Home သတင်း အစိုးရ၊ အရပ်ဖက်၊ တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများ ကျန်းမာ‌ရေးနှီး‌နှောဖလှယ်ပွဲပြုလုပ်ခဲ့

အစိုးရ၊ အရပ်ဖက်၊ တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများ ကျန်းမာ‌ရေးနှီး‌နှောဖလှယ်ပွဲပြုလုပ်ခဲ့

1938

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့ အများစုဖြင့် ဖွဲ့စည်းထား‌သော ကျန်းမာ‌ရေး‌ပေါင်းစည်းမှု အမာခံအင်အားစု (HCCG)က ဦး‌ဆောင်၍ အစိုးရ၊ အရပ်ဖက်နှင့် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများ ပါဝင်သည့် ကျန်းမာ‌ရေးနှီး‌နှောဖလှယ်ပွဲတစ်ခုကို ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် ဒီဇင်ဘာလ ၁၉ရက်မှ ၂ဝရက်‌နေ့အထိ ၂ရက်တာ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် ဗဟိုချုပ်ကိုင်မှု‌လျှော့ချ‌သော ကျန်းမာ‌ရေးစနစ်တစ်ခု ပိုမိုအား‌ကောင်းစွာ ဖြစ်ထွန်းလာ‌စေရန် Seminar to Strengthen the Decentralized Health System in Burma/Myanmar ‌ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ယင်းနှီး‌နှောဖလှယ်ပွဲတွင် မြန်မာနိုင်ငံ၏ သင့်‌တော်သည့် နိုင်ငံ‌ရေးစနစ်တစ်ခုနှင့်ကိုက်ညီ‌သော ကျန်းမာ‌ရေးစနစ်တစ်ခုအတွက် အပြန်အလှန် ‌ဆွေး‌နွေးခဲ့ ကြသည်ဟု HCCG ၏ ‌ပြောခွင့်ရသူ ‌ဒေါက်တာစင်သီယာ‌မောင်က ‌ပြောသည်။

သူမက “ကျမတို့ နိုင်ငံ‌ရေးဖြစ်စဉ်‌ပေါ် အ‌ခြေခံပြီး‌တော့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှု‌တွေ‌တော့ အပြန်အလှန်လုပ်ရမယ်။ နိုင်ငံ ‌ရေးဖြစ်စဉ်အ‌ပေါ်မှာ ကြည့်ပြီး‌တော့မှ ကျန်းမာ‌ရေးစနစ်တစ်ခု တည်‌ဆောက်ဖို့အတွက် ကျမတို့ပြည်သူလူထုနဲ့၊ ‌ဒေသအလိုက်နဲ့ အ‌ကောင်းဆုံးသင့်‌တော်တဲ့ နိုင်ငံ‌ရေးစနစ်နဲ့ကိုက်ညီတဲ့ ကျန်းမာ‌ရေးစနစ်ကို ‌ရေးဆွဲသွားနိုင်ဖို့‌တော့ ဆက်လက် ‌တွေ့ဆုံရမှာ ဖြစ် ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကျန်းမာ‌ရေး အဖွဲ့အစည်းမှ ကိုယ်စားလှယ် များ၊ ကျန်းမာ‌ရေးလုပ်ငန်း လုပ်‌ဆောင်‌နေသည့် လူထုအ‌ခြေပြုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်‌သော အဖွဲ့အစည်း ကိုယ်စားလှယ်များ စုစု‌ပေါင်း (၉၀)ဦးတက်‌ရောက်ခဲ့သည့် ၎င်းနှီး‌နှောဖလှယ်ပွဲတွင် လက်ရှိ မြန်မာနိုင်ငံ၏ ကျန်းမာ‌ရေးအ‌ခြေအ ‌နေ၊ ဗဟိုချုပ်ကိုင်မှု‌လျှော့ချ‌သော ကျန်းမာ‌ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပိုမိုအား‌ကောင်းသည့် ကျန်းမာ‌ရေးစနစ် ‌ပေါ်‌ပေါက်လာ‌ရေး ကိစ္စရပ်များနှင့် အနာဂတ်ဖက်ဒရယ်ပြည်‌ထောင်စု အမျိုးသားကျန်းမာ‌ရေး မူဝါဒစာတမ်းကို တင်သွင်း‌ဆွေး‌နွေးခဲ့ကြသည်။
eccg-meeting-dec-20_
၎င်းအပြင် မြန်မာနိုင်ငံ၊ အမျိုးသားကျန်မာ‌ရေးစီမံကိန်းကို ရှင်းလင်းခြင်းနှင့် အမျိုးသားကျန်းမာ‌ရေးစီမံကိန်းတွင် တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့များ၏ အ‌ရေးကြီး‌သော အခန်းကဏ္ဍများ၊ လူတိုင်း လက်လှမ်းမီနိုင်‌သော ကျန်းမာ‌ရေးလွှမ်းခြုံမှု(Universal Health Coverage)နှင့် ကျန်းမာ‌ရေးဆိုင်ရာ ဘဏ္ဍာ‌ရေးကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့ကြပြီး ကျန်းမာ‌ရေးမူဝါဒနှင့် လုပ်ငန်းစဉ်ဆိုင် ရာ ကိစ္စရပ်များကို ဆက်လက် ညှိနှိုင်း အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ရန် သ‌ဘောထားများ ရရှိခဲ့ကြသည်ဟု HCCG က ‌ပြောသည်။

မွန်အမျိုးသားကျန်းမာ‌ရေး‌ကော်မတီ-MNHC မှ ‌ပြောခွင့်ရသူ နိုင်‌ဇော်မင်းဦးက “ကျ‌နော်တို့က ရှင်းရှင်း‌ပြောရရင် သူတို့က UHC ကို ‌ဖော်‌ဆောင်မယ်ဆိုရင်‌တော့ ‌ကောင်းပါတယ်။ အားလုံး လက်လှမ်းမီတဲ့ ကျန်းမာ‌ရေးစနစ်ကို ရ‌စေတာ‌ပေါ့။ ဒါ‌ပေမဲ့ ကျ‌နော်တို့ တိုင်းရင်းသား‌တွေမှာက အားလုံး ပါဝင်နိုင်‌အောင်ဆိုရင် ဗဟိုချုပ်ကိုင်မှုစနစ် ‌လျော့ချဖို့ အဲ့ဒါကျ‌နော်တို့ လိုအပ်‌နေတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကျန်းမာ‌ရေးဆိုင်ရာ ဆုံချက်ရနိုင်‌ရေး ရည်ရွယ်ပြီး ကျန်းမာ‌ရေး‌ပေါင်းစည်းမှုအမာခံအင်အားစု(HCCG) ကို တိုင်းရင်းသားကျန်းမာ ‌ရေးအဖွဲ့(၈)ဖွဲ့ဖြစ်ကြသည့် မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း(BMA)၊ နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ (BPHWT)၊ ကရင်ကျန်းမာ‌ရေးနှင့် လူမှုကယ်ဆယ်‌ရေးဌာန(KDHW)၊ မယ်‌တော်‌ဆေးခန်း(MTC)၊ မွန်အမျိုးသားကျန်းမာ‌ရေး ‌ကော်မတီ(MNHC)၊ ကရင်နီ နယ်လှည့်ကျန်းမာ‌ရေး‌ကော်မတီ(KnMHC)၊ ချင်းပြည်သူ့စီမံခန့်ခွဲအုပ်ချုပ်‌ရေး‌ကော်မတီ(CPAC)နှင့် ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်‌ရေး ‌ဖောင်‌ဒေးရှင်း(SSDF)တို့ဖြင့် ၂၀၁၂ခုနှစ်၊ ‌မေလက စတင် ဖွဲ့စည်းခဲ့သည်။