Home သတင်း KNLA တပ်မဟာ(၄)မှူးတာဝန်မှ အနားယူ၊ ယာယီ တပ်မဟာမှူး ခန့်အပ်

KNLA တပ်မဟာ(၄)မှူးတာဝန်မှ အနားယူ၊ ယာယီ တပ်မဟာမှူး ခန့်အပ်

2829
တပ်မဟာမှူး‌ဟောင်း ဗိုလ်မှူးချုပ်‌စောဒါး‌ကျော်လု ( Photo_KIC)

နိုဝင်ဘာ ၁၇ ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်အယ်လ်‌အေ-ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်၏ တပ်မဟာ(၄) တပ်မဟာမှူးမှာ တာဝန်မှ အနားယူလိုက် သည့်အတွက် ၎င်း‌နေရာတွင် ယာယီ တပ်မဟာမှူးအဖြစ် တပ်မဟာ၏ BM ဒုဗိုလ်မှူးကြီး‌စောတာမူလားကို နိုဝင်ဘာလ (၁၀)ရက် ‌နေ့တွင် လွှဲ‌ပြောင်းတာဝန်‌ပေးအပ်လိုက်‌ကြောင်း ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၏ ‌ပြောဆိုချက်များအရ သိရသည်။

‌ကေအဲန်အယ်လ်‌အေ ၏ တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထုု‌ဝေါ် “ဒုဗိုလ်မှူးကြီး ‌စောတာမူလားကို တပ်မဟာ ၄ရဲ့ ယာယီတပ်မဟာမှူးအဖြစ် တာဝန်‌ပေးဖို့ တရားဝင် စာထုတ်ပြန်ထားပြီးပါပြီ။ ကျန်တဲ့ အပိုင်းကို‌တော့ သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို ကြည့်ပြီး‌တော့ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

အဆိုပါ တပ်မဟာ(၄)မှာ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၏ လက်‌အောက်ခံဖြစ်ပြီး တပ်မဟာမှူး အသစ် ဆက်လက် တာဝန်‌ပေးသွားမည့် အစည်းအ‌ဝေးကို ၎င်းခရိုင်ဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။

ထိုအစည်းအ‌ဝေးတွင် ‌ကေအဲန်အယ်လ်‌အေ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ ဒုတိယ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲ၊ ကာကွယ်‌ရေးဌာနတာဝန်ခံ ပဒို‌စော‌ရောဂျာခင်၊ ‌ကေအဲန်ယူ ဗဟိုမှ တွဲဖက် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းနှင့် ထိပ်ပိုင်း‌ခေါင်း‌ဆောင်အချို့လည်း ပါဝင်တက်‌ရောက်ခဲ့ကြသည်။

‌ကေအဲန်အယ်‌အေ၏ ယခင် တပ်မဟာ(၄) တပ်မဟာမှူးမှာ ဗိုလ်မှူးချုပ်‌စောဒါး‌ကျော်လုဖြစ်ပြီး ၎င်း၏ ကျန်းမာ‌ရေးအ‌ခြေအ‌နေ ‌ကြောင့် တာဝန်မှ အနားယူလိုက်ခြင်းဖြစ်သည်။ လက်ရှိ တပ်မဟာ(၄)၏ ဗျူဟာမှူးမှာ ဗိုလ်မှူးကြီး‌စောမူကယ် ဖြစ်သည်။