Home သတင်း ဝင်း‌ရော်‌ဒေသ၏ ၇၉ကြိမ်‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ပွဲ‌တော် လူထုအလွှာစုံ ဆင်နွဲ

ဝင်း‌ရော်‌ဒေသ၏ ၇၉ကြိမ်‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ပွဲ‌တော် လူထုအလွှာစုံ ဆင်နွဲ

1546

ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ ခလယ်-တံခွန်တိုင်‌ကျေးရွာ၌ ယ‌နေ့ ပြုလုပ်ကျင်းပသည့် ၇၉ကြိမ် ‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်သို့ အလွှာစုံလူထုပရိဿတ်‌ပေါင်း တစ်‌ထောင်‌ကျော် ပါဝင်တက်‌ရောက် ဆင်နွဲခဲ့ကြ သည်။

ဝင်း‌ရော်‌ဒေသ၏ ‌ကျေးရွာ‌ပေါင်း ၂၀‌ကျော်မှ ‌ဒေသခံလူထုများ အပါအဝင် ကြာအင်းဆိပ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူ၊ ရဲမှူးဦးဝင်းနိုင်နှင့် အစိုးရတာဝန်ရှိသူများ၊ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဝင်း‌ရေးမြို့နယ် ဥက္ကဋ္ဌ ပဒို‌စော‌မောင်‌ရွှေ၊ နယ်ခြား‌စောင့်တပ် (ဘီဂျီအက်ဖ်) အမှတ် (၁၀၂၁)မှ တာဝန်ရှိသူများ၊ နိုင်ငံ‌ရေးပါတီ၊ အရပ်ဖက်အဖွဲ့မှ တာဝန်ရှိသူများက ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

ပွဲ‌တော်ဖြစ်‌မြောက်‌ရေး ‌ကော်မတီ ဥက္ကဋ္ဌ ‌စောကြည်စိုးက “ပြီးခဲ့တဲ့ နှစ်ကထက်စာရင် ဒီနှစ်က လူ‌တွေ တက်‌ရောက်တာ ပိုများ လာတယ်။ ထူးခြားတာက ‌ကေအဲန်ယူက မြို့နယ်ဥက္ကဋ္ဌနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲမှူးတို့၊ ‌နောက်ပြီး ဘီဂျီအက်ဖ်တပ်ကပါ ပါဝင်တက်‌ရောက်လာတာကို ‌တွေ့ရတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ပြုလုပ်သည့် နှစ်သစ်ကူး‌နေ့အခမ်းအနားတွင် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်မှ ‌ပေးပို့လာ‌သောာ သဝဏ်လွှာ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၏ သဝဏ်လွှာ၊ ‌ကေအဲန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၏ သဝဏ်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများဘက်မှ ဖတ်ကြားခဲ့ကြသည်။

ထို့အပြင် ကရင်နှစ်သစ်ကူးပွဲ‌တော်၏ ကရင်ရိုးရာဒုံးအကပြိုင်ပွဲများ၊ ရိုးရာ လက်‌ဝှေ့ပြိုင်ပွဲ၊ ဖီ့ဘူး‌ယော်(စပါး‌စောင့်နတ်)အား ပူ‌ဇော်ပသခြင်း အပါအဝင် ကရင်‌တေးသရုပ်‌ဖော်နှင့် ရိုးရာ‌တေးသီချင်းများကို သီဆို‌ဖျော်‌ဖြေခဲ့ကြသည်။

အခမ်းအနားသို့ တက်‌ရောက်လာသူ ခလယ်‌ကျေးရွာမှ ‌စောရှား‌ဖောင်က“ဒီနှစ်သစ်ကူးကို ပွဲ အ‌ခြေခံပြီး‌တော့မှ အမျိုးသား‌ရေး စိတ်ဓာတ်‌တွေ နိုးကြားလာတာပါ။ ဒီနှစ်သစ်ကူးအတွက်ပဲ လူမျိုး‌ရေး‌တွေ ကဏ္ဍ‌ပေါင်းစုံက‌နေ အသစ်တစ်ဖန် နိုးထလာကြ တယ်။ ဒါကို ‌ရေရှည်ထိန်းသိမ်းဖို့က ကရင်အမျိုးသားအားလုံးမှာ တာဝန်ရှိကြပါတယ်”ဟု ‌ပြောသည်။

ဝင်း‌ရော်‌ဒေသ၏ ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ပွဲ‌တော်ကို နှစ်စဉ်ကျင်းပလာခဲ့ပြီး ယခုနှစ် ကျ‌ရောက်သည့် ၇၉ကြိမ်‌မြောက် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်ကို ‌နေပြည်‌တော် အပါအဝင် မြန်မာနိုင်ငံတွင်း ကရင်လူမျိုးများ‌နေထိုင်ရာ ပြည်နယ်နှင့် တိုင်း‌ဒေသ သီးသီးတို့အပြင် ပြည်ပ‌ရောက် ကရင်အမျိုးသားများကလည်း အသီးသီးကျင်းပခဲ့ကြသည်။