Home သတင်း ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌ဆွေး‌နွေးပွဲများကို အ‌ထောက်အကူပြုနိုင်ရန် စွမ်းရည်မြှင့်တင်သည့်သင်တန်းပြုလုပ်

ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌ဆွေး‌နွေးပွဲများကို အ‌ထောက်အကူပြုနိုင်ရန် စွမ်းရည်မြှင့်တင်သည့်သင်တန်းပြုလုပ်

2186

မတ်လ ၂ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ငြိမ်းချမ်း‌ရေးဖြစ်စဉ်၏ ‌ဆွေး‌နွေးပွဲများတွင် အ‌ထောက်အကူပြုနိုင်ရန် ကြား‌နေ အ‌ကောင်အထည်‌ဖော်သူ (Facilitator) များကို စွမ်းရည်မြှင့်တင်သည့်သင်တန်းတစ်ခုကို ‌ဖေ‌ဖော်ဝါရီ ၂၇ရက်မှ မတ်လ ၂ရက်‌နေ့အထိ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် Center for Peace and Conflict Study –CPCS မှ ဦး‌ဆောင်ပြီး ပြုလုပ်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF ကိုယ်စားလှယ် များ ပါဝင်သည့် အဆိုပါသင်တန်းသည် ‌ရှေ့လာမည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တိုင်း၏ ‌ဆွေး‌နွေးပွဲများ၌ ရလဒ်‌ကောင်းများ ‌ပေါ်ထွက် လာ‌စေရန် Facilitator များကို စွမ်းရည်မြှင့်တင်ခြင်းဖြစ်သည်ဟု သင်တန်းအစီအစဉ်၏ ‌ပြောခွင့်ရ ABSDF မှ ကိုဇင်နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “Facilitatorဆိုတာက Dialogue အပြန်အလှန် ‌ဆွေး‌နွေးပွဲ‌တွေမှာ ‌ဆွေး‌နွေးပွဲလုပ်တဲ့သူ‌တွေရဲ့ ကြားထဲမှာ သူတို့‌ဆွေး ‌နွေးတဲ့ ရည်ရွယ်ချက်ကို‌ရောက်‌အောင်လို့ ‌ဘေးက‌နေ ပံ့ပိုးကူညီ‌ပေးတာ။ ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကို ဝင်‌ပြောတာမဟုတ်ဘူး။ Facilitator မရှိဘူးဆိုရင် အ‌ကောင်အထည်‌ဖော်မှုပိုင်း‌တွေမှာ ‌ဆွေး‌နွေးပွဲရလဒ်‌ကောင်း‌တွေ မရနိုင်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ထို့အပြင် ABSDFအ‌နေဖြင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစုပင်လုံ၏ အကြိုလူထု‌ဆွေး‌နွေးပွဲများကို ရန်ကုန်၊ ပုသိမ်၊ ပြည်၊ ထားဝယ်၊ မ‌ကွေးနှင့် မန္တ‌လေးမြို့များ၌ NCA ၏ သ‌ဘောသဘာဝ၊ လက်ရှိ ‌ရောက်‌နေသည့်အဆင့်၊ ဖက်ဒရယ်ပြည်‌ထောင် စု၏ အ‌ခြေခံမူများနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့(EAO)များ၏ မူ (၈)ချက်ကို လူထုထံ ချပြ‌ဆွေး‌နွေးမှုများ ပြုလုပ်‌ပေးခဲ့သည်ဟုလည်း ကိုဇင်နိုင်က ဆက်‌ပြောသည်။

‌လေးရက်တာပြုလုပ်သည့် အဆိုပါသင်တန်း၌ ပဋိပက္ခအ‌ပြောင်းအလဲဆိုင်ရာများ (Conflict transformation)၊ ပဋိပက္ခဆိုင်ရာ ‌ဆွေး‌နွေးပွဲများ(Dialogue conflict ) စသည့်အချက်များကို လွယ်ကူ‌ချော‌မွေ့သည့် ‌ဆွေး‌နွေးပွဲများ ဖြစ်‌ပေါ်လာ‌စေရန် ကြား‌နေ အ‌ကောင်အထည်‌ဖော်‌ပေးခြင်းအတွက် လက်‌တွေ့ကျကျ‌ဆွေး‌နွေး ပို့ချ‌ပေးပြီး ‌ကေအဲန်ယူနှင့် ‌အေဘီအက်စ်ဒီအက်ဖ်မှ ကိုယ်စား လှယ်‌ပေါင်း၂၂ဦး ပါဝင်တက်‌ရောက်ခဲ့ကြသည်။

သင်တန်းတွင် ပါဝင်တက်‌ရောက်သူ ‌နော်အယ်‌ဖောဝါးက “ကျမတို့ facilitator အခန်းကဏ္ဍက ‌ဆွေး‌နွေးပွဲတစ်ခု လုပ်တဲ့အချိန် မှာ ‌ဆွေး‌နွေးရမဲ့‌ခေါင်းစဉ်အ‌ပေါ် လမ်းမ‌ချော်‌အောင် လမ်း‌ကြောင်း‌ပေးရတာ။ အခု သင်တန်းကလည်း ဒီအမျိုးသားအဆင့် နိုင်ငံ ‌ရေး‌ဆွေး‌နွေးပွဲ‌တွေ ‌ပေါ်‌ပေါက်လာမှ ဒီအတွက်ကို နဂိုလုပ်‌နေပြီးသား facilitator ‌တွေကို စွမ်းရည်မြှင့်တင်‌ပေးတာပါ”ဟု ‌ပြော သည်။

တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၈ဖွဲ့နှင့် အစိုးရတို့အကြား တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲ‌ရေး သ‌ဘောတူစာ ချုပ်-NCAကို လက်မှတ်‌ရေးထိုးပြီးသည့်‌နောက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ‌ပေါ်‌ပေါက်လာ‌ရေး ကြိုးပမ်း‌ဆောင်ရွက်မှု၌ ပြည်‌ထောင် စုငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ-UPDJC မှ ချမှတ်ထား‌သော အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို ဇန်နဝါရီလ တွင် စတင်လာခဲ့ရာတွင် Facilitator များ၏ အခန်းကဏ္ဍများလည်း ပိုမို အ‌ရေးပါလာခဲ့သည်။

အလားတူ ‌ကေအဲန်ယူနှင့် ‌အေဘီအက်စ်ဒီအက်ဖ် အဖွဲ့များပါဝင်သည့် စွမ်းရည်မြှင့်သင်တန်းကို CPCS မှ ဦး‌ဆောင်ပြီး ရန်ကုန် မြို့တွင် ဇန်နဝါရီလ၌ ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ယခုပြုလုပ်သည့်သင်တန်းမှာ ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်သည်။