Home သတင်း ထိုင်း-မြန်မာ နယ်စပ်တွင် ယာဉ်မ‌တော်တဆမှု‌ကြောင့် မြန်မာတပ်မ‌တော်အရာရှိတစ်ဦး အပါအဝင် ၄ ဦး‌သေဆုံး

ထိုင်း-မြန်မာ နယ်စပ်တွင် ယာဉ်မ‌တော်တဆမှု‌ကြောင့် မြန်မာတပ်မ‌တော်အရာရှိတစ်ဦး အပါအဝင် ၄ ဦး‌သေဆုံး

2292
Photo_AEC News

နိုဝင်ဘာ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ် ထာ့‌ဆောင်ယန်း-မဲ့စရင်းယန်းလမ်းမကြီး၏ ကီလိုမီတာ မိုင်တိုင်အမှတ် ၁၁၂ (ခလယ့်ဒူးကူး‌ကျေးရွာအနီး)၌ နိုဝင်ဘာ ၂၁ ရက်၊ ည ၁ဝ နာရီအချိန်တွင် ကားတစ်စီးမ‌တော်တဆ ဖြစ်ပွားမှု‌ကြောင့် ကား‌ပေါ်ပါလာသူ မြန်မာတပ်မ‌တော်မှ ယာယီ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၄ ဦး‌သေဆုံးခဲ့သည်ဟု နယ်‌မြေခံ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် ပြုလုပ်သည့် နယ်စပ်လုံခြုံ‌ရေးဆိုင်ရာ အစည်းအ‌ဝေးကို တက်‌ရောက်အပြီး ပြန်လာ သည့်ကား‌ပေါ်တွင် လိုက်ပါလာ‌သော ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ခလယ့်‌ဒေးစခန်းအ‌ခြေစိုက် ‌ခြေလျင်တပ်ရင်း (ခလ ရ -၂၈) ယာယီ တပ်ရင်းမှူး ဗိုလ်မှူးနိုင်လင်းစိုးအပါအဝင် ထိုင်းစစ်သားတစ်ဦး၊ ထာ့‌ဆောင်ယန်းမြို့နယ်၊ မဲ့တရိရွာမှ တာဝန်ရှိ သူတစ်ဦးနှင့် ကား‌မောင်းသူတစ်ဦးတို့ ‌သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်း ‌ကေအဲန်ယူတာဝန်ရှိသူက ‌ပြောသည်။

၎င်းက “ကား‌ပေါ်မှာ အားလုံး ၇ ‌ယောက်ပါတယ်။ ‌လေး‌ယောက် ဆုံးတယ်။ သုံး‌ယောက်ဒဏ်ရာရတယ်။ ဆုံးတဲ့‌လေး ‌ယောက်ထဲမှာ တစ်‌ယောက်က အဲ့‌နေရာမှာပဲ ပွဲချင်းပြီး၊ ကျန်သုံး‌ယောက်က ‌ဆေးရုံ‌ရောက်မှ ဆုံးတယ်။ ‌သေတဲ့အထဲမှာ ဗမာစစ်ဗိုလ်တစ်‌ယောက်ပါတယ်။ ဒဏ်ရာရတဲ့ ၃‌ယောက်အထဲမှာ‌တော့ KNLA တပ်ရင်း (၂၁) က တစ်‌ယောက်ပါတယ်။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ယာဉ်မ‌တော်တဆဖြစ်မှုမှာ ယာဉ်‌မောင်းသူက အိပ်ငိုက်မိသဖြင့် လမ်း‌ဘေးရှိ သစ်ပင်တစ်ပင်ကို ဝင်တိုက်မိခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ထာ့‌ဆောင်ယန်း‌ဆေးရုံတွင် ‌ဆေးကုသမှုခံယူ‌နေရသည်ဟု မဲ‌ဆောက်မြို့ ရဲစခန်း တာဝန်ရှိသူတစ်ဦး၏ ‌ပြောဆိုချက်ကို ကိုးကား၍ ထိုင်းနိုင်ငံထုတ် ဘန်‌ကောက်ပို့စ်သတင်းစာ၏ သတင်းဝက်ဆိုက် စာမျက်နှာတွင် ‌ဖော်ပြထားသည်။