Home သတင်း ဘန်‌ကောက်၌ နန်း‌ဌေး‌ဌေးဦး‌သေဆုံးမှု လူမှုကွန်ရက်စာမျက်နှာတွင် ထင်မြင်ချက်အမျိုးမျိုး ဖြစ်‌နေ

ဘန်‌ကောက်၌ နန်း‌ဌေး‌ဌေးဦး‌သေဆုံးမှု လူမှုကွန်ရက်စာမျက်နှာတွင် ထင်မြင်ချက်အမျိုးမျိုး ဖြစ်‌နေ

2452

ဇန်နဝါရီ ၉ရက်၊ ၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ရှိ အခန်းတစ်ခုတွင် ကရင်တိုင်းရင်းသူ နန်း‌ဖော့အဲမွီ (ခ) နန်း‌ဌေး‌ဌေးဦး ‌သေဆုံးခဲ့သည့်သတင်းအ ‌ပေါ် ‌သေဆုံးရခြင်း အ‌ကြောင်းရင်းနှင့် ပတ်သက်၍ လူမှုကွန်ရက် ‌ဖေ့စ်ဘုတ်စာမျက်နှာ‌ပေါ်တွင် ထင်မြင်ချက်များ အမျိုးမျိုး ထွက်‌ပေါ်လျှက်ရှိသည်။

အသက် ၂၂နှစ်အရွယ်ရှိ နန်း‌ဌေး‌ဌေးဦးသည် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်‌နေ့တွင် ဘန်‌ကောက်မြို့၊ ဘန်ခင်နယ်‌မြေရှိ၊ ကွန် ဒိုတိုက်ခန်းထဲတွင် ကြိုးဆွဲချ‌သေဆုံးခဲ့ပြီး သူမ အလုပ်မလာသည့်အတွက် အလုပ်ရှင်ဖြစ်သူက ဇန်နဝါရီ ၃ရက်‌နေ့တွင် သူမ ‌နေထိုင်ရာ တိုက်ခန်းသို့ လိုက်လာစဉ် အ‌လောင်းကို ‌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကနဦး သတင်းထွက်‌ပေါ်ခဲ့သည်။

၎င်းအ‌လောင်းကို ထိုင်းရဲတပ်ဖွဲ့ဝင်များက နီးစပ်ရာ‌ဆေးရုံသို့ ပို့‌ဆောင်စစ်‌ဆေးခဲ့‌သော်လည်း မည်သည့်အတွက်‌ကြောင့် ဖြစ်ပျက် သည်ကို အတိအကျ မထုတ်ပြန်ခဲ့‌သော်လည်း အသက်ရှူလမ်း‌ကြောင်း ‌အောက်စီဂျင် ပြတ်‌တောက်မှု‌ကြောင့် ‌သေဆုံးခြင်းဖြစ် သည်ဟု ‌ကောလဟလ ထွက်‌ပေါ်လာခဲ့သလို ‌သေဆုံးသူအ‌လောင်းကို မီးသၤဂြိုလ်ချိန်ထိ မည်သူတစ်ဦးတစ်‌ယောက်ကိုမျှ ကြည့် ရှုခွင့်မပြုခဲ့ဟု ထိုင်းနိုင်ငံတွင် ထုတ်လွှင့်‌နေသည့် MTF Channel (ရုပ်သံလိုင်း)၏ ‌ဖေ့စ်ဘုတ်စာမျက်နှာတွင် ‌ဖော်ပြထားသည်။

အမှုမှန် ‌ပေါ်‌ပေါက်‌ရေးအတွက် လိုက်လံကူညီ‌ပေး‌နေသူ နန်းမိုးစီစီတိုးက “‌သေတဲ့အချိန်၊ ‌ဆေးရုံ‌ရောက်တဲ့အချိန်၊ ဘုန်းကြီး ‌ကျောင်းပို့ပြီး မီးသၤဂြိုလ်တဲ့အထိ ဘယ်သူမှမမြင်ရဘူး။ မီးသၤဂြိုလ်စက် တာဝန်ရှိတဲ့သူ ‌ပြောတာက ဒီအ‌လောင်းကို ကျန်းမာ‌ရေး ဝန်ကြီးဌာနက ‌ပေးကြည့်လို့ မရဘူးတဲ့။ ‌နောက်တစ်‌ယောက် ‌ပြောတာက ဒီအ‌လောင်းဟာ ရဲစခန်းက‌နေမှ စာရွက်စာတမ်းနဲ့တ ကွ ပို့လာထားပြီးပြီ၊ မဖွင့်ဖို့ ‌ပြောတယ်။ ဈာပန အခမ်းအနားလာတဲ့သူ‌တွေက အ‌လောင်းကိုကြည့်ဖို့ ‌တောင်းဆိုတယ်။ သူ့အစ်မ က ကြည့်ချင်မယ့်ပုံ မ‌ပေါ်ဘူး။ သူ့ညီမ ‌ကောင်း‌ကောင်းသွားပါ‌စေ‌တော့လို့ ‌ပြော‌တော့ ကျန်တဲ့လူက ဘာမှလုပ်လို့မရဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ‌သေဆုံးရသည့် အ‌ကြောင်းရင်းနှင့်ပတ်သက်၍ ရဲစခန်းနှင့် ဆရာဝန်စစ်‌ဆေးချက် စာရွက်စာတမ်းများကို လိုက်လံရှာ ‌ဖွေရရှိ‌တော့မည်ဖြစ်၍ ရရှိလာမည့် စာရွက်စာတမ်းများကိုကြည့်ကာ မည်သို့ ဆက်လုပ်သွားမည်ကို ဘန်‌ကောက်ရှိ ‌ရွှေ့‌ပြောင်း အလုပ်သမားများကို ကူညီ‌ပေး‌နေသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ကိုင်သွားမည်ဟုလည်း နန်းမိုးစီစီတိုးက ‌ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက် ‌ဖေ့စ်ဘွတ်အ‌ကောင့်ပိုင်ရှင် Saw Min Lar က “နန်း‌ဖော့အဲမွီ (ခ) နန်း‌ဌေး‌ဌေးဦး ‌သေတဲ့အ‌ကြောင်းကို ပြည်သူ‌တွေ အားလုံးသိချင်ပါတယ်။ ဒီ သတင်းအားလုံးကို ၃၁ရက်‌နေ့ကစ၍ ၇ရက်‌နေ့အထိ သတင်း‌တွေ အားလုံး အ‌သေချာဆုံး အမှန် လုံးဝ မရှိ‌သေးပါဘူး။ ဒါ‌ကြောင့် ကရင်လူမျိုးအားလုံးသိ‌အောင် တင်ပြ‌ပေးလိုက်ပါတယ်။ ‌နောက် ထပ် ဒီလိုမျိုးမဖြစ်‌အောင်”ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာ‌ပေါ်တွင် ‌ရေးသားထားသည်။

‌သေဆုံးသူ နန်း‌ဖော့အဲမွီသည် ကရင်ပြည်နယ် လှှိုင်းဘွဲမြို့နယ်၊ ‌နောင်ဘို‌ကျေးနယ်ရှိ ကလယ်‌ထော်‌ကျေးရွာ ဇာတိဖြစ်ပြီး ထိုင်း နိုင်ငံ၊ ဘန်‌ကောက်မြို့တွင် အ‌ခြေစိုက် ပြည်ပ‌ရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့ (OKRSO)၏ သင် တန်း‌ကျောင်းသူ‌ဟောင်းတစ်ဦးဖြစ်သည့်အပြင် ဘန်‌ကောက်ရှိ ကရင်ယဉ်‌ကျေးမှုနှင့် ဘာသာ‌ရေးဆိုင်ရာ အဖွဲ့များတွင်လည်း ပါဝင်သူတစ်ဦးဖြစ်သည်ဟု သိရသည်။