Home သတင်း ဝင်း‌ရော်‌ဒေသအတွက် ပထမဦးဆုံးကြိမ် ဖက်ဒရယ်နှင့် ဒီမိုက‌ရေစီ အမြင်ဖွင့်သင်တန်း KAC ပြုလုပ်

ဝင်း‌ရော်‌ဒေသအတွက် ပထမဦးဆုံးကြိမ် ဖက်ဒရယ်နှင့် ဒီမိုက‌ရေစီ အမြင်ဖွင့်သင်တန်း KAC ပြုလုပ်

1734

‌မေလ ၁၉ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ ခလယ်ရွာ၊ ရာပြည့်ဓမ္မဗိမ္မာန် ဘုန်း‌တော်ကြီး‌ကျောင်းတွင် ကရင်‌ရေးရာ‌ကော်မတီ (Karen Affairs Committee) မှ ဦး‌ဆောင်ပြီး ပထမဦးဆုံးကြိမ် ဖက်ဒရယ်နှင့် ဒီမိုက‌ရေစီ အမြင်ဖွင့်သင်တန်းတစ်ခုကို ‌မေလ ၁၅ရက်မှ ၁၇ရက်‌နေ့အထိ ပြုလုပ်ခဲ့သည်။

ဖက်ဒရယ်ကျင့်စဉ်၊ နိုင်ငံသားအခွင့်အ‌ရေး၊ လူ့အခွင့်အ‌ရေး၊ ဒီမိုက‌ရေစီအ‌ခြေခံ အဂင်္ါရပ်များကို အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး ‌နွေးပွဲ ‌ဆောင်ရွက်ရာတွင် ပြည်သူလူထုအ‌နေဖြင့် ဝိုင်းဝန်းပါဝင်‌ဆွေး‌နွေးနိုင်ရန် အသိပညာ‌ပေးရခြင်း ဖြစ်သည်ဟု ကရင်‌ရေးရာ ‌ကော်မတီမှ သင်တန်းတာဝန်ခံ နန်း‌စေအွာက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်တိုင်းရင်းသား‌တွေ ဖက်ဒရယ်ရဲ့ကျင့်စဉ်၊ အခွင့်အ‌ရေး၊ အဓိပ္ပာယ်မသိတာ‌တွေ ရှိတယ်။ ဖက်ဒရယ်အ‌ရေး ‌တောင်းဆိုခွင့် ရတာကို လူထုသိရှိနိုင်ဖို့နဲ့ ဖက်ဒရယ်တစ်ခုတည် ‌ဆောက်တဲ့‌နေရာမှာ ဒီမိုက‌ရေစီကျင့်စဉ်၊ နိုင်ငံသားအခွင့်အ‌ရေး၊ လူ့အခွင့်အ ‌ရေး‌တွေ၊ ‌ကောင်းမွန်တဲ့ အုပ်ချုပ်‌ရေးစနစ်ဖြစ်ဖို့ အ‌ခြေခံအဂင်္ါရပ်‌တွေကို သိရှိ‌အောင်‌ပေါ့။ လူထု‌တွေအ‌နေနဲ့ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ ဝိုင်းဝန်းပါဝင်ပြီး ‌ဆွေး‌နွေးနိုင်ဖို့ အသိပညာ‌ပေးရခြင်းဖြစ်တယ်”ဟု သူမက ‌မေလ ၁၇ရက်‌နေ့တွင် ‌ပြော သည်။

၎င်းသင်တန်းသုံးရက်တာတွင် ဖက်ဒရယ်အမျိုးအစားနှင့် အာဏာခွဲ‌ဝေမှု၊ လူ့အခွင့်အ‌ရေးနှင့် နိုင်ငံသားအခွင့်အ‌ရေး၊ ပြည်သူတို့ ၏ တာဝန်ဝတ္တရားများနှင့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် အာဏာ ၃ရပ် စသည့်အချက်များကို အဓိက သင်ကြားခဲ့သည်ဟု သိရ သည်။

‌တောင်ဒီး‌ကျေးရွာသား ‌စောမြတ်သူက “ ဖက်ဒရယ်နဲ့ ဒီမိုက‌ရေစီ ဆိုတဲ့အဓိပ္ပါယ် ကွဲကွဲပြားပြား နားလည်‌စေချင်လို့ လာတက် တာပါ။ ဒီမိုက‌ရေစီရရင် ဖက်ဒရယ်ရပြီးလို့ နားလည်ထားတယ်။ ဒီသင်တန်းက‌နေ ဖက်ဒရယ်‌ရော၊ ဒီမိုက‌ရေစီ‌ရော၊ သူ့ရဲ့အ‌ခြေခံ သ‌ဘောတရား‌တွေ ရှင်းပြ‌ပေး‌တော့ အဓိပ္ပါယ်ပိုပြီး သိလာရတယ်။ အုပ်ချုပ်‌ရေးအာဏာ ခွဲ‌ဝေမှုတို့၊ နိုင်ငံသားအခွင့်အ‌ရေး‌တွေ၊ ပြည်သူ‌တွေမှာ ရှိရမဲ့ တာဝန်ဝတ္တရား‌တွေ အများကြီး သိလာတယ်”ဟု ‌ပြောသည်။

အဆိုပါသင်တန်းကို ခလယ်-တံခွန်တိုင်၊ ပူးလိန်၊ ‌တောင်ဒီး၊ ကျုံခဝန် အပါအဝင် ‌ကျေးရွာ‌ပေါင်း ၁၀‌ကျော်မှ အုပ်ချုပ်‌ရေးမှူးများ နှင့် ‌ဒေသခံ ၅၀‌ကျော် တက်‌ရောက်ခဲ့ကြပြီး ‌မေလ ၁၉ရက်‌နေ့တွင်လည်း မြဝတီမြို့နယ် ‌ရွှေကုက္ကို‌ကျေးရွာတွင် အလားတူ သင် တန်းကို ပို့ချသွားမည်ဟု တာဝန်ရှိသူထံမှ သိရသည်။