Home သတင်း မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် လူဦး‌ရေ ၅ဝဝခန့် ထပ်တိုးလာ

မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် လူဦး‌ရေ ၅ဝဝခန့် ထပ်တိုးလာ

2183

ဩဂုတ် ၂၅ရက်၊ ၂၀၁၇ခုနှစ်။ စဖန်း‌ရှောင်း

စားနပ်ရိက္ခာ အခက်အခဲ ဖြစ်‌ပေါ်‌နေဆဲဖြစ်သည့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် ခိုလှုံ‌နေ ရ‌သော စစ်‌ဘေး‌ရှောင်ဦး‌ရေမှာ ယခင် ‌ကောက်ယူထားသည့် ဦး‌ရေထက် လူဦး‌ရေ ၅ဝဝခန့် တိုးလာ‌ကြောင်း စခန်းတာဝန်ရှိသူ များ၏ ‌ပြောပြချက်အရ သိရသည်။

မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်း ၂ခုဖြစ်သည့် ‌အေးလင်းမြတ်ရှင်နှင့် မြတ်ပန်းဝတ်မှုံ‌နေရာတို့တွင် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်‌နေ့အထိ ‌နောက်ဆုံး ‌ကောက်ယူထားသည့်စာရင်းများအရ အိမ်‌ခြေ‌ပေါင်း ၁၀၀၇လုံး၊ စုစု‌ပေါင်း ကျား/မ ဦး‌ရေ ၅၅၂၆ဦး ရှိခဲ့ရာက ‌နောက်ထပ် အိမ်‌ခြေ‌ပေါင်း ၁၀၀‌ကျော်နှင့် လူဦး‌ရေ ၅၀ဝခန့် ထပ်တိုးလာခြင်းဖြစ်သည်ဟု ‌အေးလင်းမြတ်ရှင် စစ်‌ဘေး‌ရှောင်စခန်း အတွင်း‌ရေးမှူး ‌စော‌အောင်ဝင်းထွန်းက ယခုလို ‌ပြောသည်။

၎င်းက “လူဦး‌ရေ‌ရော အိမ်‌ခြေ‌ရော တိုးလာတယ်။ ပြန်‌ကောက်မယ်ဆိုရင် အိမ်‌ထောင်စု တစ်ရာ‌ကျော်မယ်။ လူဦး‌ရေက အငယ်ခံ ၅၀၀‌လောက်ရှိမယ်။ ရင်းပိုင်း၊ ‌ချောင်းဝတို့ ဟိုးဘက်က ကျုံ‌ထော်တို့ မဲ့သ‌ဝေါအထိ ယခုအချိန်ထိ ‌ပြောက်ကျားတိုက်ပွဲဖြစ်‌နေ ‌တော့ မ‌နေရဲ‌တော့လို့။ ဒီကြားထဲ ‌မွေးဖွားနှုန်းရယ်၊ တချို့လည်း အရင်က ‌ဆွေမျိုး‌တွေဆီမှာ‌နေရတာ အဆင်မ‌ပြေ‌တော့လို့ ဒီကို ‌ပြောင်းလာကြတာ‌ကြောင့်လည်း ဖြစ်တယ်”ဟု ဆိုသည်။

ယင်းသို့ ‌ကောက်ခံရရှိသည့် လူဦး‌ရေ ၅၅၂၆ဦးမှာ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်‌နေ့အထိရှိသည့် လူဦး‌ရေစာရင်းကိုသာ အတည်ပြုထားခြင်းဖြစ်ပြီး ထပ်မံ ‌ရောက်ရှိလာသည့် အိမ်‌ထောင်စုများ၊ လူဦး‌ရေများကို စာရင်းသွင်းခွင့် မပြု‌တော့‌ကြောင်း အဆိုပါစစ်‌ဘေး‌ရှောင်စခန်း တာဝန်ရှိသူများက ‌ပြောသည်။

‌စော‌အောင်ဝင်းထွန်းက “အထက်က‌နေပြီး‌တော့ ထပ်တင်လို့မကြိုက်‌တော့ဘူး။ သူတို့‌ပြောတာက‌တော့ လူလာရင်လာပါ‌စေ။ စာရင်း‌တော့ လက်မခံ‌တော့ဘူးလို့ ‌ပြောတယ်။ ‌သေချာပြန်‌ကောက်မယ်ဆို အခုအိမ်‌ခြေ ၁၁၀၀‌ကျော်‌လောက် ရှိသွားမယ်။ ဒါ‌ပေ မယ့် လာတဲ့သူ‌တွေကို ကဲ ငါတို့‌နေသလို‌နေ ငါတို့စားသလိုမျိုးပဲ စားရမယ်။ စာရင်းမရှိလည်း မလိုဘူးဆိုပြီး လာ‌နေကြတာပဲ”ဟု ‌ပြောသည်။

ထိုစခန်း‌နေရာများတွင် ‌မြေမြှုပ်မိုင်းအန္တရာယ်အပြင် ‌ပြောက်ကျားတိုက်ပွဲများမှာလည်း ယ‌နေ့အထိ ဆက်လက်ဖြစ်ပွား‌နေမှု ‌ကြောင့် ၆၀၀၀‌ကျော် တိုးလာသည့် စစ်‌ဘေး‌ရှောင်ဦး‌ရေ၏ စား‌သောက်‌ရေး အခက်အခဲများနှင့် အခြားလိုအပ်ချက်များမှာ စခန်းတွင် ခိုလှုံ‌နေရသူများအဖို့ ‌နေ့စဉ် စိုးရိမ်‌နေရသည့် အ‌ခြေအ‌နေဖြစ်‌နေသည်။

‌အေးလင်းမြတ်ရှင်စခန်း ဂို‌ဒေါင်မှူး နန်းတင်လှက “ဆန်က‌တော့ အလျင်မီရုံ‌လေး‌တော့ ရှိတာ‌ပေါ့။ ဆန်ကုန်ခါနီး အလှူရှင်မရှိ ‌တော့ဘူးဆိုရင် မြိုင်ကြီးငူဆရာ‌တော်ဆီ သွား‌လျှောက်ရတာ‌ပေါ့။ အခု ကျမတို့ ‌အေးလင်းမြတ်ရှင်မှာ တစ်‌နေ့ကို ဆန် ၂၂တင်း၊ မြတ်ပန်းဝတ်မှုံမှာ ၁၂တင်း ‌နေ့တိုင်း ချက်ပြုတ်‌နေရတယ်။ ‌နောက်တစ်ခုက အခု မိုးတွင်းဆို‌တော့ ချက်ပြုတ်ဖို့ ထင်းအခက်အခဲ ဖြစ်‌နေတယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ခုနှစ် စက်တင်ဘာလအတွင်းက အစိုးရတပ်မ‌တော်၊ နယ်ခြား‌စောင့်တပ်နှင့် ခွဲထွက် ဒီ‌ကေဘီ‌အေတို့ ဖြစ်ပွားခဲ့ သည့် တိုက်ပွဲများ‌ကြောင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၃ဝမှ စစ်‌ဘေး‌ရှောင်ပြည်သူများမှာ ယ‌နေ့အထိ ‌နေရပ်မပြန် နိုင်‌သေးဘဲ မြိုင်ကြီးငူရှိ စစ်‌ဘေး‌ရှောင်စခန်း ၂ခုတွင် ခိုလှုံ‌နေရဆဲဖြစ်သည်။