Home သတင်း (၁၆)ကြိမ်‌မြောက် ကွန်ဂရက်တွင် ပြည်တွင်း၊ပြည်ပမှ တက်‌ရောက်မည့်သူများကို ‌လေ့လာသူအဖြစ်သာ KNU သတ်မှတ်

(၁၆)ကြိမ်‌မြောက် ကွန်ဂရက်တွင် ပြည်တွင်း၊ပြည်ပမှ တက်‌ရောက်မည့်သူများကို ‌လေ့လာသူအဖြစ်သာ KNU သတ်မှတ်

1468

ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

လာမည့် မတ်လ ၁၄ရက်‌နေ့တွင် စတင်ကျင်းပမည့် ၁၆ကြိမ်‌မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ဂရက်တွင် ပြည် တွင်းမှ ကရင်နိုင်ငံ‌ရေးပါတီ၊ လူမှုအဖွဲ့အစည်းနှင့် ပြည်ပမှတက်‌ရောက်မည့်သူများကို ‌လေ့လာသူအဖြစ်သာ တက်‌ရောက်ခွင့်ပြု မည်ဟု ဒီဇင်ဘာလ ၂၂ရက်(ယမန်‌နေ့)က ‌ကေအဲန်ယူနယ်‌မြေတစ်‌နေရာတွင် ကျင်းပသည့် KNU ဗဟို အလုပ်အမှု‌ဆောင် အစည်းအ‌ဝေး၌ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

KNU ကွန်ဂရက် ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌဖြစ်သူ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “KNU ကွန်ဂရက်ဆိုတာ ‌ကေအဲန်ယူရဲ့ အ‌ခြေခံ‌ဒေသ အသီးသီးက‌နေ ဖွဲ့စည်းတည်‌ဆောက်ထားတဲ့ ‌ကျေးရွာ၊ ‌ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်အဆင့် ရှိတဲ့ ကိုယ်စားလှယ်‌တွေသာလျှင် KNU ကိုယ်စားလှယ်အဖြစ် ‌ရွေးချယ်ခြင်း၊ တင်‌မြှောက်ခြင်းတို့ကို လုပ်ပိုင်ခွင့်ရှိတဲ့အတွက်‌ကြောင့် ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့က ကျင်းပသည့် အဆိုပါ ဗဟိုအလုပ်အမှု‌ဆောင်အစည်းအ‌ဝေးတွင် KNU ၏ အဖွဲ့ဝင် (၁၁)ဦးရှိသည့်အနက် ၁ဝဦး တက်‌ရောက်ခဲ့ကြပြီး ပြည်တွင်း၊ပြည်ပမှ တက်‌ရောက်လာမည့်သူများကို ကိုယ်စားလှယ်အဖြစ် တက်‌ရောက်ခွင့်ပြု‌ရေး၊ မပြု‌ရေး နှင့်ပတ်သက်၍ အဓိကထား ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့‌ဆွေး‌နွေးရာတွင် ပြည်တွင်း ကရင်နိုင်ငံ‌ရေးပါတီများ၊ လူမှုအဖွဲ့အစည်းများအတွက် ၁၅ဦးနှင့် ပြည်ပနိုင်ငံများ၌ KNU က ခန့်အပ်ထားသည့် ကိုယ်စားလှယ် ၁၅ဦးအနက် ၇ဦးသာ ခွင့်ပြုမည်ဖြစ်ပြီး ၎င်း KNU ကိုယ်စားလှယ်များကိုလည်း ‌လေ့လာသူ များအဖြစ်သာ တက်‌ရောက်ခွင့်ပြုမည်ဟု KNU က ‌ပြောသည်။

ထို့အတူ ပြည်တွင်းရှိ ကရင်နိုင်ငံ‌ရေးပါတီများနှင့် ပြည်တွင်း၊ ပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းများ ဖိတ်ကြားမှုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် မချမှတ်‌သေးသလို ၎င်းကိစ္စရပ်များကို ဖိတ်ကြား‌ရေး‌ကော်မတီမှ တာဝန်ယူကာ လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း လည်း KNU ၏ ကျင်းပ‌ရေး‌ကော်မတီက ‌ပြောသည်။

ယခု KNU ကွန်ဂရက်ကို ပြီးခဲ့သည့် နိုဝင်ဘာလက ကျင်းပမည်ဟု လျာထားခဲ့‌သော်လည်း နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ပေါ် မူတည်၍ လအနည်းငယ် ‌ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး ၁၅ကြိ်မ်‌မြောက် ကွန်ဂရက်ကို ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလတွင် ‌ကေအဲန်ယူနယ်‌မြေ၊ ‌လေးဝါး စခန်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။