Home သတင်း ထိုင်းနယ်စပ်၊ မယ်‌တော်‌ဆေးခန်းတွင် တစ်လအတွင်းပျမ်းမျှ က‌လေးဦး‌ရေ ၂၀၀‌ကျော် ‌မွေးဖွား‌ပေး‌နေရ

ထိုင်းနယ်စပ်၊ မယ်‌တော်‌ဆေးခန်းတွင် တစ်လအတွင်းပျမ်းမျှ က‌လေးဦး‌ရေ ၂၀၀‌ကျော် ‌မွေးဖွား‌ပေး‌နေရ

1602

နိုဝင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ (စဖန်း‌ရှောင်း၊ ‌စောချာလု)

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းတွင် လာ‌ရောက်ပြသသည့် ကိုယ်ဝန်‌ဆောင်မိခင်များအား ယခုနှစ်အ တွင်း တစ်လလျှင် ပျမ်းမျှ က‌လေးဦး‌ရေ ၂၀၀‌ကျော်နှုန်း ‌မွေးဖွားမှုများ ပြုလုပ်‌ပေး‌နေရ‌ကြောင်း မယ်‌တော်‌ဆေးခန်းမှ ပြုစုထား သည့် စာရင်းများအရ သိရသည်။

အဆိုပါ ‌မွေးဖွားနှုန်းမှာ မယ်‌တော်‌ဆေးခန်းမှ ပြုစုထားသည့် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလအထိ စာရင်းများအရဖြစ်ပြီး ယခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ က‌လေး‌ပေါင်း ၁,၈၉၉ဦးကို ‌မွေးဖွား‌ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

က‌လေး‌မွေးဖွားမှု အ‌ခြေအ‌နေများနှင့် ပတ်သက်၍ ‌မွေးစာရင်းဋ္ဌာနမှ ဆရာမ‌နော်တာမလာဝါးက “အခုနှစ်က တစ်ရက်ကို ပျမ်းမျှ ၇‌ယောက်နဲ့ ၁၀‌ယောက်အကြား ‌မွေး‌ပေး‌နေရတယ်။ အရင်နှစ်က နှုန်းထက်စာရင် သိပ်‌တော့ မကွာလှဘူး။ နှစ်မကုန်‌သေး‌တော့ စာရင်းအတိအကျ‌တော့ မချုပ်ရ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

မယ်‌တော်‌ဆေးခန်းမှ ပြုစုထားသည့်စာရင်းများအရ ၂၀၁၅ခုနှစ်တွင် တစ်လလျှင် ပျမ်းမျှ က‌လေးဦး‌ရေ ၂၂ဝဦးခန့် ‌မွေးဖွား‌ပေးခဲ့ ရပြီး ယင်းတစ်နှစ်အတွင်း ‌ဆေးခန်းမှ ‌မွေးဖွား‌ပေးသည့် က‌လေးဦး‌ရေ စုစု‌ပေါင်း ၂၆၃၉ဦးရှိ‌ကြောင်း သိရသည်။

ယင်းသို့ လာ‌ရောက်‌မွေးဖွားရာတွင် ယခုနှစ်၂၀၁၆ စက်တင်ဘာအထိ ထိုင်းနိုင်ငံရှိ မြန်မာကိုယ်ဝန်‌ဆောင်မိခင် ၁၁၈၉ဦးနှင့် မြန် မာဘက်ခြမ်းမှ ကိုယ်ဝန်‌ဆောင်မိခင် ၇၁ဝဦးရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ထိုင်းနိုင်ငံမှ ၆၃ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှ ၃၇ ရာခိုင်နှုန်းရှိ‌နေ‌ကြောင်း မယ်‌တော်‌ဆေးခန်း၏ စာရင်းတွင် ‌ဖော်ပြထားသည်။

ထို့အတူ လာ‌ရောက်‌မွေးဖွားသူ က‌လေးသူငယ်များအား တီဘီ‌ရောဂါကာကွယ်‌ဆေး၊ အသဲ‌ရောင် အသားဝါ ကာကွယ်‌ဆေး၊ ပိုလီယို‌ရောဂါကာကွယ်‌ဆေး၊ ပါးကြိတ်‌ရောင်နှင့် ဝက်သက်‌ရောဂါ ကာကွယ်‌ဆေး၊ ကြက်ညှာ၊ ဆုံဆို့နာ၊ ‌မေးခိုင်ကာကွယ်‌ဆေး များကို ‌ဆေးခန်းမှ အခမဲ့ ‌ဆေးထိုး‌ပေး‌လေ့ရှိသည်။

မြန်မာပြည်တွင်းအပြင် နယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ အားထားရာ မယ်‌တော်‌ဆေးခန်းမှာ ယခုနှစ် ‌မေလတွင် ‌နေရာသစ်သို့ ‌ပြောင်း‌ရွှေ့ဖွင့်လှစ်ပြီး‌နောက်ပိုင်း မြန်မာပြည်တွင်းမှ ‌ဆေးခန်းတွင် လာ‌ရောက်ကုသသူ အနည်းငယ် ‌လျော့ကျလာ ‌ကြောင်း လူနာမှတ်တမ်းများအရ သိရသည်။

“အခု နည်းနည်း‌လျော့လာတယ်လို့‌တော့ ထင်ရတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ‌ဆေးခန်းအ‌ပြောင်းအလဲ‌ကြောင့်‌လေ။ တစ်ချို့က ‌နေရာမသိလို့၊ တချို့ကလည်း သွားလာ‌ရေးအခက်အခဲ‌တွေ‌ကြောင့်လည်း ဖြစ်မယ်ထင်တယ်”ဟု ‌ဆေးခန်း၏ Community Operations မှ Deputy Director ဖြစ်သူ ‌နော်အဲနီက ‌ပြောသည်။

မယ်‌တော်‌ဆေးခန်း၏ အခမဲ့ ကျန်းမာ‌ရေး‌စောင့်‌ရှောက်‌ပေး‌နေမှုများ‌ကြောင့် ‌ဆေးခန်းတွင် လာ‌ရောက်ပြသသူ က‌လေးလူနာဦး ‌ရေမှာ ပြီးခဲ့သည့် ၂၀၁၅ခုနှစ်အတွင်း ၇၃,၅၆၅ဦးရှိခဲ့ပြီး ၂၀၁၆၊ စက်တင်ဘာလအထိ ၃၆,၆၀၆ဦးရှိခဲ့‌ကြောင်း ‌ဆေးခန်း၏ စာရင်း တွင် ‌ဖော်ပြထားသည်။

မယ်‌တော်‌ဆေးခန်းကို ၁၉၈၈ခုနှစ်၊ မြန်မာပြည်တွင် လူထုအ‌ရေး‌တော်ပုံ ဖြစ်‌ပေါ်ပြီး‌နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့ တိမ်း ‌ရှောင်လာသည့် ၈၈မျိုးဆက်‌ကျောင်းသားများက ၁၉၈၉ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ပြီး လက်ရှိ တစ်ရက် ပျမ်းမျှ လူနာဦး‌ရေ ၃၀၀‌ကျော်ကို ပုံမှန် ကုသ‌ပေးလျှက်ရှိသည်။