Home သတင်း မဲသ‌ဝေါစစ်‌ဘေး‌ရှောင်များ ‌ချောင်းဆိုး‌ရောဂါ ကူးစက်ဖြစ်ပွားမှုမြင့်တက်၊ ‌ဆေးဝါးများလိုအပ်‌နေ

မဲသ‌ဝေါစစ်‌ဘေး‌ရှောင်များ ‌ချောင်းဆိုး‌ရောဂါ ကူးစက်ဖြစ်ပွားမှုမြင့်တက်၊ ‌ဆေးဝါးများလိုအပ်‌နေ

1706

ဧပြီ ၂ဝရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

မဲသ‌ဝေါ‌ဒေသရှိ စစ်‌ဘေး‌ရှောင်ပြည်သူများအ‌နေဖြင့် လက်ရှိအချိန်တွင် ‌ဆေးဝါးမရရှိခြင်း၊ အစားအ‌သောက် မ‌လောက်ငှခြင်းများ ‌ကြောင့် ‌ချောင်းဆိုး‌ရောဂါ အများဆုံး ကူးစက်ခံ‌နေရပြီး ဖြစ်ပွားမှုများ မြင့်တက်လျက်ရှိ‌ကြောင်း စစ်‌ဘေး‌ရှောင်စခန်း၏ ရိက္ခာတာ ဝန်ခံ ‌နော်တင်လှက ဧပြီလ ၁၉ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စစ်‌ဘေး‌ရှောင်အများစုသည် ရင်ကြပ်၊ ယားနာ၊ အဆုတ်ပွ၊ ဝမ်းပျက်ဝမ်း‌လျှော၊ ငှက်ဖျား စသည့်‌ရောဂါများလည်း ဖြစ် ပွားလျှက်ရှိရာ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများ အလျင်အမြန်လိုအပ်‌နေ‌ကြောင်း ‌နော်တင်လှ၏ ‌ပြောပြချက်အရ သိရသည်။

“အရင်က စခန်းမှာ‌ဆေး‌ပေးခန်းရှိ‌ပေမယ့် အခုမရှိတာ ‌လေးလ‌တောင်ရှိပြီ။ ‌ဆေး‌ပေးခန်းရှိရင်‌တော့ ‌ကောင်းမယ်။ အခုက ‌ရောဂါ ဖြစ်ပွားမှုလည်း များလာတယ်။ ‌ရေ၊ အစားအ‌သောက်‌တွေလည်း နည်းပါးလာပြီ၊ အလှူရှင်လည်းနည်းလာပြီဆို‌တော့ အားလုံးက ငိုကြတာ‌ပေါ့‌နော်။”ဟု ‌နော်တင်လှက ‌ပြောသည်။

လက်ရှိအချိန်တွင် စစ်‌ဘေး‌ရှောင်စခန်းများ၌ ‌ဆေးနှင့်‌ဆေး‌ပေးခန်းများမရှိခြင်း၊ စစ်‌ဘေး‌ရှောင်အများစုမှာ ‌ဆေးရုံနှင့်‌ဝေးကွာ ခြင်း၊ ‌ငွေ‌ကြေးမရှိခြင်းတို့‌ကြောင့် ‌ဆေးဖိုးဝါးခ မတတ်နိုင်ဘဲ သစ်မြစ်၊ ဝါးမြစ်ကိုသာ ‌ဆေးအဖြစ် ‌သောက်သုံးကြရသဖြင့် ‌ရောဂါ ‌ပျောက်ကင်းမှုမရှိဘဲ အိမ်တိုင်းလိုလို ‌ရောဂါဖြစ်ပွား‌နေ‌ကြောင်း ဒုက္ခသည် စခန်းတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ‌ရောဂါကူးစက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကရင်ပြည်နယ် အစိုးရတာဝန်ရှိသူများထံသို့ ယင်းကိစ္စရပ်များနှင့် ပတ် သက်၍ ‌ကေအိုင်စီသတင်းဌာနက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့‌သော်လည်း တစုံတရာ အ‌ကြောင်းပြန်ကြားခြင်း မရှိ‌သေး ‌ပေ။

ယမန်နှစ် ၂၀၁၆ခုနှစ်က မဲသ‌ဝေါ‌ဒေသတွင် နယ်ခြား‌စောင့်တပ် BGF တပ်ဖွဲ့နှင့်အစိုးရစစ်တပ်တို့ ပူး‌ပေါင်းပြီး တိုးတက်‌သော ဗုဒ္ဓ ဘာသာကရင်အမျိုးသားတပ်မ‌တော် DKBA ခွဲထွက်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ စစ်‌ဘေး‌ရှောင်များ ဖြစ်လာခဲ့ရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီးကလို‌သော၊ ဂု‌သောပုနှင့် ‌ကျောက်တိုင် အပါအဝင် ကားလမ်းမအနီးရှိ ရွာများမှ ‌ဒေသခံများသည် မြိုင်ကြီးငူအထူး‌ဒေသသို့ စစ်‌ရှောင်ထွက်‌ပြေးလာကြပြီး လက်ရှိအချိန်တွင် စစ်‌ဘေး‌ရှောင် စုစု‌ပေါင်း ၅‌ထောင်‌ကျော်ရှိသည့်အ နက် ‌ရောဂါဖြစ်ပွားမှုနှုန်းမှာ ၂၀၀၀‌ကျော်ရှိသည်။