Home သတင်း ‌ကေအဲန်ယူ ၁၆ကြိမ်ကွန်ဂရက်တွင် ကိုယ်စားလှယ်နှင့် ‌လေ့လာသူ‌ပေါင်း ၃၀၀‌ကျော် တက်‌ရောက်

‌ကေအဲန်ယူ ၁၆ကြိမ်ကွန်ဂရက်တွင် ကိုယ်စားလှယ်နှင့် ‌လေ့လာသူ‌ပေါင်း ၃၀၀‌ကျော် တက်‌ရောက်

1741

မတ်လ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၁၆)ကြိမ်‌မြောက် ကွန်ဂရက်ကို ဗဟို၊ ခရိုင်၊ မြို့နယ် ၇ခုမှ ကိုယ်စားလှယ်များနှင့် ‌လေ့လာသူ စုစု‌ပေါင်း ၃၁၈ဦးဖြင့် ယ‌နေ့ မတ်လ ၁၄ရက်‌နေ့တွင် စတင် ကျင်းပလျက်ရှိသည်။

‌ကေအဲန်ယူကွန်ဂရက်ကို ယခင်သတ်မှတ်ထားသည့်ရက်အတိုင်း ‌ကေအဲန်ယူ၏ ဖားအံခရိုင် ‌လေးဝါးတွင် ကျင်းပ‌နေခြင်းဖြစ်ပြီး ခရိုင်အသီးသီးမှ ကိုယ်စားလှယ်များအပြင် နိုင်ငံခြားနှင့် မြန်မာပြည်တွင်း ‌လေ့လာသူများလည်း ပါဝင်တက်‌ရောက်‌နေခြင်းဖြစ် သည်။

ယ‌နေ့ စတင်ကျင်းပသည့်ကွန်ဂရက်တွင် တက်‌ရောက်လာသည့် ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ အပါအဝင် ပြည်တွင်းရှိ KUPC-Karen Unity and Peace Committee မှ ကိုယ်စားလှယ်များလည်း တက်‌ရောက်ခဲ့ကြသည်။

ထို့အတူ ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ဒီ‌ကေဘီ‌အေနှင့် ငြိမ်းချမ်း‌ရေး‌ကောင်စီ-PC တို့ကို ကွန်ဂရက်တက်‌ရောက်ရန် ဖိတ်ကြားမှုများရှိ‌သော် ယ‌နေ့စတင်ကျင်းပသည့်ကွန်ဂရက်တွင် ဒီ‌ကေဘီ‌အေအဖွဲ့တစ်ဖွဲ့သာ တက်‌ရောက်‌သေး‌ကြောင်း သိရ သည်။

‌ကေအဲန်ယူကွန်ကရက် ပထမ‌နေ့တွင် လုပ်ငန်းအစီရင်ခံစာ တင်ပြခြင်းများကို ပြုလုပ်မည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်များကို ကိုယ်စားလှယ်များက ပြန်လည်သုံးသပ်‌ဆွေး‌နွေးခြင်း၊ ‌ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းအပြင် အများစိတ်ဝင်စား‌နေကြသည့် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်အသစ် ပြန်လည် ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းများကိုလည်း ပြုလုပ်သွားကြမည်ဖြစ်သည်။

(၁၆)ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်တွင် သဘာပတိများအဖြစ် ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ ပဒို‌နော်စီဖိုးရာစိန်တို့ ဖြစ်ကြပြီး အခမ်းအနားမှူးများအဖြစ် အတွင်း‌ရေးမှူး သုံးဦးဖြစ်ကြ‌သော ပဒို‌စောကွယ်ထူးဝင်း၊ ပဒို‌စော‌သောသီဘွဲနှင့် ပဒိုမန်းမန်း မန်းတို့က တာဝန်ယူ‌နေခြင်းဖြစ်သည်။