Home သတင်း NCA ကိစ္စ ဧပြီလကုန်ပိုင်းတွင် အတည်ပြုဆုံးဖြတ်မည်ဟု မွန်ပြည်သစ်ပါတီ ‌ပြောဆို

NCA ကိစ္စ ဧပြီလကုန်ပိုင်းတွင် အတည်ပြုဆုံးဖြတ်မည်ဟု မွန်ပြည်သစ်ပါတီ ‌ပြောဆို

1980

မတ် ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA နှင့် ပတ်သက်၍ လာမည့် ဧပြီလကုန်ပိုင်းတွင် ပြု လုပ်မည့် မွန်ပြည်သစ်ပါတီ ဗဟို‌ကော်မတီ အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးအတည်ပြုမည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်း‌ရေး တာဝန်ခံ နိုင်ဝင်းလှက ‌ကေအိုင်စီသို့ မတ် ၃၁ ရက်‌နေ့တွင် ‌ပြောသည်။

လက်ရှိ ညီညွတ်‌သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်‌ကောင်စီ-UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီအပါအဝင် အဖွဲ့ ၅ ဖွဲ့က NCA လက်မှတ်ထိုး‌တော့မည်ဟု မတ် ၃ဝ ရက်‌နေ့တွင် နိုင်ငံ‌တော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်း ထုတ်ပြန် ချက်တွင် ‌ဖော်ပြပါရှိသည့်အ‌ပေါ် မွန်ပြည်သစ်ပါတီအ‌နေဖြင့် မသိရှိသလို နှစ်ဖက် တရားဝင်‌ဆွေး‌နွေး သ‌ဘောတူ ချက် အ‌ပေါ် အ‌ခြေခံခြင်း မဟုတ်ဘဲ မီဒီယာများတွင် သတင်းထွက်‌ပေါ်‌နေမှုအ‌ပေါ် အ‌ခြေခံသည့် သ‌ဘောမျိုးဖြစ်‌နေ‌ကြောင်း နိုင်ဝင်းလှက ယခုလို‌ပြောသည်။

၎င်းက “ မ‌နေ့ည‌နေက ကြားတယ်။ UNFC အဖွဲ့ဝင်‌တွေကို ‌မေး‌တော့ သူတို့လည်း အတိအကျမသိဘူး။ အဲဒီဖြစ်စဉ်ကို ပြန်ရှင်း‌နေကြတယ်။ အစိုးရ‌သော်လည်း‌ကောင်း၊ တပ်က‌သော်လည်း‌ကောင်း တရားဝင်‌ဆွေး‌နွေးပြီး‌တော့ နှစ်ဦးနှစ် ဖက် သ‌ဘောတူတဲ့ ရလဒ်အ‌ပေါ်မှာ အ‌ခြေခံပြီး‌တော့ ထွက်‌ပေါ်လာတာမဟုတ်ဘူး။ မီဒီယာက ‌ပြောတဲ့ဟာ‌တွေ သူတို့‌ကောက်ချက်ချပြီး ထုတ်ပြန်တာလည်း ဖြစ်နိုင်တယ်။ ကျ‌နော်တို့ကိုယ်၌လည်း မသိဘူး။ တစ်ဖက်သတ် ထုတ်ပြန်တာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်သစ်ပါတီအ‌နေဖြင့် မိမိတစ်ဖွဲ့တည်း NCA လက်မှတ်ထိုးမည်မဟုတ်ဘဲ NCA လမ်း‌ကြောင်းအတိုင်း သွားမည့် အခြားအဖွဲ့များနှင့် အတူတကွ လက်မှတ်ထိုးနိုင်ရန် ကြိုးပမ်းသွားဖြစ်ပြီး မူအားဖြင့် သ‌ဘောတူထားသည့် အချက် ၉ ချက်အ‌ပေါ် ညှိနှိုင်းရမည့် အချက်များ‌ပြေလည်ပါက လက်မှတ်ထိုးသွားဖွယ်ရှိသည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူ များထံမှ သိရသည်။

မွန်ပြည်နယ်၊ အရပ်သား အပစ်အခတ်‌စောင့်ကြည့်‌ရေးအဖွဲ့ (CMM) ဒုဥက္ကဌ ဦးမင်းမင်းနွယ်က “အစိုးရက ဘာ‌တွေ‌ကောင်း‌အောင် လုပ်ခဲ့သလဲဆိုတာကို တိုင်းပြည်ကိုတင်ပြတဲ့ အ‌နေအထားမှာ အလွတ်သ‌ဘော ‌ဆွေး‌နွေး ထားမှုအရ အားလုံးက ဒီအ‌ခြေခံမှုအ‌ပေါ် ဘယ်အချက်က ပိတ်ဆို့မှုရှိလဲ၊ ဘယ်အချက်က အဆင်‌ပြေလဲ ဘာမှမလုပ်ရ ‌သေးတဲ့အခါကျ‌တော့ တစ်ဖက်သတ်‌ကြေညာတဲ့ပုံစံမျိုးက မ‌ကောင်းဘူး။ UNFC တင်ပြထားတဲ့ မူ ၉ ချက်ကို လိုက်‌လျောပြီး လက်မှတ်ထိုးဖြစ်‌အောင်‌ပေါ့။ လာမဲ့ ၂၁ပင်လုံကို အဖြစ် သ‌ဘော မဟုတ်ပဲ ကြီး‌လေးတဲ့ ကိစ္စတစ်ခု ဦးထိပ်ပန်ပြီး လုပ်‌ဆောင်သွားဖို့ တိုက်တွန်းလိုပါတယ်” ဟု မတ်လ ၃၁ ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် မတ် ၂၁ ရက်‌နေ ့တွင် NCA နှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီနှင့် မွန် အရပ်ဖက်အဖွဲ့အစည်းများ ‌မော်လမြိုင်မြို့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး NCA လမ်း‌ကြောင်းအတိုင်းသွားရန် သ‌ဘောတူခဲ့သည်ဟု သတင်း ထွက်‌ပေါ်ခဲ့ ‌သော်လည်း မွန်ပြည်သစ်ပါတီအ‌နေဖြင့် ဧပြီလကုန်ပိုင်းတွင် ပြုလုပ်မည့် ဗဟို‌ကော် မတီအစည်းအ‌ဝေးတွင် ဆုံးဖြတ် သွားမည်ဖြစ်‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။

မွန်ပြည်သစ်ပါတီအ‌နေဖြင့် ၁၉၉၅ ခုနှစ်၊ ဇွန် ၂၉ ရက်‌နေ့မှ စတင်ကာ အစိုးနှင့် အပစ်အခတ်ရပ်စဲ‌ရေး ပြုလုပ်ခဲ့ပြီး ၂၀၁ဝ ခုနှစ် ဧပြီလတွင် အစိုးရ၏ နယ်ခြား‌စောင့်တပ်ဖွဲ့စည်းခြင်းကို လက်မခံခဲ့သည့်အတွက် အပစ်အခတ်ရပ်စဲ‌ရေး ပျက်ပြယ်သွားခဲ့‌သော်လည်း ၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုများ ထပ်မံ ပြုလုပ်ခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်၊ ပြည်‌ထောင်စုအဆင့် အပစ်အခတ် ရပ်စဲ‌ရေး သ‌ဘောတူခဲ့သလို တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ် ထိုးရန် ဆက်လက် ကြိုးပမ်း‌နေ‌ကြောင်း အဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။