဖက်လူ့အဖွဲ့အစည်းများ ဖိုရမ်သို့ တင်ပြပြီး ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအသီးသီးများမှစာတမ်းများကို ပြန်လည်‌ဆွေး‌နွေးကြမည်ဖြစ်ကာ ပြည်‌ထောင်စုတစ်ခုလုံး၏ စာတမ်းနှစ်‌စောင်အဖြစ်ပြန်လည်သတ်မှတ်သွားပြီး‌နောက် ပြည်‌ထောင်စုအဆင့် အရပ်ဖက် အဖွဲ့ အစည်းများ၏ စာတမ်းအ‌နေဖြင့် ‌နေပြည်‌တော်၌ အတည်ပြုသွားရမည်ဟု ‌စော‌ကျော်စွာက ဆက်‌ပြောသည်။

ဒီဇင်ဘာလ ၆ရက်‌နေ့အထိ သုံးရက်တာပြုလုပ်ခဲ့သည့် အဆိုပါ အရပ်ဘက်အဖွဲ့ဖိုရမ်သို့ ကရင်ပြည်နယ်ရှိ ဖားအံ၊ မြဝတီ၊ ‌ကော့ကရိတ်၊ ဖာပွန် ခရိုင်‌လေးခု၊ မြို့နယ် ၇ ခုမှ အရပ်ဖက်ကိုယ်စားလှယ်‌ပေါင်း ၂၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြပြီး ၃ရက်တာ‌ဆွေး‌နွေးချက်များအရ ပထမ စာတမ်းဖြစ်သည့် ပြန်လည်‌နေရာချထား‌ရေး၊ ပြန်လည်ထူ‌ထောင်‌ရေးနှင့် လူမှုဖွံ့ဖြိုး‌ရေးဆိုင်ရာ အ‌ခြေခံမူတွင် ပြန်လည်‌နေရာချထား‌ရေးအတွက် အ‌ခြေခံမူ ၂၈ ချက်၊ ပြန်လည်ထူ‌ထောင်‌ရေးအတွက် ၃၃ချက်နှင့် လူမှုဖွံ့ဖြိုး‌ရေးအ‌ခြေခံမူ ၁၂ ချက်ကို ကနဦးအတည်ပြုချက်ရယူခဲ့သည်။

၎င်းအပြင် ဒုတိယ စာတမ်းဖြစ်သည့် ဖက်ဒရယ်စနစ်ဆိုင်ရာ စီးပွား‌ရေးနှင့် ဘဏ္ဍာ‌ရေးဆိုင်ရာအ‌ခြေခံမူများ၌ အားလုံးလွှမ်းခြုံ‌သော စီးပွား‌ရေးဆိုင်ရာ၊ ပြည်‌ထောင်စုနှင့်ပြည်နယ်အစိုးရများအကြား စီးပွား‌ရေးကဏ္ဍဆက်ဆံ‌ရေးဆိုင်ရာ၊ လူမှုစီးပွားဖွံ့ဖြိုးမှု၊ ကုန်ထုတ်လုပ်‌ရေး၊ ကုန်သွယ်‌ရေးနှင့်ဝန်‌ဆောင်မှုကဏ္ဍများ၊ သဘာဝသယံဇာတများနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ၊ ပြည်‌ထောင်စုအဖွဲ့ဝင် ပြည်နယ်အစိုးရများ၏ အခန်းကဏ္ဍဆိုင်ရာ၊ ပုဂ္ဂလိက ကဏ္ဍဆိုင်ရာ၊ လူသားအရင်းအမြစ်နှင့် လူသားအရင်းအနှီးများဖွံ့ဖြိုးတိုးတက်‌ရေး၊ ပြည်သူလူထုအခန်းကဏ္ဍဆိုင်ရာ၊ ပြည်သူများပါဝင် ဆုံးဖြတ်ခွင့်၊ ပြည်သူ့အကျိုးစီးပွားကာကွယ်‌စောင့်‌ရှောက်မှု၊ ပွင့်လင်းမြင်သာမှု၊ ‌ချေး‌ငွေးနှင့် အခြားအကူအညီ ‌ထောက်ပံ့မှုဆိုင်ရာအ‌ခြေခံမူ (၁၂)ခုမှ အချက်‌ပေါင်း ၁၄ဝ ချက်ကို ‌ဆွေး‌နွေးအတည်ပြုချက်ရယူခဲ့ကြသည်။

‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်လာသည့် သံ‌တောင်ကြီး ကိုယ်စားလှယ် ‌နော်သိဂင်္ ီထွန်းက “ဒီလို‌တွေ့ဆုံ‌ဆွေး‌နွေးမှုက အ‌ရေး ကြီးတယ်။ ကျမတို့ ဘယ်လိုလုပ်‌ဆောင်ပြီး ဘယ်လိုပုံစံကူညီရမလဲဆိုတာကို ဒီသုံးရက်တာ‌ဆွေး‌နွေးချက်‌တွေအရ ‌ကျေနပ်အားရတယ်။ ဒီ‌ဆွေး‌နွေးမှုက‌နေထွက်‌ပေါ်လာတဲ့ရလဒ်‌တွေအ‌ပေါ် အနာဂတ်မှာ ဒါကို အစဉ်တစိုက်ဆက်လုပ်နိုင်မှ ကျမတို့ရဲ့ ရည်မှန်းချက်ကို‌ရောက်နိုင်မယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်ပြီးစီးသည့် ပြည်နယ်အရပ်ဖက်လူ့အဖွဲ့အစည်းဖိုရမ်၏ ‌နောက်ဆုံးရက်တွင် ‌ဆွေး‌နွေးချက်များကို ပြန်လည်စုစည်းအတည်ပြုပြီး‌နောက် ပြည်‌ထောင်စုတွင် ပြုလုပ်မည့် အ‌ကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲသို့ ကရင်ပြည်နယ်မှ မြို့နယ် (၇)မြို့နယ်၏ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် (၅) ဦးဖြင့် ကိုယ်စား လှယ်‌ပေါင်း ၃၅ ဦးကို‌စေလွှတ်ရန် ‌ရွေးချယ်အတည်ပြုခဲ့သည်။