Home ထိပ်တန်းသတင်း အဖမ်းအဆီးမှုများ‌ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်းများ ပိတ်ထားရ

အဖမ်းအဆီးမှုများ‌ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်းများ ပိတ်ထားရ

2466

ဇွန် ၂၉ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ထိုင်းနိုင်ငံတွင် တရားမဝင်နိုင်ငံခြားသားအလုပ်သမားများအား ဇွန် ၂၂ ရက်‌နေ့မှ စ၍ ဖမ်းဆီးစစ်‌ဆေးမှုများပြုလုပ် လျှက်ရှိရာ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် အတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း‌ပေါင်း ၆၉ ‌ကျောင်းအနက် စာသင်‌ကျောင်းအချို့ကို ပိတ်ထားရသည်ဟု မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းဆရာများ အစည်းအရုံး-BMTA အတွင်း‌ရေးမှူး ဆရာနိုင်နိုင်ထွန်းက ‌ပြောသည်။

‌ကျောင်းအချို့ ပိတ်ထားရခြင်းမှာ ‌ရွှေ့‌ပြောင်း‌ကျောင်းများတွင် တာဝန်ထမ်း‌ဆောင်‌နေသည့် ‌ကျောင်းဆရာ၊ ဆရာမအများစု သည် ထိုင်းနိုင်ငံအတွင်း တရားဝင်‌နေထိုင်ခွင့် စာရွက်စာတမ်းများမပြည့်စုံ ‌သော‌ကြောင့် ‌ကျောင်းသို့ မလာရဲကြသဖြင့် ‌ကျောင်းပိတ်ထားရခြင်း ဖြစ်‌ကြောင်း ဆရာနိုင်နိုင်ထွန်းမှ ယ‌နေ့(ဇွန်လ ၂၉ ရက်‌နေ့) တွင် ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

၎င်းက “ဆရာ အများစုက ထိုင်းပညာ‌ရေးဝန်ကြီးဌာန-MOE က ထုတ်‌ပေးတဲ့ သင်ကြားခွင့် လက်မှတ်‌တွေပဲ ကိုင်‌ဆောင်ထားတယ်။ ပုလိပ်(ရဲ)‌တွေက ‌နေထိုင်ခွင့် စာရွက်စာတမ်း မရှိရင် ဖမ်းချင်ဖမ်းနိုင်တဲ့အတွက် ဆရာတစ်ချို့ ‌ကျောင်းကိုမလာရဲ‌တော့ ‌ကျောင်းအချို့လည်း ‌လော‌လောဆယ် ပိတ်ထားတယ်” ဟု ‌ပြောဆိုသည်။

လက်ရှိတွင် ‌ကျောင်းဝင်းအထိ လာ‌ရောက်ဖမ်းဆီးခြင်း မရှိ‌သော်လည်း လမ်းများ၊ ‌ဈေးများတွင် စီမံချက်များအရ ဖမ်းဆီးမှု များရှိ‌သော‌ကြောင့် တာ့ခ်ခရိုင်၊ မဲ‌ဆောက်‌ဒေသရှိ ‌ကျောင်းဆရာ၊ ဆရာမအချို့ အပါအဝင် ထိုင်းနိုင်ငံ အတွင်း တရားဝင်‌နေထိုင်ခွင့် စာရွက်စာတမ်းများမရှိသည့် မြန်မာနိုင်ငံသား ‌ကျောင်းသား မိဘများလည်း စိုးရိမ်မှုများ‌ကြောင့် က‌လေးများကို ‌ကျောင်းမ‌ပေးတက်သည့် အ‌ခြေအ‌နေများလည်းရှိ‌ကြောင်း BMTA တာဝန်ရှိ သူများထံမှ သိရသည်။

ယခုဖမ်းဆီးမှုအ‌ပေါ် BMTA ဒုဥက္ကဌ မန်း‌ရွှေနှင်းကလည်း “ကျ‌နော် BMTA စတည်‌ထောင်တဲ့ ၂၀၀၅ ခုနှစ်ကစပြီး ‌တောက်‌လျှောက်လုပ်လာတဲ့ အခုအချိန်အထိ ဒီ‌ဒေသမှာရှိတဲ့ ကိုယ့်နိုင်ငံသား‌တွေအတွက် အတတ်နိုင်ဆုံး အကာအကွယ်ရ‌အောင် ကြိုးစား‌ပေးခဲ့တယ်။ လူသားချင်းစာနာတဲ့အ‌နေနဲ့ အမြဲ ညှိညှိနှိုင်းနှိုင်းပဲ လုပ်ခဲ့တဲ့ အတွက် အခုလည်း အဆိုးဖက် ဖြစ်လာဖို့မရှိဘူးလို့ မြင်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံ ‌ရွှေ့‌ပြောင်း အလုပ်သမားများနှင့် ဆိုင်သည့် ဥပ‌ဒေအသစ်ကို ဇွန်လ ၂ဝ ရက်‌နေ့တွင် စတင်ထုတ်ပြန် ခဲ့ပြီး‌နောက် ဇွန် ၂၂ ရက်‌နေ့မှစ၍ စီမံချက်အရ စတင် ဖမ်းဆီးခဲ့ရာ ယ‌နေ့အချိန်အထိ တရားမဝင် စာရွက် စာတမ်းများမရှိသည့် နိုင်ငံခြားသား ‌ရွှေ့‌ပြောင်းအလုပ်သမားများ ၁,၄၀ဝ ဦး‌ကျော် ဖမ်းဆီးထားပြီး မြန်မာနိုင်ငံ သား ၁,၀၀ဝ ဦး‌ကျော် ပါဝင်သည်ဟု မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ-JACBA ဥက္ကဌ ဦးမိုးကြိုးက ယခုလို ‌ပြောသည်။

သူက “ ဥပ‌ဒေ အသစ်ထွက်ရင် အလုပ်သမား‌တွေကို အချိန် ၃လ က‌နေ ၆လ ထိ ‌ပေးရမည် ဖြစ်‌သော်လည်း ၂ဝ ရက်‌နေ့မှာထွက်ပြီး ၂၂ ရက်‌နေ့မှာ စပြီး Action (အ‌ကောင်အထည်)‌ဖော် တဲ့အတွက် လူ့အခွင့်အ‌ရေး ရှု့‌ထောင့် ကကြည့်ရင် ထိုင်းအစိုးရဟာ လူ့အခွင့်အ‌ရေးကို ‌ပြောင်‌ပြောင်တင်းတင်း ချိုး‌ဖောက်တာပဲ” ဟု ‌ကေအိုင်စီသို့ မှတ်ချက်ပြု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း‌ပေါင်း ၆၉ ‌ကျောင်းရှိပြီး ‌ကျောင်းသား၊ ‌ကျောင်းသူ‌ပေါင်း ၁၄၀ဝ ဦး‌ကျော် ပညာသင်ကြား‌နေ‌ကြောင်း BMTA က ပြုစုထားသည့် စာရင်းအရ သိရ သည်။