Home သတင်း ကရင်၏ လူမျိုးအလိုက် အမျိုးသားအဆင့်‌ဆွေး‌နွေးပွဲတွင် ကာကွယ်‌ရေးနှင့် လုံခြုံ‌ရေးကို ထည့်သွင်းမ‌ဆွေး‌နွေး‌သေး

ကရင်၏ လူမျိုးအလိုက် အမျိုးသားအဆင့်‌ဆွေး‌နွေးပွဲတွင် ကာကွယ်‌ရေးနှင့် လုံခြုံ‌ရေးကို ထည့်သွင်းမ‌ဆွေး‌နွေး‌သေး

1745

ဇန်နဝါရီ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောညွန့်‌သောင်း

နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲအတွက် ကဏ္ဍကြီး ၅ ရပ် အနက် ကာကွယ်‌ရေး နှင့် လုံခြုံ‌ရေးကဏ္ဍသည် ကျယ်ပြန့်သည့်အတွက် ဖား အံမြို့၊ သီရိဖားအံဟိုတယ်၌် ဇန်နဝါရီ ၁၈ရက်မှ ၂ဝရက်‌နေ့အထိကျင်းပသည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ (ကရင်)တွင် ထည့်သွင်း‌ဆွေး‌နွေး‌သေးခြင်းမရှိ‌ကြောင်း ‌ဆွေး‌နွေးပွဲ၏ ‌ပြောခွင့်ရသူ ပဒို မန်းငြိမ်း‌မောင်က ‌ပြော သည်။

ပဒိုမန်းငြိမ်း‌မောင်က “ နိုင်ငံလုံခြုံ‌ရေးကဏ္ဍက‌တော့ အလွန်ကျယ်ပြန့် ခက်ခဲတဲ့အတွက်‌ကြောင့် ကရင်ပြည်နယ်မှာ‌တော့ မ‌ဆွေး‌နွေးဘူး။ ‌နေပြည်‌တော်မှာ ပြန်လည်‌ဆွေး‌နွေးသွားကြမယ်”ဟု ‌ဆွေး‌နွေးပွဲ၏ ပထမ‌နေ့အတွက် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ‌ပြောကြားခဲ့သည်။

၎င်းအပြင် ကဏ္ဍကြီး ၄ ရပ်ဖြစ်သည့် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေးနှင့် ‌မြေယာနှင့်သဘာဝသယံဇာတ စသည့် ကဏ္ဍ၏ မူကြမ်းအား ‌ဆွေး‌နွေးတင်ပြသွားပြီးရရှိလာသည့် အချက်အလက်များကို ပြည်‌ထောင်စု ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဆွေး ‌နွေးမှု ပူးတွဲ‌ကော်မတီ-UPDJCသို့ တင်ပြပြီး‌နောက် အစိုးရ၊ တပ်မ‌တော်၊ နိုင်ငံ‌ရေးပါတီများနှင့် ဒီမိုက‌ရေစီ အင်အားစု စသည့်အဖွဲ့အစည်းတို့က ကရင်အမျိုးသားတို့၏ တင်ပြချက်များကို ပြန်လည်သုံးသပ်‌ဆွေး‌နွေးကြရဦးမည်ဟု ပဒိုမန်းငြိမ်း ‌မောင်က ဆက်‌ပြောသည်။

သူက “ကိုယ်လိုချင်တဲ့ အခွင့်အ‌ရေး‌တွေကို တင်ပြ‌ပေမယ့်လို့ တင်ပြတိုင်းအားလုံး ရမှာ မဟုတ်ပါဘူး။ ကျန်တဲ့ အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်၊ နိုင်ငံ‌ရေးပါတီ၊ ဒီမိုက‌ရေစီ အင်အားစု‌တွေစတဲ့ ကရင်လူမျိုးရဲ့ တင်ပြချက်‌တွေကို သူတို့က ပြန် လည် သုံးသပ်‌ဆွေး‌နွေးပြီး အ‌ပေးအယူလုပ်မယ်။ ဒါ‌ပေမဲ့ တစ်ကြိမ်နဲ့ဆို မပြီးဘူး။ နှစ်‌ပေါင်း ၆ဝ ‌ကျော်ရုန်းကန်‌နေရတဲ့ လူမျိုးတမျိုးအ‌နေနဲ့ တစ်‌နေ့တစ်ရက်တစ်ထိုင်ထဲ‌တော့ ရမှာမဟုတ်ဘူး။ ယုံကြည်မှု‌တွေလည်း ရနိုင်မှာမဟုတ်ဘူး။ ဒါ‌ကြောင့် ယုံကြည်မှုနဲ့ ဒီတိုင်းပြည်ကို ပြန်လည်တည်‌ဆောက် နိုင်မှာဖြစ်တယ်”ဟု ‌ပြောသည်။

‌ဆွေး‌နွေးပွဲ ပထမရက် နံနက်ပိုင်းတွင် တက်‌ရောက်လာသည့် သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များဖြစ်ကြသည့် ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ KNU ဥက္ကဌ၊ အမျိုးသား
ပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန-NRPCမှ ဒုတိယဥက္ကဌ၊ အ‌ရှေ့ ‌တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး အပါအဝင် တက်‌ရောက်လာသည့် ကိုယ်စားလှယ်‌ခေါင်းများမှ အဖွင့်အမှာစကား အသီးသီး‌ပြောကြားခဲ့ပြီး ည‌နေပိုင်းတွင် ၎င်းကဏ္ဍကြီး ၄ ရပ် မူကြမ်းများကို အဆိုတင်သွင်း ဖတ်ကြားခဲ့ကြသည်။

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပရန် ပြည် ‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ-UPDJC မှ ချမှတ်ထားခြင်းဖြစ်ပြီး အဆိုပါ ‌ဆွေး‌နွေးပွဲများသည် လူမျိုးအ လိုက် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ကရင်ပြည်နယ်၊ ‌ဒေသအလိုက်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို တနသာင်္ရီတိုင်း ‌ဒေသကြီးနှင့် ကဏ္ဍအလိုက်‌ဆွေး‌နွေးပွဲကို ‌နေပြည်‌တော် စသည့် ‌ဒေသအသီးသီးများတွင် ဆက်လက် ပြုလုပ်ကျင်း ပသွား ကြမည်ဟု သိရသည်။

ဆက်လက် ကျင်းပလျက်ရှိသည့် ဒုတိယ‌နေ့ အစည်းအ‌ဝေးတွင် ပထမ‌နေ့က တင်ပြချက်များအား အကျဉ်းချုပ် တင်ပြခြင်း၊ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေးနှင့် ‌မြေယာနှင့် သဘာဝသယံဇာတ စသည့် ကဏ္ဍကြီး ၄ ရပ် ကို အုပ်စုဖွဲ့ ‌ဆွေး‌နွေးပြီး‌နောက် ၎င်းကဏ္ဍအလိုက် ‌ဆွေး‌နွေးရရှိချက်များကို ပြန်လည် စုစည်းကြမည်ဖြစ်သည်ဟု ‌ဆွေး‌နွေးပွဲ အရ သိရသည်။