Home သတင်း KNUဘိတ်-ထားဝယ်ခရိုင်တွင် တန်ဖိုးနည်းအိမ်အလုံး ၃၀ဝ ကို ဩဂုတ်လအတွင်း အပြီးသတ်‌ဆောက်လုပ်မည်

KNUဘိတ်-ထားဝယ်ခရိုင်တွင် တန်ဖိုးနည်းအိမ်အလုံး ၃၀ဝ ကို ဩဂုတ်လအတွင်း အပြီးသတ်‌ဆောက်လုပ်မည်

1865

ဇွန် ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ဂျပန်နိုင်ငံရှိ နိပွန်‌ဖောင်‌ဒေးရှင်း၏ အကူအညီဖြင့် ကရင်အမျိုးသားအစည်းအရုံး KNU ဘိတ်-ထားဝယ်ခရိုင် နယ် ‌မြေအတွင်း ‌နေရာ ၃ ‌နေရာတွင် ‌ဆောက်လုပ်လျှက်ရှိသည့် တန်ဖိုးနည်းအိမ်ရာအလုံး ၃၀ဝ ကို လာမည့် ဩဂုတ်လအတွင်း အပြီးသတ် ‌ဆောက်လုပ်သွားမည်ဟု KNUက ‌ပြောသည်။

တနသင်္ာရီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများ၊ နိပွန် ‌ဖောင်‌ဒေးရှင်း တာဝန်ရှိသူများနှင့် ထားဝယ်မင်းသမီးကုမ္ပဏီတာဝန်ရှိသူများသည် ဇွန်လ ၇ရက်‌နေ့က တိုင်း ‌ဒေသကြီးအစိုးရရုံးတွင် ‌တွေ့ဆုံခဲ့ပြီး‌နောက် ယခုလို သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု KNU ဆက်ဆံ‌ရေး တာ ဝန်ခံ ပဒို‌စောဖ‌လော်စိုးဝင်းက ‌ပြောသည်။

“အိမ်ရာ‌တွေကို ‌ဆောက်ဖို့အတွက် ကုမ္ပဏီ‌တွေက တာဝန်ယူပြီး‌ဆောက်လုပ်‌ပေးတာဖြစ်ပါတယ်။ အဲဒါ အခု အားလုံးအ‌ခြေအ‌နေကို ခြုံလိုက်မယ်ဆိုရင် ၈ဝ ရာခိုင်နှုန်း‌လောက်‌တော့ပြီး‌နေပြီ။ တစ်ချို့ဆို အ‌ချော စကိုင်‌နေ ပြီ။ ‌နောက်ဩဂုတ်လမှာ အပြီးသတ်‌ဆောက်လုပ်သွားဖို့ အဲဒီ‌တွေ့ဆုံ‌ဆွေး‌နွေးမှုက‌နေဆုံးဖြတ် လိုက်တာဖြစ်ပါ တယ်” ဟု ၎င်းက ‌ပြောသည်။

စစ်‌ဘေး‌ရှောင်များနှင့် KNU တပ်ဖွဲ့ဝင်မိသားစုများအတွက် KNU ထီးမိုပွာ အ‌ခြေခံ ‌ဒေသအတွင်းရှိ အမလာ ထာနှင့် ကမာ‌ဟော့‌ကျေးရွာများတွင် အိမ်အလုံး ၂၀၀၊ လယ်မူလားမြို့နယ်အတွင်း အိမ်အလုံး ၁၀ဝ တို့ကို နိပွန် ‌ဖောင်‌ဒေးရှင်း၏ ‌ငွေ‌ကြေးအကူအညီဖြင့် ‌ဒေသတွင်းရှိကုမ္ပဏီများမှ တာဝန်ယူ ‌ဆောက်လုပ်‌ပေး‌နေခြင်း ဖြစ် သည်။

နိပွန်‌ဖောင်‌ဒေးရှင်းအ‌နေဖြင့် ယခင်က KNU နယ်‌မြေအတွင်း တန်ဖိုးနည်းအိမ်ရာ အလုံး ၄၀ဝကို ‌နေရာ ၄ ‌နေရာတွင် ‌ဆောက်လုပ်‌ပေးရန် လျာထားမှုများရှိ‌သော်လည်း ‌တောင်နီ‌ကျေးရွာတွင် ‌ဆောက်လုပ်ရန်လျာ ထား သည့် ‌နေအိမ်အလုံး ၁၀ဝ ကို တိုင်း‌ဒေသကြီးအစိုးရဘက်မှ လုံခြုံ‌ရေးအ‌ခြေအ‌နေအရ ခွင့်မပြုသဖြင့် ယခု ‌နေရာ ၃ ‌နေရာတွင်သာ ‌ဆောက်လုပ်နိုင်‌သေးသည်ဟု KNU ဘိတ်-ထားဝယ်ခရိုင်ဘက်မှ‌ပြောသည်။

ဘိတ်-ထားဝယ်ခရိုင်အတွင်း ‌ဆောက်လုပ်‌နေသည့် တန်ဖိုးနည်းအိမ်ရာများကို သံဖရိန်၊ Smart Board ၊ သစ်သားတို့ဖြင့် ‌ဆောက်လုပ်ထားခြင်းဖြစ်ပြီး ‌ဆောက်လုပ်ရန် ကျန်ရှိသည့် ‌တောင်နီ‌ကျေးရွာမှ ‌နေအိမ်အလုံး ၁၀ဝ ကို အမလာထာနှင့် ကမာ‌ဟော့‌ကျေးရွာများတွင် ‌နေအိမ်အလုံး ၅ဝ စီ ဆက်လက်‌ဆောက်လုပ်သွားမည် ဖြစ်သည်ဟု သိရသည်။

အပစ်အခတ်ရပ်စဲ‌ရေးပြုလုပ်ပြီး‌နောက်ပိုင်း နိပွန်‌ဖောင်‌ဒေးရှင်းအ‌နေဖြင့် ‌ကေအဲန်ယူ အုပ်ချုပ်မှုနယ်‌မြေများ အတွင်းရှိ လူထုများအတွက် ဆန်အိတ်လှူဒါန်းခြင်း၊ တန်ဖိုးနည်းအိမ်ရာများ ‌ဆောက်လုပ်‌ပေးခြင်းအပြင် အခြား‌သော တိုင်းရင်းသား လက်နက်ကိုင်နယ်‌မြေများတွင်လည်း လူသားချင်းစာနာမှု အကူအညီများ‌ပေး‌နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။