Home သတင်း အ‌ရှေ့‌လေပြင်းတိုက်ခတ်မှု‌ကြောင့် ‌ကော့ကရိတ်မြို့နယ်ရှိ ‌ကျေးရွာအချို့နှစ်ရှည်သီးပင်များပြိုလှဲ

အ‌ရှေ့‌လေပြင်းတိုက်ခတ်မှု‌ကြောင့် ‌ကော့ကရိတ်မြို့နယ်ရှိ ‌ကျေးရွာအချို့နှစ်ရှည်သီးပင်များပြိုလှဲ

2056

ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်‌တောင်ပိုင်းရှိ ‌ကျေးရွာအချို့တွင် ယခုလဒီဇင်ဘာ ၁၉ရက်မှစပြီး ‌ဆောင်းတွင်း အ‌ရှေ့‌လေ ပြင်းတိုက်ခတ်မှု‌ကြောင့် နှစ်ရှည်ခံ သီးပင် ပြိုလှဲပျက်စီးမှုများဖြစ်‌ပေါ်ခဲ့‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

အဆိုပါ ‌လေပြင်းတိုက်ခိုက်မှု‌ကြောင့် ‌ကော့ကရိတ်‌တောင်ပိုင်းရှိ ဖားကျ၊ သမိန်ဒွတ်၊ ဝင်းကစသည့်‌ကျေးရွာများရှိ ဒူးရင်းပင်၊ မီးကွတ်ပင်၊ ကွမ်းသီးပင်များ ပြိုလှဲမှုများဖြစ်‌ပေါ်ခဲ့သလို ‌လေပြင်း‌ကြောင့် အိမ်‌ခေါင်မိုး တစ်ချို့ပျက်စီးမှုများရှိသည်အထိ ဖြစ်‌ပေါ်ခဲ့‌ကြောင်း သမိန်ဒွတ်‌ကျေးရွာရပ်မိရပ်ဖတစ်ဦးဖြစ်သူ မန်းမြင့်‌အောင်က ‌ပြော သည်။

၎င်းက“‌လေတိုက်တာ မိုးတွင်းထက်ကြမ်းတယ် ။ ကွမ်းသီးပင်က ပြိုလှဲတာအများဆုံး ၊ တစ်ချို့သီးပင်‌တွေဆိုရင် အမြစ် က‌နေထွက်ပြီးလှဲတယ်။ အချို့က အကိုင်းအခက်‌တွေလှဲတယ် ။ ‌လေဆက်တိုက်ဘဲ တိုက်ခတ်တာ နှစ်ရက်နဲ့နှစ်ညရှိပြီ။ ဒီလို‌လေတိုက်တာ မကြုံဖူးဘူး။ အခြားရွာ‌တွေက ဘယ်‌လောက်ထိခိုက်လဲမသိဘူး။ ကျ‌နော်တို့ရွာမှာက အပင်‌တွေ ‌တော်‌တော်ပြိုလှဲတယ်။ က‌လေး‌တွေ‌တောင် အပင်‌အောက်‌တောင် ‌ပေးမသွားရဲဘူး” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ‌လေပြင်း‌ကြောင့် ဖြစ်‌ပေါ်သည့် ပျက်စီးဆုံးရှုံးမှု အ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိ‌သေး သည့်အပြင် စနစ်တကျ စာရင်း‌ကောက်ယူမှုများမရှိသည့်အတွက် ပျက်စီးမှုပမာဏကို အတိအကျ ‌ပြောဆိုရန် ခက်ခဲ ‌ကြောင်းလည်း အဆိုပါ‌ဒေသခံများက ‌ပြောဆိုသည်။
‌ဆောင်းရာသီကာလ မြန်မာနိုင်ငံ‌တောင်ပိုင်း‌ဒေသများတွင် တိုက်ခတ်‌လေ့ရှိ‌သော ‌လေများကို အ‌ရှေ့‌လေပြင်းများဟု‌ခေါ်ပြီး အဆိုပါ ‌လေများသည်

တရုတ်ပြည်မကြီးမအစပြုပြီး ‌တောင်တရုတ်ပင်လယ်၊ ထိုင်းပင်လယ်‌ကွေ့၊ မြန်မာနိုင်ငံ‌တောင်ပိုင်း၊ ဘဂင်္လားပင်လယ်‌အော်၊ အိန္ဒိယ နိုင်ငံ‌တော်‌တောင်ပိုင်း အပြင် အာ‌ရေဗျပင်လယ်အထိ ‌ရောက်ရှိ‌အောင် တိုက်ခတ်တတ် သည်ဟု ဒီဇင်ဘာ ၁၉ ရက်‌နေ့က မိုး‌လေဝသပညာရှင် ‌ဒေါက်တာထွန်းလွင်ကိုယ်ပိုင် လူမှုကွန်ယက်စာမျက်နှာတွင် ‌ပြောထားသည်။

‌ဆောင်း‌လေပြင်းများ တိုက်ခတ်ခံရသည့် အဆိုပါ‌ဒေသတွင် နှစ်ရှည်ခံသီးပင်များကို မှီခိုအားထားရသည့် ‌ဒေသဖြစ်ပြီး ယခုနှစ်တွင် ပထမဦး ဆုံးအကြိမ် ‌ဆောင်းတွင်း‌လေတိုက်ခတ်မှုအပြင်းဆုံးခံရခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။