Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် နွတ်မီ‌ဝေါတံတား ပြန်လည်ပြုပြင် တည်‌ဆောက်‌နေ

ကြာအင်းဆိပ်ကြီးမြို့နယ် နွတ်မီ‌ဝေါတံတား ပြန်လည်ပြုပြင် တည်‌ဆောက်‌နေ

1788

ဇန်နဝါရီ ၉ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်‌ကျေးရွာအဝင်ရှိ ခလယ်-တံခွန်တိုင်၊ ကျုံခဝန်၊ ဖားပြ၊ အနန်းကွင်း‌ကျေးရွာ များသိုု့ ဆက်သွယ်ထားသည့် နွတ်မီ‌ဝေါတံတားကို ယခုလ ဇန်နဝါရီ ၄ရက်‌နေ့မှ စတင်ကာ ပြန်လည် ပြုပြင်တည်‌ဆောက်‌နေ ပြီးဖြစ်‌ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ နွတ်မီ‌ဝေါတံတားကို ၂၀၁၅ခုနှစ်က တည်‌ဆောက်ခဲ့ခြင်းဖြစ်ပြီး ‌ဆောက်လုပ်ပြီးစီးသည့်နှစ်တွင်ပင် ဖြတ်သန်းသွားလာ မှု များပြားသည့်အတွက် ပျက်စီးမှုအချို့ ဖြစ်‌ပေါ်ခဲ့ရာ ယခုလို ပြန်လည် ပြုပြင်တည်‌ဆောက်ရခြင်းဖြစ်‌ကြောင်း မြို့နယ်လမ်းတံ တားဦးစီးဌာနမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လမ်းတံတားဦးစီးဌာန၊ ဦးစီးမှူး‌စောသိန်း‌ဇော်‌ဌေးက “ခရီးသွားပြည်သူ‌တွေ သွားလာရ အဆင်‌ပြေ ‌အောင် အမြန် ‌ဆောင်ရွက်‌နေတာ‌ပေါ့‌နော်။ အခု ‌လော‌လောဆယ် လမ်းလွှဲလုပ်ထား‌ပေးတယ်။ တံတား‌အောက်‌ခြေအမာခံ လည်း တူး‌နေပါပြီး။ ဇန်နဝါရီလအကုန်မှာ‌တော့ အမြန်ပြီးစီး‌အောင် ‌ဆောင်ရွက်‌ပေးသွားပါမယ်”ဟု ဇန်နဝါရီ ၉ရက်‌နေ့တွင် ‌ကေ အိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် ၂၀၁၆-၂၀၁၇ခုနှစ်တွင် နွတ်မီ‌ဝေါအပါအဝင် ဘုရားငါးဆူ အနန်းကွင်းလမ်းပိုင်း ကြားရှိ တံတား (၁၁)စင်းနှင့် ကတ္တရာလမ်း ၄မိုင် ၅ဖာလုံကိုလည်း ၉ဝရာခိုင်နှုန်းခန့် ‌ဆောက်လုပ်ပြီးစီး‌နေပြီဟု မြို့နယ်လမ်းတံ တားဦးစီးဌာန ဦးစီးမှူး ‌စောသိန်း‌ဇော်‌ဌေးက ဖြည့်စွက်‌ပြောသည်။

ယင်းတံတားကို ပြန်လည် ပြုပြင်‌နေမှုအ‌ပေါ် ကျုံခဝန်ရွာမှ ‌ဒေသခံ ‌စောမြတ်သူက “တံတားက ကျဉ်း‌နေ‌တော့ ဆိုင်ကယ်‌တွေ ခဏ ခဏ ‌မှောက်တယ်။ ကားနဲ့သွားပြန်ရင်လည်း တံတားကျိုးကျမှာကို ‌ကြောက်ရတယ်။ မိုးရာသီမှာဆို ပိုပြီး အန္တရာယ်များ တယ်။ အခုလို လူကြီး‌တွေ လာပြင်‌ပေး‌တော့ သွားလာရ အဆင်‌ပြေတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နွတ်မီ‌ဝေါတံတားသည် ဝင်း‌ရော်‌ဒေသထွက်ကုန်များဖြစ်ကြသည့် ရာဘာ၊ ကွမ်းသီး၊ ‌ရှောက်၊ သံပုရာ၊ နှမ်းနှင့် ‌မြေပဲ စသည်တို့ ကို မုဒုံ၊ ‌မော်လမြိုင်သို့ တင်ပို့ရာတွင် အဓိက အားထားအသုံးပြုရသည့် တံတားတစ်စင်းဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် ဘုရားငါးဆူမှ ကျုံခဝန်-ဖားပြ-အနန်းကွင်းအထိ လမ်းအရှည် ၃၂မိုင်ရှိ ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ‌ရေးနှစ်တွင် ကတ္တရာလမ်း ၄မိုင် ၅ဖာလုံနှင့် တံတား ၁၁စင်းအတွက် ပြန်နယ်အစိုးရ ခွင့်ပြုရန်ပုံ‌ငွေ ကျပ် ၂,၇၇၅သန်း ခွင့်ပြုသုံးစွဲထား‌ကြောင်း သက်ဆိုင်လမ်းတံတားဦးစီးဌာနထံမှ သိရသည်။