Home သတင်း ‌နေအိမ်တွင် မိသားစုအလိုက် ဝါ‌ခေါင်လ လက်ချည်ပွဲ ကျင်းပခြင်းနည်းလာဟု ပြည်နယ်စာ/ယဉ် ဥက္ကဌ‌ပြော

‌နေအိမ်တွင် မိသားစုအလိုက် ဝါ‌ခေါင်လ လက်ချည်ပွဲ ကျင်းပခြင်းနည်းလာဟု ပြည်နယ်စာ/ယဉ် ဥက္ကဌ‌ပြော

3383

ဩဂုတ် ၇ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင့်ရိုးရာ ယဉ်‌ကျေးမှုအ‌မွေအနှစ်တစ်ခုဖြစ်သည့် လိပ်ပြာ‌ခေါ်ချည်ဖြူဖွဲ့ခြင်းကို မိမိ‌နေအိမ်အတွင်း မိသားစုအလိုက် ကျင်းပမှု တဖြည်းဖြည်းနည်းပါးလာ‌ကြောင်း ကရင်ပြည်နယ် စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌စော‌အေးမြက ‌ပြောဆိုလိုက်သည်။

ပြည်နယ်အစိုးရ တာဝန်ရှိသူများ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်ပြီး ဩဂုတ်လ ၆ ရက်‌နေ့က ဖားအံမြို့၊ ဇွဲကပင်ခန်းမတွင် ပြည် နယ်အတိုင်းအတာအ‌နေဖြင့် ကျင်းပသည့် ၄ဝကြိမ်‌မြောက် ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနား၌ ‌စော‌အေးမြက ယခုလို အသိ‌ပေး ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “ဝါ‌ခေါင်လ လက်ချည်ပွဲမှာ ‌နေရာ‌ဒေသအသီးသီးမှာပြုလုပ်တယ်။ ပြီး‌တော့ ‌တောရွာမှာဆိုရင် အိမ်တိုင်း အိမ်တိုင်းနီးပါး ပြုလုပ်တာ ‌တွေ့ရတယ်။ သို့‌သော် ယ‌နေ့ကာလမှာ‌တော့ ‌တော‌နေလူတန်းစား‌တွေရဲ့ ‌တွေး‌ခေါ်မှုပဲ ‌ပြောရမလား။ ဒါမှမဟုတ် မိမိ တို့ရဲ့ အ‌ထွေ‌ထွေ အခက်အခဲ‌ကြောင့်ပဲလား မ‌ပြောတတ်ဘူး။ အိမ်တိုင်း၊ အိမ်တိုင်း ဝါ‌ခေါင် လက်ချည်ပွဲကို လုပ်နိုင်တဲ့အ‌ခြေအ ‌နေ နည်းပါးလာတာကို ‌တွေ့ရပါတယ်”ဟု ‌ပြောသည်။

ယခု‌ခေတ်ကာလတွင် ဝါ‌ခေါင်လက်ချည်ပွဲကို ဘာသာ‌ရေးအ‌ဆောက်အဦးများနှင့် အခြား ခန်းမအ‌ဆောက်အဦးများ စသည့် သင့်‌တော်ရာ‌နေရာများတွင် ကျင်းပလာသည်ကို ‌တွေ့ရှိလာရပြီး အချို့လူငယ်များအ‌နေဖြင့် လက်ချည်ပွဲကို အကြမ်းအားဖြင့် ‌ပျော်ပွဲရွှင်ပွဲ‌လောက်သာ သိရှိလာသည်ကို ‌တွေ့ရှိရ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ချည်ဖြူဖွဲ့ရာတွင် စ‌ကော၊ ‌ယောက်မ၊ ‌ရေ၊ ထမင်းဆုပ်၊ ‌ကောက်ညှင်း၊ ကြံ၊ ငှက်‌ပျောသီး၊ နတ်ပန်းညို၊ ချည်ဖြူစသည့် ပစ္စည်းများ ပါဝင်ရမည်ဖြစ်ပြီး ကြင်‌ဖော်စုံ သက်ကြီးဘိုးဘွားများမှ လိပ်ပြာ‌ခေါ်ဆု‌တောင်း‌ပေးကာ ချည်ဖြူကို လက်တွင် ရစ်ပတ်ချည်‌နှောင် ‌ပေးခြင်းဖြစ်သည်။

ထိုသို့ချည်ဖြူဖွဲ့ရာတွင် ကွဲကွာသွားသည့် ကရင်မျိုးနွယ်စုများကို ပြန်လည်ဆုံဆည်းရန်‌သော်လည်‌ကောင်း၊ အားငယ်စိတ်၊ ‌ကြောက်ရွံ့စိတ်များ ပ‌ပျောက်ရန်‌သော်လည်‌ကောင်း၊ မ‌ကောင်းဆိုးဝါးများ ‌သွေး‌ဆောင်ဖြား‌ယောင်းခြင်းမှ ကင်း‌ဝေး‌အောင်‌သော် လည်း‌ကောင်း စသည့် ယုံကြည်မှုများဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

ယ‌နေ့အချိန်အခါတွင် ဝါ‌ခေါင်လ ကရင်လက်ချည်ပွဲကို ‌နေအိမ်အလိုက် ကျင်းပခြင်း နည်းပါးလာ‌သော်လည်း ‌ဒေသကို ကိုယ်စား ပြု၍ စု‌ပေါင်းကျင်းပမှုများ ပိုမိုများပြားလာသည်ကို ‌တွေ့ရှိရပြီး ယခုနှစ်တွင် ကရင်ပြည်နယ်အပြင် မွန်ပြည်နယ်၊ ရန်ကုန်တိုင်း‌ဒေ သကြီးနှင့် ဧရာဝတီတိုင်း‌ဒေသကြီးများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလာသည်ကို ‌တွေ့ရှိရသည်။