Home ဆောင်းပါး ‌အောက်တိုဘာ ၂၄ရက် နှစ်စဉ် ကုလသမဂ္ဂ‌နေ့

‌အောက်တိုဘာ ၂၄ရက် နှစ်စဉ် ကုလသမဂ္ဂ‌နေ့

2247
(အယ်ထီး‌ကော်)

ငြိမ်းချမ်း‌ရေးနှင့် ချမ်း‌မြေ့‌ပျော်ရွှင်‌ရေးအတွက် ကမ္ဘာ့ငြိမ်းချမ်း‌ရေးကို ထိန်းသိမ်းခြင်းမှာ လူတိုင်း လိုလားကြသည့်အရာ ဖြစ်သည်။ သို့ဖြစ်၍ နို်င်ငံတကာအကြားတွင် အပြန်အလှန် ညီညွတ်‌ရေးတည်‌ဆောက်ရန်အတွက် ကုလသမဂ္ဂအဖွဲ့အစည်း ‌ပေါက်ဖွားလာရ ခြင်းဖြစ်ပြီး နှစ်စဉ် ‌အောက်တိုဘာလ ၂၄ရက်‌နေ့ကို ကုလသမဂ္ဂ‌နေ့အဖြစ် သတ်မှတ်လိုက်ကြသည်။

အဓိက အဖွဲ့ဝင်(၅)နိုင်ငံဖြစ်‌သော အ‌မေရိကန်ပြည်‌ထောင်စု၊ ပြင်သစ်၊ ဗြိတိန်၊ ဆိုဗီယက်ရုရှားနှင့် တရုတ်နိုင်ငံများက ကုလ သမဂ္ဂ ပဋိညာဉ်စာတမ်းကို သ‌ဘောတူ လက်မှတ်‌ရေးထိုးကာ စတင် လိုက်နာ‌ဆောင်ရွက်ကြသည့်‌နေ့လည်း ဖြစ်သည်။ ကုလ သမဂ္ဂ‌နေ့ကို သတ်မှတ်ရခြင်း၏ တခြားအ‌ကြောင်းရင်းမှာ လူ့အခွင့်အ‌ရေးအရတန်းတူခြင်းကို အ‌လေး‌ပေးလာကြခြင်းဖြင့် ထာဝ စဉ် တည်တံ့‌သော ငြိမ်းချမ်း‌ရေးဖြစ်‌ပေါ်ရန်နှင့် ကုလသမဂ္ဂ‌နေ့ ဖြစ်‌ပေါ်လာခြင်းကို ‌အောင်ပွဲခံရန်ဖြစ်သည်။

‌ကော့စတာရီကာနှင့် ‌တောင်ကိုရီးယားက ကုလသမဂ္ဂ‌နေ့ကို နိုင်ငံ‌တော်ရုံးပိတ်ရက်အဖြစ် သတ်မှတ်သည်။
ဆွီဒင်နိုင်ငံကမူ အမျိုးသားအလံ‌တော်‌နေ့အဖြစ် သတ်မှတ်သည်။ ကုလသမဂ္ဂ (United Nations Organization) သို့မဟုတ် UN သည် ကမ္ဘာ့ငြိမ်းချမ်း‌ရေးအတွက် အ‌ရေးကြီး‌သော အခန်းကဏ္ဍ ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း (၁၉၃၉-၁၉၄၃)တွင် ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီလ်၊(Winston Churchill)၊ အ‌မေရိကန်ပြည် ‌ထောင်စု သမတ ဖရန်ကလင်း ဒီ ရုစဘဲ့တ် (Franklin D. Roosevelt)တို့က ဒုတိယကမ္ဘာစစ် ‌ပြေငြိမ်းရန်အတွက် လက်တွဲ ‌ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ကုလသမဂ္ဂသည် နိုင်ငံတကာ စီးပွား‌ရေး၊ လူမှု‌ရေးနှင့် ယဉ်‌ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို လက် တွဲ ‌ဆောင်ရွက်‌ရေးနှင့် အ‌ထောက်အကူ‌ပေး‌ရေး နိုင်ငံတကာ ဗဟိုချက်မလည်း ဖြစ်သည်။ ကုလသမဂ္ဂရုံးချုပ်ကို အ‌မေရိကန် ပြည်၊ နယူး‌ယော့ခ်မြို့‌တော်တွင် ထားရှိသည်။

အ‌ထွေ‌ထွေညီလာခံ (General Assembly)၊ လုံခြုံ‌ရေး‌ကောင်စီ(Security Council)၊ စီးပွား‌ရေး လူမှု‌ရေး‌ကောင်စီ (Economic and Social Council)၊ ထိန်းချုပ်‌စောင့်‌ရှောက်‌ရေး‌ကောင်စီ(Trusteeship Council)‌ခေါ် နယ်နိမိတ်သတ်မှတ်မှု ကြီးကြပ်‌ရေး ‌ကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံးချုပ်(International Court of Justice) ဌာနကြီးများ ပါဝင်သည်။ လတ်တ‌လောအ ချိန်တွင် ‌တောင်ကိုရီးယားနိုင်ငံသား မစ္စတာဘန်ကီမွန်းက အတွင်း‌ရေးမှူးချုပ်အဖြစ် ‌ဆောင်ရွက်သည်။

ကုလသမဂ္ဂသည် နိုင်ငံများအကြား ချစ်ကြည်‌ရေးကို တိုးတက်‌ကောင်းမွန် ဖွံ့ဖြိုး‌စေ‌ရေးအတွက် ‌ဖေါ်ပြပါ ချမှတ်ထား‌သော ရည် ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအတိုင်း ကြား‌နေ‌ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာကြီးကို ငြိမ်းချမ်း‌ရေးသို့ သယ်‌ဆောင်လျှက်ရှိ‌နေ‌ပေ ‌တော့သည်။

‌ကေအိုင်စီသို့ ‌ပေးပို့လာသည့် ထိုင်းဘာသာမှ ပြန်ဆိုထား‌သော ဘာသာပြန်ဗဟုသုတကဏ္ဍစာမူ ဖြစ်ပါ‌ကြောင်း အသိ‌ပေးအပ်ပါသည်။