Home သတင်း ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံအား ဘုရားသုံးဆူမြို့ခံ ၂၀ဝ ခန့်မှ ကြိုဆို‌ထောက်ခံပွဲပြုလုပ်ခဲ့

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံအား ဘုရားသုံးဆူမြို့ခံ ၂၀ဝ ခန့်မှ ကြိုဆို‌ထောက်ခံပွဲပြုလုပ်ခဲ့

1762

‌ဖေ‌ဖော်ဝါရီ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ကရင်ပြည်နယ်၊ ဘုရာသုံးဆူမြို့တွင် နိုင်ငံ‌ရေးပါတီများ၊ လူငယ်အဖွဲ့နှင့် ‌ဒေသခံများအပါအဝင် အင်အား ၂၀ဝ ခန့်သည် လာမည့် မတ်လအတွင်း ကျင်းပရန်ရှိသည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆို‌ထောက်ခံ‌သောအားဖြင့် ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီ၂၁ ရက်)က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုတစ်ခု ပြုလုပ်သွားခဲ့သည်ဟု သိရသည်။

အဆိုပါ ကြိုဆို‌ထောက်ခံပွဲကို ဘုရားသုံးဆူမြို့ရှိ ငြိမ်းချမ်း‌ရေး ချစ်မြတ်နိုး‌သော လူငယ်များအဖွဲ့မှ ဦး‌ဆောင် ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုက‌ရေစီ ပြည်‌ထောင်စု‌ဖော်‌ဆောင်‌ပေး‌ရေးကို လိုလား သည့်အတွက် ထိုသို့ပြုလုပ်ခြင်းဖြစ်‌ကြောင်း ကြိုဆို‌ထောက်ခံပွဲဦး‌ဆောင်သူတစ်ဦးဖြစ်သူ စသူရ‌အောင်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ဒီ‌ထောက်ခံပွဲကို ဘယ်ပါတီအဖွဲ့ အစည်း‌တွေရဲ့ အတင်းခိုင်း‌စေမှု‌ကြောင့် လုပ်တာ မဟုတ်ပဲ လူမျိုးကြီးဝါဒ၊ လူမျိုးစွဲဝါဒ အမြင်ကျဉ်း‌မြောင်းမှု‌တွေကိုစွန့်ဖယ်ပြီး ဖွံဖြိုးတိုးတက်တဲ့ ဒီမိုက‌ရေစီ ပြည်‌ထောင်စု ‌ဖော်‌ဆောင်‌ပေးနိုင်ဖို့အတွက် မိမိတို့ရဲ့ ခံစားချက်၊ မိဘပြည်သူ‌တွေရဲ့ ‌ထောက်ခံအား‌ပေးမှု‌တွေ နဲ့ပြုလုပ်ခြင်းဖြစ်ပါတယ်”ဟု ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်ခဲ့သည့် ထိုစီတန်းလှည့်လည် ကြိုဆို‌ထောက်ခံပွဲတွင် ၂၁ ပင်လုံညီလာခံအား ‌ထောက်ခံ သည့် စာသားပါသည့် ဆိုင်းဘုတ်များကို ကိုင်‌ဆောင်ကာ စီတန်းလှည့်လည်ခြင်း၊ ၂၁ ပင်လုံညီလာခံအ ‌ခြေခံမှုများနှင့် ရည်ရွယ်ချက်များအား ‌ဟော‌ပြောမှုများပြုလုပ်ခဲ့ကြ‌ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့နယ်တွင် မြန်မာ့တပ်မ‌တော်အပါအဝင် KNU-ကရင်အမျိုး သားအစည်းအရုံး၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA ၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ-KNU/ KNLA(PC) နှင့် မွန်ပြည်သစ်ပါတီ -NMSP စသည့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များရှိသည့်အပြင် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့က မွန်ပြည်သစ်ပါတီနှင့် အစိုးရတပ် မ‌တော်တို့ နှစ်ဖက်စစ်‌ရေးတင်းမာမှု ဖြစ်‌ပေါ်ခဲ့သည့်အတွက် ‌ဒေသခံအချို့ ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွား‌ရောက်ခိုလှုံမှုများရှိခဲ့သည်။

“ကျ‌နော်တို့‌ဒေသမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ‌နေချင်လှပြီ။ လက်ရှိဖြစ်‌နေတဲ့အနိဌာရုံကြီးဟာ ‌ဒေသကို ဘယ်လို မှ ဖွံ့ဖြိုး ‌အောင်မလုပ်နိုင်ဘူး‌လေ။ အခုလည်း ကျီးလန့်စာစားဖြစ်‌နေတယ်။ ၂၁ ပင်လုံကို မြန်မြန်ပြီး‌မြောက် ‌အောင်မြင် ‌စေချင်ပြီ။ တိုင်းရင်းသားအားလုံး စုစုစည်းစည်းနဲ့ တိုင်းပြည်‌ကောင်း‌အောင် ‌ဆောင်ရွက်တာကိုပဲ မြင်ချင်တယ်” ဟု ဘုရားသုံးဆူ ‌ဒေသခံ ဦးချစ်ခင်က ‌ပြောသည်။

ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် ၊ ဩဂုုတ် ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်‌နေ့အထိ ‌နေပြည် ‌တော်တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို မတ်လတွင် ပြန်လည်ကျင်းပရန်ရှိ‌သော်လည်း ကျင်းပမည့် ရက်အတိအကျကို ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ-UPDJC မှ တရားဝင် ထုတ်ပြန်ထားခြင်းမရှိ‌သေး‌ကြောင်း သိရသည်။