Home သတင်း သံ‌တောင်ကြီး‌ဒေသ လူထုအ‌ခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး‌ရေး‌ဆွေး‌နွေးပွဲ ပြုလုပ်

သံ‌တောင်ကြီး‌ဒေသ လူထုအ‌ခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး‌ရေး‌ဆွေး‌နွေးပွဲ ပြုလုပ်

1937

‌အောက်တိုဘာ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

သံ‌တောင်ကြီးမြို့နယ်၊ လူထုအ‌ခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုး‌ရေးအတွက် ရည်ရွယ်ပြီး ‌ဒေသခံ အ‌ကောင်အထည်‌ဖော်သည့် ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်‌ရေး စီမံကိန်း ရှင်းလင်း‌ဆွေး‌နွေးပွဲတရပ်ကို သံ‌တောင်ကြီး‌ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်‌ရေး အလုပ်အမှု‌ဆောင်အဖွဲ့၊ Peace Nexus Foundation (PNF) နှင့် Hanns Seidel Foundation(HSF)တို့ ပူး‌ပေါင်းကာ ‌အောက် တိုဘာလ ၂၇ရက်‌နေ့တွင် ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ကျင်းပခဲ့သည်။

အဆိုပါစီမံကိန်း ရှင်းလင်း‌ဆွေး‌နွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ PNF ဌာ‌နေ တာဝန်ခံ ‌ဒေါ်ဆိုဖီယာနိုင်က “ကရင်ပြည်နယ်မှာ ပထမဆုံး ပဋိပက္ခဒဏ်ကို စတင်ခံစားခဲ့ရတဲ့ သံ‌တောင်‌ဒေသမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်‌ရေးအတွက်၊ ‌နောက်တစ်ခုက ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌ရေး‌ပေါ့။ အဲဒီလို ရည်ရွယ်ပြီး‌တော့ ‌ဒေသခံ‌တွေနဲ့အတူ လုပ်ဖြစ်ခဲ့တဲ့ ခရီးသွားလုပ်ငန်းက အခု ၂နှစ် ရှိလာတဲ့အခါမှာ ဘယ်လို‌တွေဖြတ်သန်းခဲ့ပုံ‌တွေကို သက်ဆိုင်ရာကို ပြန်ချပြတာတဲ့သ‌ဘောပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် သံ‌တောင်ကြီး‌ဒေသ ခရီးသွားလုပ်ငန်း ‌အောင်မြင်လာပါက ‌ဒေသတွင်း ပိုမိုဖွံ့ဖြိုးလာခြင်း၊ ‌ဒေသခံများ ဝင်‌ငွေတိုးကာ ငြိမ်းချမ်း‌ရေး ပိုမိုခိုင်မာလာခြင်း စသည့်‌ကောင်းကျိုးများ ရှိလာနိုင်သလို ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ဝင်‌ရောက်လာပါက ‌ဒေသခံများအ‌နေဖြင့် မိမိတို့‌ဒေသကို စနစ်တကျ ကိုင်တွယ်ရန် လိုအပ်ပြီး စီးပွား‌ရေးလုပ်ငန်းများက ‌ဒေသအတွင်း အ‌ထောက် အကူဖြစ်မဖြစ် အဓိကစိန်‌ခေါ်မှု တစ်ရပ်ဖြစ်လာနိုင်သည်ဟု ‌ဒေါ်ဆိုဖီယာနိုင်က ဆက်‌ပြောသည်။

တစ်ရက်တာ ပြုလုပ်ခဲ့သည့် ‌ဆွေး‌နွေးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုအမြဲတမ်း‌ကော်မတီဝင် ပဒို‌စောမြ ‌မောင်၊ ပြည်နယ်အစိုးရ စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ‌ရေးဝန်ကြီး ဦးသန်းနိုင်၊ ဟိုတယ်နှင့် ခရီးသွားလာ‌ရေးဝန်ကြီးဌာ န၊ ခရီးသွားမြှင့်တင်‌ရေးဌာနခွဲ၊ လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဦး‌ဇေယျာမျိုး‌အောင်နှင့် သံ‌တောင်ကြီး‌ဒေသ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်‌ရေး အလုပ်အမှု‌ဆောင်အဖွဲ့ဝင်များ၊ ‌ဒေသခံများ၊ NGOs ၊CSOsများ အပါအဝင် စုစု‌ပေါင်း ၈ဝဦး‌ကျော် တက်‌ရောက် ခဲ့ကြသည်။

သံ‌တောင်ကြီး‌ဒေသ ခရီးသွားလာ‌ရေး အမှု‌ဆောင်အဖွဲ့၊ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌စောတပင်‌ရွှေထီးက “‌ဒေသခံအ‌နေနဲ့‌တော့ တိုး တက်မှုရှိတာ ဘယ်သူဖြစ်ဖြစ် ဝမ်းသာအားရ ကြိုဆိုကြမှာပဲ။ တစ်ခုရှိတာက ‌ဒေသခံအချို့ ခရီးသွားလုပ်ငန်းကို စလုပ်‌နေကြ‌ပေ မယ့် တချို့က လုပ်ချင်‌သော်လည်း မစနိုင်‌သေးဘူး။ အဲဒီ့အခက်အခဲ‌တွေ ရှိ‌နေပါတယ်။ ကျ‌နော် ဒီပွဲမှာ လုပ်ငန်းတိုးတက်မှု၊ ‌ပြောင်းလဲမှုအ‌ခြေအ‌နေနဲ့ ဆိုင်တာ‌တွေကို တင်ပြသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ မြို့‌ပေါ်ဧရိယာသည် ၁,၀၁၇ဧကသာရှိပြီး တပ်မ‌တော်‌မြေ‌နေရာနှင့် တပ်မ‌တော်ပိုင် လက်ဖက်‌ခြောက်စက်ရုံ‌မြေဧကများ ဖယ်ရှားလိုက်ပါက လူ‌နေထိုင်ရန်အတွက် ဧက ၃၀၀‌ကျော် ၄၀ဝနီးပါးသာ ကျန်ရှိ‌နေခြင်း ‌ကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါက ‌နေထိုင်ရန် ‌မြေ‌နေရာများ ခက်ခဲလာနိုင်သလို လက်ရှိ‌မြေ‌နေရာ ကျူး‌ကျော် ဝင်‌ရောက်‌နေထိုင်မှုများ ရှိလာ‌နေသည်ဟု ‌စောတပင်‌ရွှေထီးက ဖြည့်စွက်‌ပြောဆိုသည်။

၂၀၁၂ခုနှစ်၊ ဇန်နဝါရီတွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့် အစိုးရတို့ ပြည်နယ်အဆင့် အပစ်ရပ်စာချုပ်၊ ချုပ်ဆိုပြီး ‌နောက်ပိုင်း Peace Nexus Foundation မှ ‌ဒေသခံများနှင့် ပူး‌ပေါင်းကာ သံ‌တောင်ကြီး‌ဒေသတွင် လူထုအ‌ခြေပြု ခရီးသွားလုပ် ငန်းကို စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

လက်ရှိ အစိုးရအ‌နေဖြင့် ကရင်ပြည်နယ်သံ‌တောင်ကြီး‌ဒေသကို သဘာဝအ‌ခြေခံ လူထုအခြပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုး‌ရေးအ တွက် လုပ်‌ဆောင်သွားမည်ဟု အစိုးရ ရက် ၁၀ဝ စီမံကိန်းတွင် ထည့်သွင်း‌ဖော်ပြထားသည်။