Home သတင်း CSC ၏ ‌လေးနှစ်တာ လုပ်ငန်းအစီရင်ခံစာကို ‌ကေအဲန်ယူ အတည်ပြု

CSC ၏ ‌လေးနှစ်တာ လုပ်ငန်းအစီရင်ခံစာကို ‌ကေအဲန်ယူ အတည်ပြု

1574

မတ်လ ၁၇ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံခရိုင် ‌လေးဝါးစခန်းတွင် ကျင်းပသည့် ၁၆ကြိမ်‌မြောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂ ရက် သုံးရက်‌မြောက်‌နေ့၊ မတ်လ ၁၆ရက်တွင် KNU ဗဟိုအမြဲတမ်း‌ကော်မတီ၏ ကွန်ဂရက်သို့ တင်ပြ‌သော ‌လေးနှစ်တာ ကာလ အတွင်း လုပ်ငန်း‌ဆောင်ရွက်ခဲ့မှု အ‌ခြေအ‌နေဆိုင်ရာ အစီရင်ခံစာကို တက်‌ရောက်လာသူ ကိုယ်စားလှယ်များက ‌ဆွေး‌နွေးအ တည်ပြုလိုက်သည်။

ကွန်ဂရက် စတင်သည့်‌နေ့မှစ၍ တင်ပြ‌ဆွေး‌နွေးခဲ့ကြပြီး‌နောက် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု ကွန်ကရက်ကျင်းပ‌ရေး‌ကော်မ တီ အတွင်း‌ရေးမှူး
ပဒို‌စောလှထွန်းက “ပထမ‌နေ့မှာ ‌ကေအဲန်ယူရဲ့ ‌လေးနှစ်တာ အစီရင်ခံစာ‌တွေကို တင်ပြကြပါတယ်။ ဒုတိယ ‌နေ့မှာ အဲဒီတင်ပြချက်‌တွေကို ပြန်သုံးသပ်‌ဆွေး‌နွေးပါတယ်။ ဒီ‌နေ့ကျ‌တော့ အဲဒီတင်ပြ‌ဆွေး‌နွေးချက်‌တွေကို အတည်ပြုတာ ဖြစ် ပါတယ်”ဟု မတ်လ ၁၆ရက်‌နေ့ ည‌နေပိုင်းတွင် ‌ပြောသည်။
‌ကေအဲန်ယူ၏ ၎င်းအစီရင်ခံစာထဲတွင် ‌လေးနှစ်အတွင်း ဌာန ၁၄ခု၏ လုပ်ငန်းအစီရင်ခံစာများ၊ ခရို်င်အလိုက် လူထုအ‌ခြေအ‌နေ၊ အုပ်ချုပ်‌ရေးအ‌ခြေအ‌နေ လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ် အ‌ခြေအ‌နေများကို တင်ပြသုံးသပ် ‌ဆွေး‌နွေးခဲ့ကြသည်။

ထိုသို့ တင်ပြရာ၌ အစီရင်ခံစာပါ ဌာနဆိုင်ရာ လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များ၊ ခရိုင်များအတွင်း အပစ်ရပ်ကာ လ စိုးရိမ်ဖွယ်ရာ စစ်‌ရေး၊ အုပ်ချုပ်‌ရေး၊ ဖွံ့ဖြိုး‌ရေး ထိုး‌ဖောက်ခံရမှုများနှင့် တပ်ဖက်ဆိုင်ရာ အစီရင်ခံစာအရ အစိုးရတပ်မ‌တော်၏ ‌ရှေ့တန်း ‌ခြေကုပ်စခန်းများ ပြန်လည်ဆုတ်ခွာခြင်း မရှိသည့်အပြင် တပ်စခန်းများကို ပိုမိုခိုင်ခံသည်အထိ တည်‌ဆောက်လာခြင်းများကို ‌ထောက်ပြ‌ဆွေး‌နွေးမှုများ ရှိသည်ဟု ကိုယ်စားလှယ်များက ‌ပြောဆိုသည်။

အလားတူ ၁၅ကြိမ်‌မြောက် ကွန်ဂရက်က ဆုံးဖြတ်ဖွဲ့စည်းခဲ့သည့် လုပ်ငန်းဆိုင်ရာ‌ကော်မတီ ၈ခုဖြစ်‌သော စည်းကမ်းကြီးကြပ် ထိန်းသိမ်း‌ရေး‌ကော်မတီ၊ ဘဏ္ဍာ‌ရေး‌ကော်မတီ၊ တရားစီရင်‌ရေး‌ကော်မတီ၊ စီးပွါး‌ရေး‌ကော်မတီ၊ အကြံ‌ပေး‌ရေးနှင့် ညှိနှိုင်း‌ဆောင် ရွက်‌ရေး‌ကော်မတီ၊ ခွဲထွက် ကရင်အဖွဲ့အစည်းများ ပြန်လည်‌ပေါင်းစည်း‌ရေး‌ကော်မတီ၊ ဆုချီးမြှင့်‌ရေး‌ကော်မတီ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း‌ရေး‌ကော်မတီများ၏ လုပ်ငန်း‌ဆောင်ရွက်မှု အ‌ခြေအ‌နေများကိုလည်း တင်ပြ‌ဆွေး‌နွေးခဲ့ကြသည်။

၎င်းအပြင် ကွန်ဂရက် သုံးရက်‌မြောက်‌နေ့တွင် လုပ်ငန်းအစီရင်ခံစာ ‌ဆွေး‌နွေးအတည်ပြုပြီး‌နောက် KNLA မှ တင်သွင်းသည့် အစီ ရင်ခံစာမှ NCA အ‌ကောင်အထည်‌ဖော်မှု အ‌ခြေအ‌နေများကို ကွန်ဂရက် ကိုယ်စားလှယ်များ၊ ‌လေ့လာသူများက အ‌ကျေအလည် ‌ဆွေး‌နွေးမှုများ ပြုလုပ်လျှက်ရှိ‌ကြောင်း သိရသည်။

‌ကေအဲန်ယူ ကွန်ဂရက် တတိယ‌နေ့ည‌နေပိုင်းတွင် The Burma Consortium – TBC မှ တာဝန်ရှိသူများက ဒုက္ခသည်များ‌နေရပ် ပြန်‌ရေးအ‌ခြေအ‌နေများနှင့် ပတ်သက်သည့် ၎င်းတို့၏ သ‌ဘောထားများ၊ အကူအညီ‌ပေး‌ရေး အ‌ခြေအ‌နေများကို သွား‌ရောက်ရှင်း လင်း‌ပြောကြားခဲ့ပြီး ကွန်ကရက်ကိုယ်စားလှယ်များ၊ ‌လေ့လာသူများနှင့် အပြန်အလှန် ‌မေးမြန်း၊ ‌ဖြေကြားခြင်းများကို ပြုလုပ်ခဲ့ကြသည်။