Home ထိပ်တန်းသတင်း ‌တောင်က‌လေး‌ကျောက်‌တောင် လုပ်ငန်းဆက်မလုပ်ရန် ပြည်နယ်အစိုးရထံ ‌ပေးပို့သည့် ကန့်ကွက်စာ အ‌ကြောင်းပြန်မှု ကြန့်ကြာ‌နေ

‌တောင်က‌လေး‌ကျောက်‌တောင် လုပ်ငန်းဆက်မလုပ်ရန် ပြည်နယ်အစိုးရထံ ‌ပေးပို့သည့် ကန့်ကွက်စာ အ‌ကြောင်းပြန်မှု ကြန့်ကြာ‌နေ

2521

‌မေ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့နယ် ‌ကော့ရင်းအထက် နှင့် ‌နောင်ကျန်‌ကျေးရွာ အုပ်စုနှစ်ခုအကြား ‌တောင်က‌လေး‌ကျောက်‌တောင် ‌ကျောက်ထုတ်လုပ်ငန်း၌ ပတ်ဝန်းကျင်ထိခိုက်မှုများရှိသဖြင့် ရပ်တန့်‌ပေး‌စေလို‌ကြောင်း ယခင်လ ဧပြီ ၂၇ ရက်‌နေ့က ပြည်နယ်အစိုးရထံ ‌ပေးပို့ထားသည့် ကန့်ကွက်စာမှာ ယခုထိ အ‌ကြောင်းပြန်ခြင်း မရှိ‌သေးဘဲ ကြန့်ကြာ‌နေသည်ဟု ‌အောက်‌နောင်ကျန်‌ကျေးရွာ ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ကျောက်ထုတ်လုပ်ငန်း ဆက်မလုပ်‌ရေးကို ‌နောင်ကျန်‌ကျေးရွာ ရပ်မိရပ်ဖများနှင့် ‌ဒေသခံတို့က စု‌ပေါင်း လက်မှတ်ထိုး၍ ဖားမြို့ရှိ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ မြို့နယ် အ‌ထွေ‌ထွေဦးစီးဌာနနှင့် ခရိုင်အ‌ထွေ‌ထွေဦးစီး ဌာနများသို့ သ‌ဘောထားကန့်ကွက်စာ ‌ပေးပို့သည်မှာ တစ်လနီးပါးအထိ ကြာမြင့်‌သော်လည်း တစုံတရာ အ‌ကြောင်းပြန်ကြားမရှိခြင်း ဖြစ်‌နေသည်ဟု ‌အောက်‌နောင်ကျန် ရာအိမ်မှူးဖြစ်သူ ‌စော‌အောင်မြင့်က ‌ပြောသည်။

၎င်းက “ဒီ‌တောင်က‌လေး‌တောင်ဟာ ‌ကော့ရင်းဘက်နဲ့ ‌နောင်ကျန်ဘက်ခြမ်းဆိုပြီး ရှိတယ်။ ကျ‌နော်တို့ အ‌နောက်ဘက် ‌နောင်ကျန်ဘက်ခြမ်းမှာ ဘုန်းကြီး‌ကျောင်း‌တွေ ရှိတယ်။ ‌ကျောက်‌တောင်ကို မိုင်း‌ဖောက်ခွဲတဲ့အခါ ဘုန်းကြီး‌ကျောင်းကို ထိခိုက်တာရှိလို့ စာတင်တာပါ။ အခုထိ အ‌ကြောင်းပြန်စာ မရ‌သေးတာ ဘာ‌ကြောင့်လဲ။ အရမ်းကို သိချင်‌နေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျေးရွာတာဝန်ရှိသူများနှင့် ‌ဒေသခံများ လက်မှတ် ၂၀ဝ နီးပါး စု‌ပေါင်းထိုးထားသည့် အဆိုပါ သ‌ဘောထားစာတွင် ‌နောင်ကျန်အုပ်စု ‌တောင်က‌လေး‌တောင်တွင် ‌ကျောက်မိုင်း‌ပေါက်ခွဲမှု‌ကြောင့် အနီးအနား ‌တောင်ကမ်းပါးရှိ သီတာ‌အေးလှိုင်ဂူ ဘုန်းကြီး‌ကျောင်း အ‌ဆောက်အဦး ထိခိုက်ပျက်စီးမှုများ ရှိသလို ‌တောင်‌ခြေအနီး စပါးစိုက်လယ်‌မြေများလည်း ပျက်စီးမှုများ ရှိ‌ကြောင်း ‌ဖော်ပြပါရှိသည်။

‌တောင်က‌လေး‌တောင်၏ အ‌ရှေ့ဘက်ခြမ်းတွင် လုပ်ငန်းရှင် ဦးခင်‌မောင်‌ကျော်နှင့် အ‌နောက်ဘက်ခြမ်းတွင် ဦးလူခင် ဆိုသူတို့က လုပ်ငန်းလုပ်ကိုင်လျှက်ရှိပြီး လုပ်ငန်းအတွင်း ‌ကျောက်မိုင်း‌ဖောက်ခွဲမှု‌ကြောင့် ‌တောင် ကမ်းပါးဘုန်းကြီး‌ကျောင်းရှိ အ‌ဆောက်အဦး‌ခေါင်မိုးများ ‌ကျောက်ခဲလုံးကြီး ထိမှန်‌ပေါက်ပြဲခြင်း၊ ‌တောင်တုန်ခါမှု‌ကြောင့် ဘုရားရုပ်ထုများ ကွဲအက်ခြင်းနှင့် အ‌ဆောက်အဦး ကွဲအက်မှုများ ဖြစ်‌ပေါ်လျှက်ရှိသည်။

“‌ကျောက်မိုင်း‌ဖောက်လို့ ‌တောင်ပျက်စီး၊ ‌ကျောင်းအ‌ဆောက်အဦး‌တွေလည်း ထိခိုက်တဲ့အတွက် ဦးဇင်းတို့ အမြဲတမ်း စိုးရိမ်မှုရပါတယ်။ ဘယ်‌တော့ ‌ကျောင်းကို လာထိမလဲ။ သံဃာ‌တွေကိုလည်း ‌ကျောက်ခဲ လွှင့်စင် ထိမှန်မှာကို စိုးရိမ်ရတယ်။ ‌နောက်ပြီး အလှူပွဲလုပ်ဖို့ အခက်‌တွေ့ရပါတယ်။ လာတဲ့ ဒါယိကာ၊ ဒါယိကာမ‌တွေ အတွက် စိုးရိမ်ရပါတယ်”ဟု သီတာ‌အေးလှိုင်ဂူ ‌ကျောင်းထိုင်ဆရာ‌တော် ဦးဝါရိန္ဒက ‌ကေအိုင်စီသို့ မိန့်ဆိုသည်။

ထို့အတူ ‌တောင်က‌လေး‌ကျောက်‌တောင် အ‌ရှေ့ဘက်ခြမ်း နှစ်ဖာလုံအကွာရှိ ‌တောင်ကုန်း‌ကျေးရွာ ‌ဒေသခံများ မှလည်း ‌ကျောက်ထုတ်လုပ်ငန်း၏ ၂၀၁၆ တစ်နှစ်စာအတွက် ယခုနှစ် ‌ဖေ‌ဖော်ဝါရီ ၃ရက်‌နေ့တွင် ပြည့်‌မြောက်ပြီ ဖြစ်သည့်အတွက် ထပ်မံမလုပ်ရန် အစိုးရထံ သ‌ဘောထားကန့်ကွက်စာများ ‌ပေးပို့မှုခဲ့‌သော်လည်း အစိုးရဘက်မှ လုပ်ငန်းဆက်လုပ်‌ရေး ကန့်ကွက်ရန် မရှိ‌ကြောင်း မတ်လ ၇ရက်‌နေ့က အ‌ကြောင်းပြန်စာ‌ပေးပို့ခဲ့သည်။

ထို့‌နောက် ‌ကျောက်ထုတ်လုပ်ငန်း ဆက်လက်လုပ်ကိုင်လာသည်နှင့်အမျှ ‌အောက်‌နောင်ကျန်‌ဒေသခံများ ပြည်နယ်အစိုးရထံ စာတင်အပြီး ‌မေလ ပထမအပတ်တွင် မိုင်းခွဲမှု‌ကြောင့် ဘုန်းကြီး‌ကျောင်းနယ်‌မြေအတွင်း ‌ကျောင်းလုံးနှစ်ကြိမ် လွှင့်စင်လာခဲ့ပြီး ‌ကျောင်းဓမ္မာရုံ‌ခေါင်မိုး‌ပေါ် တစ်ကြိမ်ထိမှန် ‌ပေါက်ပြဲခဲ့သည်ဟု သီတာ‌အေးလှိုင်ဂူ ‌ကျောင်းထိုင်ဆရာ‌တော်က မိန့်သည်။

‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်းကို ရပ်တန့်‌ပေးရန် ‌အောက်‌နောင်ကျန်ရွာအ‌နေဖြင့် အစိုးရထံ ယခုလိုလက်မှတ်ထိုး ကန့်ကွက်စာ‌ပေးပို့သည်မှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ‌နောင်ကျန်‌ကျေးရွာအုပ်စုတွင် ‌အောက်‌နောင်ကျန်(‌ဖောက‌လော့)၊ အထက်‌နောင်ကျန် (တ‌ဝေါဘီး)၊ ဘင်လှိုင်(‌ဖော့ဒဲခို့)၊ ရွာသစ်ကုန်း (တ‌ဝေါ‌သော)၊ ‌ကော့ပ‌နော၊ ဆယ်မိုင်းကုန်း (ကလဲမူ‌တော်)နှင့် ဂူဝ(ကူကလဲ) စသည့် ‌ကျေးရွာများ တည်ရှိသည်။