Home သတင်း အပစ်ရပ်နယ်‌မြေများတွင် တိုက်ပွဲဆက်လက်မဖြစ်ပွားသင့်‌ကြောင်း KWO ‌ပြောဆို

အပစ်ရပ်နယ်‌မြေများတွင် တိုက်ပွဲဆက်လက်မဖြစ်ပွားသင့်‌ကြောင်း KWO ‌ပြောဆို

1698

စက်တင်ဘာ ၂၈ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း အပစ်ရပ်နယ်‌မြေများတွင် အစိုးရတပ်မ‌တော်၊ နယ်ခြား‌စောင့်တပ် BGF ပူး‌ပေါင်း တပ်များနှင့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် DKBA (ခွဲထွက်)အဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားမှုများ မရှိသင့်‌တော့‌ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး(KWO)က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

KWO တွဲဖက်အတွင်း‌ရေးမှူး(၁) ‌နော်တာမလာ‌စောက “တိုက်ပွဲဖြစ်တဲ့‌နေရာ‌တွေက NCA လက်မှတ်‌ရေးထိုး ထားတဲ့ KNU နယ်‌မြေ၊ တနည်းအားဖြင့် အပစ်ရပ်နယ်‌မြေ‌တွေထဲမှာလို့ ‌ပြောလို့ရတဲ့အတွက် ဒါဟာ မဖြစ်သင့်‌တော့ဘူး။ စစ်‌ရေးနည်းမဟုတ်တဲ့ အခြား‌ဖြေရှင်းနည်း‌တွေကို ‌ရွေးချယ်သင့်ပါတယ်”ဟု ‌ပြောသည်။

DKBA ခွဲထွက်အဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ် NCA စာချုပ်တွင် လက်မှတ်‌ရေးထိုးထားခြင်း မရှိ‌သော်လည်း ယခုဖြစ်ပွား‌နေသည့် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ-မဲသ‌ဝေါ ကားလမ်းမတ‌လျှောက် တိုက်ပွဲများမှာ KNU ၏ ဖားအံခရိုင်နှင့် ဖာပွန် ခရိုင်နယ်‌မြေတွင် ‌နေရှိသည့်အ‌ပေါ် ယင်းအချက်ကို KWO မှ ‌ထောက်ပြ‌ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းအပြင် NCA ၌ ပါဝင်သည့် နှစ်ဖက်လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ကိစ္စရပ်များတွင် အပစ်ရပ်နယ်‌မြေအတွင်း တစ်ဖက်နှင်တစ်ဖက်အကြား နယ်‌မြေစိုးမိုးမှုတပ်လှုပ်ရှားခြင်း၊ ကင်း‌ထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်း‌ထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများ၊ ရုပ်ဝတ္တုပစ္စည်းများဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန် စသည့်အချက်များ ပါဝင်သည်။

မြိုင်ကြီးငူ-မဲသ‌ဝေါလမ်းပိုင်းတစ်‌လျှောက် ထိန်းချုပ်နိုင်ပြီဖြစ်‌ကြောင်း နယ်ခြား‌စောင့်တပ် BGF မှ စက်တင်ဘာ ၁၉ ရက်‌နေ့က ‌ပြောဆိုခဲ့ပြီး‌နောက်ပိုင်း ယခုအချိန်ထိ အဆိုပါနယ်‌မြေများအတွင်း ပစ်ခတ်တိုက်ခိုင်မှုများ ဆက်လက်ဖြစ်ပွား‌နေသလို ‌ဒေသခံစစ်‌ဘေး‌ရှောင်များလည်း ‌နေရပ်မပြန်နိုင်‌သေးသည့်အတွက် စိုးရိမ်ဖွယ်ရာအ‌နေအထားတွင် ရှိသည်ဟု KWO က ဆိုသည်။

ထိုသို့ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွား‌နေသည့်အတွက် ‌ဒေသခံများအတွက် လူအခွင့်အ‌ရေးချိုး‌ဖောက်ခံ ရမှုနှင့်ဆက်နွယ်သည့် ‌နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားမည်ကို စိုးရိမ်‌ကြောင်း ကရင်လူ့အခွင့်အ‌ရေး အဖွဲ့ KHRG မှ ‌ပြောခွင့်ရသူ ‌စော‌ဝေ‌လေးက ‌ကေအိုင်စီသို့ မှတ်ချက်ပြု‌ပြောဆိုသည်။

“တိုက်ပွဲဖြစ်ပြီဆိုရင် ဖြစ်တဲ့‌နေရာ‌တွေမှာ လူအခွင့်အ‌ရေးချိုး‌ဖောက်ခံရမှု‌တွေက ဟိုးအရင်ကတည်းက ရှိခဲ့ သလို အခုလို ဆက်ဖြစ်‌နေမယ်ဆိုရင် စိုးရိမ်ရတယ်။ အခုစစ်‌ဘေး‌ရှောင်‌တွေကိုကူညီတာ ခဏတာ‌လေးပဲ ရမယ်။ တိုက်ပွဲဆက်ရှိရင် သူတို့ရဲ့ အသက်‌မွေးဝမ်း‌ကျောင်းမှု‌တွေမှာ လုံးဝ ထိခိုက်လာမှာကို စိုးရိမ်‌နေရတယ်”ဟု ‌စော‌ဝေ‌လေးက ဆိုသည်။

မဲသ‌ဝေါ‌ဒေသအတွင်း ယခုလ စက်တင်ဘာ ၁၁ ရက်‌နေ့မှစ၍ ဖြစ်ပွားသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့် ကာလတွင် ယခုလို ပြန်လည်ဖြစ်ပွားလာသည့် စစ်‌ရေးလှုပ်ရှားမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများကို ကန့်ကွက်‌ကြောင်း စက်တင်ဘာ ၁၃ ရက်‌နေ့က KNU ဘက်ကလည်း သ‌ဘောထားထုတ်ပြန်ထားသည်။