Home သတင်း ကွန်ဂရက်တွင် ‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ‌ဆွေး‌နွေးပြီးစီး၊ နည်းဥပ‌ဒေ ဆက်‌ဆွေး‌နွေးဆဲ

ကွန်ဂရက်တွင် ‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ‌ဆွေး‌နွေးပြီးစီး၊ နည်းဥပ‌ဒေ ဆက်‌ဆွေး‌နွေးဆဲ

1510

မတ်လ ၂၅ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

လက်ရှိ ကျင်းပ‌နေဆဲဖြစ်သည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ၁၆ကြိမ်‌မြောက် ကွန်ဂရက် ၉ရက်‌နေ့‌မြောက်တွင် အစည်းအရုံး၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ‌ဆွေး‌နွေးပြီးစီးခဲ့ပြီး နည်းဥပ‌ဒေနှင့် ပတ်သက်၍ ဆက်လက် ‌ဆွေး‌နွေး‌နေဆဲဖြစ် ‌ကြောင်း ကွန်ဂရက်ကျင်းပ‌ရေး‌ကော်မတီ၏ အတွင်း‌ရေးမှူး ပဒို‌စောလှထွန်းက ‌ပြောသည်။

၎င်းက “ကွန်ဂရက် ၉ရက်‌မြောက်‌နေ့အထိက‌တော့ ကျ‌နော်တို့ KNU ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ‌ဆွေး‌နွေးပြီးပါတယ်။ နည်းဥပ‌ဒေ ကို‌တော့ ဆက်လက် ‌ဆွေး‌နွေး‌နေဆဲပဲ ရှိပါ‌သေးတယ်။ ဖွဲ့စည်းပုံထဲမှာပါတဲ့ တစ်ချို့ပြင်ဆင်ဖြည့်စွက်ရမယ့်အချက်‌တွေ လုပ်ထုံး လုပ်နည်း‌တွေက နည်းဥပ‌ဒေထဲမှာ ပြန်လည်ပါဝင်ဆက်စပ်‌နေတဲ့အတွက် ဆက်လက် ‌ဆွေး‌နွေး‌နေဆဲပဲ ဖြစ်ပါတယ်”ဟု‌ကေအိုင် စီသို့ ‌ပြောသည်။

အပိုဒ် ၂၄ပိုဒ် ပါဝင်သည့် ‌ကေအဲန်ယူ ဖွဲ့စည်းပုံဆိုင်ရာ ပြန်လည်သုံးသပ်‌ဆွေး‌နွေးမှုတွင် လက်ရှိ‌ပြောင်းလဲလာသည့် နိုင်ငံ‌ရေးအ ‌ခြေအ‌နေအရ ‌ကေအဲန်ယူ၏ ခရိုင် ၇ခုအပြင် ပြည်တွင်းနှင့် ပြည်ပ‌ရောက် ကရင်အမျိုးသားထုအ‌နေဖြင့် ‌ကေအဲန်ယူနှင့် ပိုမို လက်တွဲလုပ်‌ဆောင်လာနိုင်‌ရေး သ‌ဘောထားများ ချမှတ်ခြင်း၊ အ‌ကောက်ခွန်နှင့် ဘဏ္ဍာ‌ရေးဆိုင်ရာကိစ္စအ‌ပေါ် ထပ်မံ ဖြည့်စွက် ခြင်းများအပြင် အခြားဖွဲ့စည်းအုပ်ချုပ်မှုဆိုင်ရာ အချက်အလက်များကို ‌ဆွေး‌နွေးခဲ့ကြသည်။

ယင်းသို့ ‌ဆွေး‌နွေးကြရာတွင် အစည်းအရုံး၏ အမည်ကို မည်သည့်ကရင်ဘာသာစကားဖြင့်မဆို အဓိပ္ပါယ်မယွင်းဘဲ သုံးစွဲနိုင် ‌ကြောင်း၊ အစည်းအရုံးဝင်ဖြစ်‌ရေးနှင့် ဝင်‌ကြေးဆိုင်ရာများ၊ အစည်းအရုံးဝင်များ၏ အခွင့်အ‌ရေး၊ ကရင့်‌တော်လှန်‌ရေး၏ အ‌ခြေခံ မူ‌လေးချက်၊ ‌ကေအဲန်ယူ၏ အဆင့်ဆင့်‌သော အ‌ခြေခံအဖွဲ့အစည်းများ၊ စည်းကမ်းဆိုင်ရာနှင့် အပြစ်‌ပေးအ‌ရေးယူခြင်းအထိ ပါဝင် သည်။

၎င်းဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို မတ်လ ၂၁ရက်မှစ၍ မတ်လ ၂၄ရက်‌နေ့အထိ ‌လေးရက်တာ ‌ဆွေး‌နွေးခဲ့ကြပြီး ဆက်လက်၍ အ‌ခြေခံဥပ‌ဒေ၏ နည်းဥပ‌ဒေများအပိုင်းကို စတင် ‌ဆွေး‌နွေး‌နေပြီဖြစ်‌ကြောင်း၊ နည်းဥပ‌ဒေဆိုင်ရာ ‌ဆွေး‌နွေးမှုပြီးစီးပါက ‌ကေအဲန် ယူ၏ အ‌ခြေခံလမ်းစဉ်၊ လုပ်ငန်းစဉ်များ၊ ‌ရှေ့လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးချမှတ်သွားမည်ဟု ဆိုသည်။

ထို့အပြင် ကွန်ဂရက်သို့ တက်‌ရောက်လာသည့် မဲထည့်ခွင့်၊ မဲအ‌ရွေးခံပိုင်ခွင့်ရှိကြသည့် ကိုယ်စားလှယ်များက လာမည့် ၄နှစ် သက်တမ်းကို ဦး‌ဆောင်မည့် ‌ခေါင်း‌ဆောင်သစ်များအား ဖွဲ့စည်းပုံပါ ‌ရွေး‌ကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း ‌ရွေး‌ကောက် တင်‌မြှောက်သွားမည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။

ကွန်ဂရက်‌လေ့လာသူအဖြစ် အဂင်္လန်နိုင်ငံမှ တက်‌ရောက်သည့် ‌နော်ထူးခုဆာ့‌စေးက “ဒီကွန်ဂရကဟာ ကျမတို့ရဲ့ အနာဂတ် လမ်း‌ကြောင်းကို ရှင်းရှင်းလင်းလင်း ‌ဆွေး‌နွေးကြမယ်။ ကျမတို့ရဲ့ လိုလား‌တောင်းတတဲ့အရာ‌တွေကို တက်‌ရောက်လာကြတဲ့ ကွန်ဂရက်ကိုယ်စားလှယ်‌တွေအားလုံး ပွင့်ပွင့်လင်းလင်းနဲ့ အတူတကွ ခင်းကျင်းကြဖို့၊ ‌ရှေ့ဆက် ၄နှစ်အတွက် ကျမတို့ အမျိုး သားလွတ်‌မြောက်‌ရေး လှုပ်ရှားမှုအတွက် ဖြစ်နိုင်ရင် ကျမတို့ တစ်စိတ်ထဲ တစ်ဝမ်းထဲရှိဖို့ ကျမအ‌နေနဲ့ ‌မျှော်လင့်ပါတယ်။”ဟု သူမဆန္ဒကို ‌ပြောဆိုသည်။

‌ကေအဲန်ယူ ကွန်ဂရက်၏ အစည်းအ‌ဝေး အစီအစဉ်အရ KNU ၏ ၄နှစ်တာကာလအတွင်း လုပ်‌ဆောင်ခဲ့သည့်လုပ်ငန်းများ၊ စစ် ဘက်ဆိုင်ရာ အစီရင်ခံစာများနှင့် နိုင်ငံ‌ရေးအစီရင်ခံစာများကို တင်ပြ‌ဆွေး‌နွေး အတည်ပြုခဲ့ကြပြီး‌နောက် ယခု ၎င်းတို့အစည်း အရုံး၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများနှင့် သုံးသပ်‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်ဟု ကွန်ဂရက်ကျင်းပ ‌ရေး‌ကော်မတီထံမှ သိရသည်။