Home သတင်း အာဇာနည်များ၏ ‌မျှော်မှန်းချက်ကို ငြိမ်းချမ်းသည့်နည်းဖြင့် လုပ်‌ဆောင်သွားမည်ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ‌ပြော

အာဇာနည်များ၏ ‌မျှော်မှန်းချက်ကို ငြိမ်းချမ်းသည့်နည်းဖြင့် လုပ်‌ဆောင်သွားမည်ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ‌ပြော

2504

ဩဂုတ် ၁၄ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

အာဇာနည်‌ခေါင်း‌ဆောင်ကြီးများ၏ ‌မျှော်မှန်းချက်များကို ငြိမ်းချမ်းသည့်နည်းများဖြင့် ကြိုးပမ်းလုပ်‌ဆောင်သွားမည်ဟု ကရင်အ မျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက ‌ကေအဲန်ယူ၊ တပ်မဟာ(၇)ဌာနချုပ်တွင် ဗဟိုအဆင့်အဖြစ် ဩဂုတ်လ ၁၂ရက်‌နေ့က ပြုလုပ်ကျင်းပသည့် ၆၇နှစ်‌မြောက် ကရင့်အမျိုးသားအာဇာနည်‌နေ့တွင် မိန့်ခွန်း‌ပြော ကြားလိုက်သည်။

ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက “ကျ‌နော်တို့လက်နက်နဲ့ တိုက်ခဲ့တာ နှစ်‌ပေါင်း ၆၀‌ကျော်ခဲ့‌ပေမယ့် အများက လိုလားတဲ့ ‌မျှော်မှန်းချက် ‌တွေ မပြည့်ဝ‌သေးဘူး။ ဒါ‌ကြောင့် ကရင်တစ်မျိုးသားလုံးရဲ့ လိုလားချက်‌တွေ ပြည့်ဝဖို့ ‌သွေးထွက်သံယိုမှုမရှိတဲ့ စားပွဲ‌ပေါ်မှာ ညှိ နှိုင်းအ‌ဖြေရှာပြီး လုပ်‌ဆောင်‌နေပါတယ်”ဟု အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

ဖိနှိပ်မှုဘဝမှ လွတ်‌မြောက်ကာ ကိုယ့်တိုင်းကိုယ့်ပြည်နှင့် ကိုယ်ပိုင် အခွင့်အ‌ရေးရှိ‌သော ကရင်လူမျိုးအဖြစ် ကမာ္ဘမှ အသိအမှတ် ပြုနိုင်ရန် ဥက္ကဌကြီး ‌စောဘဦးကြီးနှင့် အာဇာနည်အ‌ပေါင်းတို့သည် ၎င်းတို့၏အသက်အား ‌ပေးဆပ်လိုက်ရပြီဖြစ်‌ကြောင်းနှင့် ကရင်လက်နက်ကိုင်များအားလုံး တစ်ဖွဲ့တည်းဖြစ်ရန် အမြဲတမ်း ကြိုးပမ်း‌နေသည်ဟု ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက ဆက်‌ပြော သည်။

၎င်းအာဇာနည်‌နေ့ အခမ်းအနားသို့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ‌ခေါင်း‌ဆောင်များ၊ အမျိုးသမီး၊လူငယ်အဖွဲ့များ ပါဝင်သည့် ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်းများ၊ KNU/KNLA(PC) – ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်-BGF မှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားသားများ၊ လူပရိဿတ်များ အပါအဝင် ၁၀၀၀(တစ်‌ထောင်)‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီတို့မှ မိန့်ခွန်း‌ပြော ကြားခြင်းနှင့် မဟာမိတ်အဖွဲ့အစည်းများမှ ‌ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ ကျဆုံးသွားခဲ့သည့် အာဇာနည် များ၏‌ဆွေမျိုးများ၊ တိုက်ပွဲအတွင်း ကိုယ်အဂင်္ါအစိတ်အပိုင်း ဆုံးရှုံးခဲ့‌သော စစ်သည်များအား လက်‌ဆောင်ပစ္စည်း ချီးမြှင့်ခြင်း၊ စစ် ‌ရေးပြ အခမ်းအနားဖြင့် ချီတက် အ‌လေးပြုခြင်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနားတက်‌ရောက်လာသူ ‌ကေအဲန်ယူ ဗဟို၏ ကရင်မျိုးဆက်သစ်‌ကျောင်းမှ ‌ကျောင်းသား မန်းသိန်းက “ကရင်လူမျိုးမှာ လည်း တကယ်ကို တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်‌ပေးသွားတဲ့ အာဇာနည်‌တွေ ရှိတယ်ဆိုတာ သိရတဲ့အတွက် ဂုဏ်ယူမိသ လို အာဇာနည်‌ခေါင်း‌ဆောင်‌တွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ရရှိ‌အောင် ကျ‌နော်တို့ ကျရာကဏ္ဍက‌နေ လုပ် ‌ဆောင်သွားရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင့်‌တော်လှန်‌ရေးတစ်‌လျှောက် အသက်‌ပေးသွားခဲ့ကြသူများအား ဂုဏ်ပြုသည့်အ‌နေဖြင့် ကရင့်‌ခေါင်း‌ဆောင် ‌စောဘဦးကြီး နှင့် ဗိုလ်ချုပ်စိုင်း‌ကေတို့ ကျဆုံးခဲ့သည့် ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့ကို ကရင်အာဇာနည်‌နေ့အဖြစ် ‌ကေအဲန်ယူက သတ် မှတ်ခဲ့ပြီး ယခုနှစ်တွင် ၆၇နှစ်‌မြောက် ကရင်အမျိုးသားအာဇာနည်‌နေ့ အခမ်းအနားကို မြန်မာနိုင်ငံရှိ၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ ရန်ကုန်တိုင်း၊ တနသင်္ာရီတိုင်း၊ ဧရာဝတီတိုင်း စသည့်‌ဒေသများတွင်သာမက နိုင်ငံတကာ‌ရောက် ကရင်များကလည်း ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာခဲ့ကြသည်။

အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ်‌ပေါင်း ၆၀‌ကျော် မြန်မာအစိုးရအဆက်ဆက်ကို ခုခံ‌တော်လှန်‌နေသည့် ‌ကေအဲန်ယူ သည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် အစိုးရနှင့် ပဏာမ အပစ်ရပ်စဲပြီး‌နောက် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက် ‌နေ့တွင် အခြား‌သော တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်အဖွဲ့အစည်း ၇ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ‌ရေးသ‌ဘောတူစာချုပ် (အဲန်စီ‌အေ)ကို လက်မှတ်ထိုးထားခဲ့သည်။

၎င်း‌နောက် အဲန်စီ‌အေ သ‌ဘောတူစာချုပ်ပါ အချက်များအရ အ‌ကောင်အထည်‌ဖော်‌ဆောင်ရသည့် လူမျိုးအလိုက် အမျိုးသားအ ဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သလို ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစု ပင်လုံအစည်းအ‌ဝေးကို လည်း သုံးကြိမ်တိုင်တိုင် ပါဝင်တက်‌ရောက်ခဲ့ပြီဖြစ်သည်။