Home သတင်း ဝါရင့်ကရင်အနုပညာရှင် ဆရာကြီး ‌ကျော်လိုက်သိမ့် ကွယ်လွန်

ဝါရင့်ကရင်အနုပညာရှင် ဆရာကြီး ‌ကျော်လိုက်သိမ့် ကွယ်လွန်

2230
ဧပြီ ၄ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ဝါရင့်ကရင်အနုပညာရှင် တစ်ဦးဖြစ်သူ အသက် (၆၇)နှစ်အရွယ်ရှိပြီဖြစ်သည့် ဆရာကြီး ‌ကျော်လိုက်သိမ့်သည် ဖားအံမြို့နယ်၊ အိန္ဒုစံပြ‌ကျေးရွာ ‌အောင်ရတနာရပ်ကွက်ရှိ ၎င်း‌နေထိုင်ရာ ‌နေအိမ်၌ ယ‌နေ့ ဧပြီ ၄ရက်‌နေ့၊ ည‌နေ ၄နာရီ‌ကျော်တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။

အဆုတ်ကင်ဆာ‌ဝေဒနာ‌ကြောင့် နှစ်နှစ်ကြာ ခံစား‌နေရပြီး‌နောက် ဆရာကြီး ‌ကျော်လိုက်သိမ့်သည် ‌ရောဂါပြင်းထန်လာကာ ယ‌နေ့ ည‌နေတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ တပည့်ဖြစ်သူ ကရင်အဆို‌တော် ‌စောဖိုးဒိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဖိုးက ဒီ‌နေ့ မနက်က‌နေစပြီး သူ့ရဲ့ ‌ဝေဒနာက ပိုပြင်းထန်လာတယ်။ အဲဒီက‌နေ တဖြည်းဖြည်း သတိရတချက်၊ မရတချက် ဖြစ်လာပြီး ည‌နေ‌လောက်မှာ ဘဝတပါး ‌ပြောင်းလဲသွားတာ ဖြစ်ပါတယ်”ဟု ‌စောဖိုးဒိန်းက ‌ပြောဆိုသည်။

ကွယ်လွန်သွားသည့် ဝါရင့်ကရင်အနုပညာရှင် ဆရာကြီး ‌ကျော်လိုက်သိမ့်သည် ‌တေး‌ရေး၊ ‌တေးဆို၊ သရုပ်‌ဆောင်၊ ဇာတ်မင်းသား၊ လူရွှင်‌တော်၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ ဘက်စုံ အနုပညာ လုပ်ငန်းများကို ကွယ်လွန်ချိန်အထိ လုပ်‌ဆောင်ခဲ့သည်။

ဆရာကြီး ‌ကျော်လိုက်သိမ့် ကွယ်လွန်ချိန်တွင် ဇနီးသည် နန်းလုံးတင်နှင့် သားသမီး ၄ ဦးကျန်ရစ်ခဲ့သည်။