Home သတင်း လက်နက်ကိုင်လမ်းစဉ် ဒီမိုက‌ရေစီနှင့်ဆန့်ကျင်ဟု တပ်ချုပ်‌ပြောဆိုမှုကို နိုင်ဟံသာတုန့်ပြန်

လက်နက်ကိုင်လမ်းစဉ် ဒီမိုက‌ရေစီနှင့်ဆန့်ကျင်ဟု တပ်ချုပ်‌ပြောဆိုမှုကို နိုင်ဟံသာတုန့်ပြန်

2313

ဩဂုတ် ၃၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

၂၁ရာစုပင်လုံ အဖွင့်မိန့်ခွန်းတွင် ကာချုပ်‌ပြောကြားသည့် လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲဆန္ဒကိုသာ ဦးစား‌ပေး ‌ဖော်‌ဆောင်‌နေခြင်းသည် ဒီမိုက‌ရေစီ၏ ဆန့်ကျင်‌နေသည်ဟု ဆိုခြင်းအ‌ပေါ် လက်ရှိအ‌နေအထားမျိုးတွင် အ‌ခြေအ‌နေနှင့် မကိုုက်ညီ‌သေးဟုု မွန်ပြည်သစ်ပါတီ-NMSP ဒုတိယ ဥက္ကဌ နုိုင်ဟံသာက တုန့်ပြန်‌ပြောကြားလိုက်သည်။

နိုင်ဟံသာက “ဒီလိုအ‌နေအထားမျိုးမှာ တိုင်းရင်းသား‌တွေဘက်က သ‌ဘောက‌တော့ လက်နက်ကိုင်ပြီး‌တော့ တိုက်ပွဲဝင်ဖို့ မလို ‌တော့ဘူးဆိုတဲ့ အ‌နေအထားမျိုးက‌တော့ ဒီအ‌ခြေအ‌နေနဲ့ မကိုက်ညီ‌သေးဘူးလို့ ကျ‌နော်တို့က‌တော့ မြင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တပ်မ‌တော်အ‌နေဖြင့်လည်း ဒီမိုက‌ရေစီစနစ်ကို လက်ခံပါက အရပ်သားအစိုးရ၏ ဦး‌ဆောင်မှု‌အောက်တွင် ခံယူသင့်‌ကြောင်း၊ လက်ရှိတပ်မ‌တော်သည် အစိုးရ၏ လက်‌အောက်ခံတွင် မ‌နေဘဲ သီးသန့် အခွင့်အာဏာရယူထားခြင်းသည် ဒီမိုက‌ရေစီ မဆန် သည့်ပုံစံမျိုးဖြစ်သည်ဟုလည်း ၎င်းက အစိုးရတပ်မ‌တော်အ‌ပေါ် ပြန်လည်‌ထောက်ပြလိုက်သည်။

‌နေပြည်‌တော်တွင် ယ‌နေ့ ကျင်းပပြုလုပ်သည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအကြိမ်အစည်းအ‌ဝေး၌ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ပါတီစုံ ဒီမိုက‌ရေစီလမ်း‌ကြောင်း‌ပေါ်တွင် ‌လျှောက်လှမ်း‌နေချိန်တွင် လက်နက်ကိုင်ပြီး မိမိတို့၏ လိုချင်မှုကို‌တောင်းဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ကာ လူမျိုးစွဲ၊ ‌ဒေသစွဲကြီးမားစွာဖြင့် မိမိတို့၏ဆန္ဒကိုသာ ဦးစား‌ပေး ‌ဖော်‌ဆောင်ဖန်တီး‌နေခြင်းသည် ဒီမိုက‌ရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်သည့်အတွက် အ‌လေးအနက် သတိပြုရမည်ဟု ၎င်း၏ အဖွင့်နှုတ်ခွန်းဆက်စကားတွင် ‌ပြောကြားခဲ့ခြင်း ဖြစ်သည်။
IMG_9134
ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ (UNFC) ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးအင်ဘန်လက “ဗမာမဟုတ်တဲ့ ကျ‌နော်တို့ တိုင်းရင်းသား‌တွေ လက်နက်စွဲကိုင်ပြီး ‌တော်လှန်မှု‌တွေ ပြုလုပ်‌နေကြတာဟာ ဘာ‌ကြောင့်လဲလို့ ‌မေးချင်ကြပါလိမ့် မယ်။ ကျ‌နော်တို့ဟာ (၁၉၄၇ခုနှစ်)ပင်လုံမှာ ပြုလုပ်ခဲ့ကြတဲ့ ကတိ၊ ချုပ်ခဲ့ကြတဲ့ စာချုပ်ပါ သ‌ဘောတူညီချက်‌တွေကို ပြီးပြည့်စုံ ‌စေဖို့ အ‌ကောင်အထည်မ‌ဖော်နိုင်ခဲ့လို့ ကျ‌နော်တို့ လိုလား‌တောင်းတတဲ့ ဒီမိုက‌ရေစီ‌ရေး၊ အမျိုးသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ အခွင့်အ‌ရေး‌တွေ ဆုံးရှုံး‌နေရလို့ပဲ”ဟု နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

အဆိုပါ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစုပင်လုံကို ‌နေပြည်‌တော်ရှိ MICC (၂)ခန်းမတွင် ယ‌နေ့ ဩဂုတ်လ ၃၁ရက် ‌နေ့တွင် စတင်ကျင်းပခဲ့သည်။ အဆိုပါ အစည်းအ‌ဝေးတွင် အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့၊ လက်မှတ်‌ရေးထိုးထားခြင်းမရှိ‌သေးသည့် တိုင်းရင်းသားအဖွဲ့များ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစု‌ပေါင်း ၁၈ဖွဲ့တို့ တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် ကုလသမဂ္ဂ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဧည့်‌တော်အဖြစ် တက်‌ရောက်ခဲ့ပြီး နှုတ်ခွန်း ဆက်စကားလည်း ‌ပြောကြားခဲ့သည်။အဆိုပါ အစည်းအ‌ဝေးသို့ နို်င်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများမှ တာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် စုစု‌ပေါင်း ၁၈၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ပထမ‌နေ့အစည်းအ‌ဝေး ‌နေ့လည်ပိုင်းတွင် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ (UPDJC)နှင့် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ‌လေ့လာ‌စောင့်ကြည့်‌ရေးပူးတွဲ‌ကော်မတီ( JMC) အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်မှုများအား အစီရင်ခံတင်ပြခြင်း၊ နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုဆိုင်ရာ မူ‌ဘောင်‌ဆွေး‌နွေးချက်များနှင့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာ ကိစ္စရပ်များကို အစီရင်ခံစာ၌ ထည့်သွင်းခဲ့သည်။