Home သတင်း ကြွက်ဖျက်ဆီးမှု‌ကြောင့် မြို့နယ် ၃ခုမှ ‌တောင်ယာစပါးခင်း သုံးပုံတစ်ပုံ ပျက်စီးဆုံးရှုံး

ကြွက်ဖျက်ဆီးမှု‌ကြောင့် မြို့နယ် ၃ခုမှ ‌တောင်ယာစပါးခင်း သုံးပုံတစ်ပုံ ပျက်စီးဆုံးရှုံး

3308
‌အောက်တိုဘာ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်‌ဒေသ၊ ဖာပွန်ခရိုင်အတွင်းရှိ လူ‌သော၊ ဒွယ်လိုး၊ ဘူးသိုမြို့နယ်များတွင် ‌တောင် ယာစပါးများကို စတင်စိုက်ပျိုးသည့် ပြီးခဲ့သည့်ဇွန်လမှစတင်ကာ ‌တောင်ယာစပါးခင်းများတွင် ကြွက်များ၏ ဖျက်ဆီးမှုဒဏ်ခံလာ ခဲ့ရပြီး အချို့‌သော ‌တောင်ယာနှင့် စပါးခင်းများမှာ သုံးပုံတစ်ပုံခန့် ပျက်စီးဆုံးရှုံး‌နေ‌ကြောင်း KNU ဖာပွန်ခရိုင် အတွင်း‌ရေးမှူး ပဒို ‌စောထဲဒယ်က ‌ပြောသည်။

“ဟိုး ‌တောင်ယာစပြီး စူးထိုးတဲ့အချိန်ကတည်းက စပါး‌စေ့‌တွေကို ကြွက်ဖျက်ဆီးတာ ခံရတာ‌ပေါ့။ အခု စပါးရိတ်ခါနီးလည်း ထပ် အဖျက်ခံရတယ်။ ကြားရသ‌လောက်က‌တော့ တချို့ဆို တစ်ခင်းလုံးပျက်စီးသွားတယ်။ ပျက်စီးမှုက အနည်းအများပဲ ကွာတယ်။ အကုန်လုံးခြုံ‌ပြောရရင်‌တော့ မြို့နယ် ၃ခုမှာ ပျက်စီးမှုနှုန်းက သုံးပုံတစ်ပုံ‌လောက်ရှိတယ်”ဟု ပဒို‌စောထဲဒယ်က ‌ပြောသည်။

ယင်း‌တောင်ယာစပါးပျက်စီးမှု အ‌ခြေအ‌နေများ‌ကြောင့် ပိုးသတ်‌ဆေး၊ ‌ဆေးဖြန်းကိရိယာများ စသည့်အကူအညီတချို့ ရရှိခဲ့‌သော် လည်း လုံ‌လောက်မှု မရှိခဲ့သလို ကာကွယ်နှိမ်နင်းနိုင်‌ရေး နည်းလမ်းများနှင့် ‌ဒေသခံများ၏ ဆုံးရှုံးခဲ့ရမှုများအတွက် ‌ကေအဲန်ယူ အ‌နေဖြင့် ကြိုးစား‌ဆောင်ရွက်‌ပေးသွားမည်ဖြစ်‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

‌တောင်ယာစပါးပျက်စီးမှု အ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး KNU ဖာပွန်ခရိုင် တာဝန်ရှိသူများ၏ လက်ရှိ ‌ကောက်ယူထားသည့် စာရင်းများအရ ဒွယ်လိုးမြို့နယ်အတွင်းရှိ ‌တောင်ယာစပါးခင်း ၁၀၉၂ခင်းအနက် ၃၆၄ခင်းနှင့် လယ်ဧက ၁၅ဧက၊ ဘူးသိုမြို့နယ် ရှိ ‌တောင်ယာစပါး ၇၆၈ခင်းအနက် ၃၁၅ခင်းတို့မှာ လုံးဝ ပျက်စီးသွား‌ကြောင်း သိရသည်။

ကျန်ရှိ‌နေသည့် လူ‌သောမြို့နယ်အတွင်းမှ စပါးခင်း ပျက်စီးမှုအ‌ခြေအ‌နေများကိုမူ စာရင်း လိုက်လံ‌ကောက်ယူ‌နေဆဲဖြစ်ပြီး ပြီးခဲ့ သည့် ဇူလိုင်လက အဆိုပါမြို့နယ်အတွင်းရှိ ‌ပေး‌ကေး‌ကျေးရွာအုပ်စု၊ ‌သေ့ခယ်မုဒဲ‌ကျေးရွာအနီးမှ စိုက်ပျိုးပြီးခါစ လယ်ယာ‌မြေ များတွင် စပါးဖျက်ပိုးတစ်မျိုး‌ကြောင့် စပါးပျိုးပင်များ နွမ်း‌ခြောက်ပျက်စီးမှုများ ဖြစ်ခဲ့သည်။

‌တောင်ယာစပါးခင်းများအတွင်း ကြွက်များ၏ ဖျက်ဆီးမှုဒဏ်ကိုခံ‌နေရခြင်းမှာ ယခုနှစ်တွင် ၎င်းတို့‌ဒေသ၌ ဝါးများ အဆမတန် သီးပွင့်သည့်အတွက် ဝါးသီးစားသုံးသည့် ကြွက်များထွက်‌ပေါ်လာခြင်းဖြစ်‌ကြောင်း ‌ဒေသခံများ ‌ပြောဆို‌နေကြသလို ယင်းပျက်စီး ဆုံးရှုံးမှုများ‌ကြောင့် လာမည့်နှစ် စားနပ်ရိက္ခာ အခက်အခဲအတွက် စိုးရိမ်မှုများလည်း ရှိ‌နေကြသည်။

ဘူးသိုမြို့နယ်ရှိ ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောဘိုအဲက “ဒီဟာ‌တွေက ဖြစ်‌လေ့ဖြစ်ထရှိ‌ပေမယ့် အခုနှစ်က မနှစ်ကထက် ဆိုးတယ်။ ရာသီဥတု ‌ဖောက်ပြန်တာ‌ကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ‌တောင်ယာစပါးကို ကြွက်က ဖျက်တယ်။ တချို့ဆို တစ်ခင်းလုံး လက်လွှတ်လိုက်ရတယ်။ လယ်ထဲကစပါးကိုကျ‌တော့ ပိုးဖျက်တယ်။ ‌ဆေး‌လေးဘာ‌လေးဖျန်းရင် သက်သာတယ်။ ဒီနှစ်က ကျိန်း ‌သေ အထွက်နှုန်းကျမယ်ဆို‌တော့ ‌နောက်နှစ်က စားနပ်ရိက္ခာအတွက်‌တော့ စိုးရိမ်ရတဲ့အ‌ခြေအ‌နေပဲ”ဟု ဆိုသည်။

ဖာပွန်ခရိုင်အတွင်း ‌နေထိုင်ကြသည့် ‌ဒေသခံကရင်လူမျိုးများသည် ‌တောင်ယာစပါးစိုက်ပျိုးခြင်းဖြင့် အဓိက အသက်‌မွေးဝမ်း ‌ကျောင်းပြုကြသူများဖြစ်ပြီး ပြီးခဲ့သည့်နှစ်မှစတင်ကာ ၎င်းတို့စိုက်ပျိုးထားသည့် ‌တောင်ယာစပါးခင်းများ တစ်နှစ်ထက်တစ်နှစ် ပျက်စီးဆုံးရှုံးမှု ပိုများလာ‌ကြောင်း သိရသည်။