Home သတင်း ဂျပန်နိုင်ငံ၊ ‌ကျောက်မီး‌သွေးဓာတ်အား‌ပေးစက်ရုံ ‌ဘေးထွက်ဆိုးကျိုးမရှိဟု သွား‌လေ့လာသူများက ‌ပြောဆို

ဂျပန်နိုင်ငံ၊ ‌ကျောက်မီး‌သွေးဓာတ်အား‌ပေးစက်ရုံ ‌ဘေးထွက်ဆိုးကျိုးမရှိဟု သွား‌လေ့လာသူများက ‌ပြောဆို

1796

‌မေ ၁၆ရက်၊ ၂၀၁၇ခုနှစ်။ ‌စောညွှန့်‌သောင်း

ဂျပန်နိုင်ငံအတွင်းရှိ ‌ကျောက်မီး‌သွေးသုံး လျှပ်စစ်ဓါတ်အား‌ပေးစက်ရုံများသည် ‌ဘေးထွက်ဆိုးကျိုးမရှိဟု ဂျပန်နိုင်ငံ၏ ‌ကျောက် မီး‌သွေးသုံး လျှပ်စစ်ဓါတ်အား‌ပေးစက်ရုံ လည်ပတ်မှုအ‌ခြေအ‌နေကို ရက်သတ္တပတ်‌ကျော်ကြာ သွား‌ရောက်‌လေ့လာခဲ့ကြသည့် ကရင်ပြည်နယ်မှ ‌လေ့လာ‌ရေးအဖွဲ့ဝင်များက ‌ပြောဆိုကြသည်။

ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အရပ်ဘက်အဖွဲ့၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ လက်နက်ကိုင်အဖွဲ့အစည်း၊ သတင်းမီဒီယာ အဖွဲ့၊ စာ‌ရေးဆရာနှင့် တတ်သိပညာရှင်များ ပါဝင်သည့် ‌လေ့လာ‌ရေးကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံ၏ ‌ကျောင်းမီး‌သွေးသုံး လျှပ်စစ်ဓါတ်အား‌ပေးစက်ရုံ လည်ပတ်မှု အ‌ခြေအ‌နေများကို ‌မေ ၇ရက်မှ ၁၃ရက်‌နေ့အထိ သွား‌ရောက်‌လေ့လာမှုများ ပြုလုပ်ခဲ့ ပြီး‌နောက် ၎င်းတို့၏‌တွေ့ရှိချက်များကို ယခုလို ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံရှိ ‌ကျောက်မီး‌သွေးများသည် အဆင့်မြင့် ဂျပန်နည်းပညာဖြင့် အဆင့်ဆင့် သန့်စင်ပြီး စနစ်တကျသုံးစွဲကြပြီး ထွက်ရှိ လာသည့် အခိုးအ‌ငွေ့များ၊ ပြာများနှင့် ‌ရေဆိုးများသည်လည်း အဆင့်တိုင်းတွင် သန့်စင်စက်များဖြင့် သန့်စင်ပြီးမှ ပြန်လည်စွန့် ပစ်သည့်အ‌ပေါ် ‌ဘေးထွက်ဆိုးကျိုးများ မ‌တွေ့ရှိရ‌ကြောင်း ‌လေ့လာ‌ရေးအဖွဲ့တွင် ပါဝင်ခဲ့သူ ဝတ်ကြီးဆရာ‌တော် အရှင်ကာရုည က ‌ကေအိုင်စီသို့ မြွက်ကြားသည်။

“အရင်က ဦးဇင်းတို့သိရှိ‌နေကြတဲ့ ‌ကျောက်မီး‌သွေးစက်ရုံ‌တွေဟာ အဆိပ်ဓါတ်‌ငွေ့‌တွေပါတယ်။ လူ‌တွေကို ဒုက္ခ‌ပေးတယ်။ ဦးဇင်းတို့ ဂျပန်မှာ သွား‌လေ့လာကြည့်‌တော့ ဂျပန်နည်းစနစ်နဲ့သုံးတဲ့ ‌ကျောက်မီး‌သွေး‌တွေက‌တော့ ထင်ထားတဲ့အတိုင်းမဟုတ်ပဲ သန့်သန့်ရှင်းရှင်းရှိတာ ‌တွေ့ရတယ်။ ပင်လယ်မှာ ပြန်လည်စွန့်ပစ်တဲ့ ‌ရေ‌တွေမှာ ငါး‌တွေမ‌သေဘဲ ‌တွေ့ခဲ့တယ်။”ဟု ဆရာ‌တော် က မြွက်ကြားသည်။

၎င်း‌ကျောက်မီး‌သွေး‌လေ့လာ‌ရေးအဖွဲ့ဝင် ကရင်ပြည်နယ်၊ ၈၈ မျိုးဆက် ကိုမြင့်‌အောင်ကလည်း ဂျပန်နိုင်ငံက နည်းစနစ်အတိုင်း မြန်မာနိုင်ငံတွင် အသုံးပြုမည်ဆိုလျှင် မည်သည့်ဆိုးကျိုးမျှမရှိသဖြင့် သင့်‌တော်မည့်စနစ်ဖြစ်‌ကြောင်း၊ မြန်မာနိုင်ငံသည် လျှပ်စစ် စွမ်းအင်အလွန်လိုအပ်‌နေပြီး လျှပ်စစ်အပြည့်အဝ ရရှိမည်ဆိုပါက အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု များ ဝင်လာမည်ဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဟု ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ‌ကျောက်မီး‌သွေးလျှပ်စစ်ကို ဂျပန်မှာသွား‌ရောက်ပြီး ‌တွေ့ရှိချက်အရ ‌ဒေသခံပြည်သူတစ်ဦးအ‌နေနဲ့ လက်ခံ တယ်။ ကရင်တစ်ပြည်နယ်လုံးမက မြန်မာနိုင်ငံလုံးအ‌နေနဲ့ သွား‌လေ့လာရင်လည်း အားလုံး လက်ခံကြမယ်လို့လည်း ယုံကြည် တယ်။ ဒါ‌ပေမဲ့ ကျ‌နော်တို့နိုင်ငံမှာ လာ‌ရောက်တည်‌ဆောက်ရင် အခုလို‌တွေ့ခဲ့တဲ့ နည်းစနစ်အတိုင်း လုပ်‌ဆောင်မလားလို့ ကုမ္ပဏီကို‌မေး‌တော့ သူတို့က ကျ‌နော်တို့ကို ကတိ‌ပေးတယ်။”ဟု ‌ပြောသည်။

အဆိုပါ ‌လေ့လာ‌ရေး ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့အတွင်းရှိ TTCT ကုမ္ပဏီ၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ‌ကျောက်မီး‌သွေး‌ရောင်းဝယ်‌ရေးနှင့် သို‌လှောင်ပို့‌ဆောင်‌ရေးကုမ္ပဏီ (Idemitsu Coal Laboratory )၊ ကျိုတိုမြို့ရှိ ၄,၁၀၀, ဝ၀ဝ ကီလိုဝပ်ထုတ် ဓါတ်အား‌ပေးစက်ရုံကြီး (Hekinan Power Plant)နှင့် ဟီရိုရှီးမားမြို့ရှိ ၁၀၀ဝ မီဂါဝပ်ထုတ် ဓါတ်အား‌ပေးစက်ရုံ (Misumi Power Plant) တို့ကို သွား‌ရောက်‌လေ့လာခဲ့သည်။
မိမိနိုင်ငံတိုးတက်ဖွံ့ဖြိုး‌ရေးအတွက် ပထမဦးဆုံး အ‌တွေးအ‌ခေါ်‌ပြောင်းလဲရန် လိုအပ်ပြီး ‌ဒေသခံပြည်သူအတွက် အန္တရာယ်မရှိ အကျိုးရှိမည့် လုပ်ငန်းများကို လက်ခံနိုင်ရမည်ဟု ဂျပန်နိုင်ငံ ‌ကျောက်မီး‌သွေးသုံး လျှပ်စစ်စက်ရုံခရီးတွင် ပါဝင်ခဲ့သူ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းကလည်း ယခုလို သုံးသပ်‌ပြောဆိုသည်။

“ကျ‌နော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လမ်းရှိတယ်။ လက်ကမ်း‌ပေးတဲ့လူ‌တွေလည်း ရှိတယ်။ ကျ‌နော်တို့အ‌ပေါ်မှာပဲ မူတည်‌နေပါ တယ်။”ဟု ပဒို‌စော‌ရွှေ‌မောင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အရပ်ဖက်မှ ကိုယ်စားလှယ်တစ်ဦး၊ ‌ကေအဲန်ယူ၊ ဒူးပလာယာနှင့် သထုံခရိုင်တို့မှ ကိုယ်စားလှယ်နှစ်ဦး၊ စာ‌ရေးဆရာတစ်ဦး၊ ‌ဒေသသတင်း‌ထောက် သုံးဦး၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး သုံးဦးနှင့် ပညာရှင်နှစ်ဦး စုစု‌ပေါင်း ကိုယ်စားလှယ် ၁၂ဦး ပါဝင်သည့် ၎င်း ‌လေ့လာ‌ရေးခရီးစဉ်မှာ ‌မေလ ၆ရက်မှ ၁၄ရက်‌နေ့အထိ ကြာမြင့်ခဲ့သည်။