Home သတင်း စိတ်ကူးဖြင့် ဖန်တီးသည့် စွန့်ပစ်ပစ္စည်းများ၏ စွန့်ဦးတီထွင်မှုပြိုင်ပွဲ ပထမဦးဆုံးအကြိမ် ကျင်းပ‌တော့မည်

စိတ်ကူးဖြင့် ဖန်တီးသည့် စွန့်ပစ်ပစ္စည်းများ၏ စွန့်ဦးတီထွင်မှုပြိုင်ပွဲ ပထမဦးဆုံးအကြိမ် ကျင်းပ‌တော့မည်

2032

နိုဝင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်ရှိ လူငယ်များအ‌နေဖြင့် မိမိတို့၏စိတ်ကူးဖြင့် ပြုလုပ်ဖန်တီးထားသည့် စွန့်ပစ်ပစ္စည်းများ စွန့်ဦးတီထွင်မှု ပြိုင်ပွဲတစ် ရပ်ကို ကရင်ပြည်နယ်၊ စွန့်ဦးတီထွင်မှု လူငယ်ကွန်ရက်အဖွဲ့မှ ဦး‌ဆောင်ကာ ပထမဦးဆုံးအကြိမ်အဖြစ် လာမည့် နိုဝင်ဘာလ ၁၉ ရက်‌နေ့တွင် ဖားအံမြို့၊ ကန်သာယာ‌ရှေ့ရှိ ကန်သာဦးခန်းမ‌ဆောင်၌ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

စွန့်ဦးတီထွင်ခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် အများအသုံးပြုနိုင်သည့် ဆန်းသစ်တီထွင်မှုများ ကို လူထုများ သိရှိလာ‌စေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို အ‌ခြေခံသည့် တာဝန်သိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်‌လေ‌စေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်ဟု စွန့်ဦးတီထွင်အဖွဲ့ဝင်တဦးဖြစ်သူ ‌စောဂျွန်က‌ညော‌စေးက ‌ပြောသည်။

“ဒီလို ပြိုင်ပွဲကျင်းပလိုက်ခြင်းဟာ ‌ဒေသအတွင်းရှိ လူငယ်များ စွန့်ဦးတီထွင်လုပ်ငန်းကို စိတ်ဝင်စားလာ‌အောင်၊ သဘာဝပတ်ဝန်း ကျင်ကိုလည်း ထိန်းသိမ်းတဲ့အ‌နေနဲ့ စွန့်ပစ်ပစ္စည်းများကို လူသုံးကုန်ပစ္စည်းအဖြစ်မှ ပြန်လည် အသုံးပြုသွားလာနိုင်မှာဖြစ်ပြီး ဒီ လုပ်ငန်းကို အသက်‌မွေးဝမ်း‌ကြောင်းပြုနိုင်တဲ့အထိ ကူညီလုပ်‌ဆောင်‌ပေးသွားမယ်”ဟု သူက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

အဆိုပါပြိုင်ပွဲသို့ ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကရင်လူငယ်ကွန်ရက်အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်များကို လက်လှမ်း မှီသ‌လောက် ဖိတ်ကြားထားပြီးဖြစ်ပြီး ကရင်ပြည်နယ် ‌ဒေသခံလူထုများအ‌နေဖြင့်လည်း လူငယ်များ၏ တီထွင်မှုများပြိုင်ပွဲသို့ လာ‌ရောက်အား‌ပေးကြည့်ရှု‌စေချင်‌ကြောင်း ‌စောဂျွန်က‌ညော‌စေးက ဆက်‌ပြောသည်။

ပြိုင်ပွဲဝင်မည့်သူများအ‌နေဖြင့် မိမိတို့ ပြုလုပ်ဖန်တီးထားသည့် ပစ္စည်းများမှာ စွန့်ပစ်ပစ္စည်းများဖြစ်ရမည်၊ ကိုယ်ပိုင်စိတ်ကူးဖြစ်ရ မည်၊ ပြုလုပ်ဖန်တီးထားသည့် ပစ္စည်းများမှာ ပြုလုပ်ပုံအဆင့်ဆင့်နှင့် အသုံးပြုနိုင်မည့် နည်းလမ်းများကိုလည်း ရှင်းလင်းတင်ပြရ မည်ဖြစ်ပြီး ပြိုင်ပွဲတွင် တစ်ဦးမှ ငါးဦးအထိ အဖွဲ့လိုက်ဖြစ်‌စေ၊ တစ်ဦးတစ်‌ယောက်အ‌နေဖြင့်ဖြစ်‌စေ ဝင်‌ရောက်ယှဉ်ပြိုင်နိုင်သည် ဟူ‌သော စည်းကမ်းချက် သတ်မှတ်ထားသည်ဟု သိရသည်။

ပြိုင်ပွဲ‌နေ့ နံနက်ပိုင်းအချိန်တွင် ရန်ကုန်မှ ပညာရှင်များက စွန့်ဦးတီထွင်မှုနှင့်သက်ဆိုင်သည့် အ‌ကြောင်းအရာများကို ‌ဆွေး‌နွေး မည်ဖြစ်ပြီး မွန်းလွဲပိုင်းအချိန်တွင် ပြိုင်ပွဲဝင်‌ရောက်ယှဉ်ပြိုင်ထားသည့် စွန့်ဦးတီထွင်ပစ္စည်းများအား မည်သို့အသုံးပြုပုံ၊ အသုံးဝင် ပုံများကို သက်ဆိုင်ရာလူငယ်များက သရုပ်‌ဖော် ရှင်းလင်းသွားမည်ဖြစ်သည်။

ကရင်ပြည်နယ် စွန့်ဦးတီထွင်မှု လူငယ်ကွန်ရက်အဖွဲ့ကို ယခု ၂၀၁၆ခုနှစ်လယ်ပိုင်းတွင် ‌ဒေသခံလူငယ် ၂ဝဦးမှ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ လူမှု‌ရေးအဖွဲ့နှင့် စီးပွား‌ရေးလုပ်ငန်း လုပ်ကိုင်‌နေကြသည့် လူငယ်တို့က စု‌ပေါင်းဖွဲ့စည်းထား သည်။