Home ထိပ်တန်းသတင်း ကြွက်ဖျက်ဆီးမှု‌ကြောင့် ဖာပွန်မြို့နယ်ရှိ ‌တောင်ယာခင်း ၂ဝ ခင်းလုံးကျွတ်ပျက်စီး

ကြွက်ဖျက်ဆီးမှု‌ကြောင့် ဖာပွန်မြို့နယ်ရှိ ‌တောင်ယာခင်း ၂ဝ ခင်းလုံးကျွတ်ပျက်စီး

2591
ဩဂုတ် ၁၆ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကြွက်များ ဝင်‌ရောက်ကိုက်ဖြတ် စား‌သောက်ဖျက်ဆီးမှု‌ကြောင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအ ရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ၊ ဘူးသိုမြို့နယ် မယ်ညို‌ကျေးရွာအုပ်စုနှင့် မယ်က‌လော‌ကျေးရွာအုပ်စုများရှိ ‌ဒေသခံ ‌တောင် ယာခင်း ၂ဝခင်းမှာ ဆက်လက် စိုက်ပျိုးလုပ်ကိုင်၍ မရ‌တော့ဘဲ ခင်းလုံးကျွတ် ပျက်စီး‌နေ‌ကြောင်း သိရသည်။

အဆိုပါ‌ကျေးရွာအုပ်စု နှစ်ခုအတွင်း ‌ကျေးရွာ‌ပေါင်း ၁၂ရွာမှ ‌ဒေသခံများသည် ယခုနှစ်အတွက် ‌တောင်ယာစပါးရာသီတွင် ‌တောင်ယာခင်း ၆ဝခင်း လုပ်ကိုင်ကြရာ ၂ဝခင်းမှာ ဇွန်နှင့် ဇူလိုင်လအတွင်းက ကြွက်များ၏ ဖျက်ဆီးမှုကို ခံခဲ့ရခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ၊ ဖာပွန်(မု‌တြော်)ခရိုင် တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒို‌စောလွဲ‌ဂေက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ ‌ကောက်ထားတဲ့ စာရင်းအရ ကြွက်‌တွေ ဝင်‌သောင်းကျန်းလို့ ‌ဒေသခံ‌တွေ ‌တောင်ယာအခင်း ၂ဝ ဆုံးရှုံးရပြီ။ ပျက်စီး မှု အ‌ခြေအ‌နေနဲ့ ဘယ်လိုကူညီ‌ပေးရမလဲ နည်းလမ်း‌တွေ ရှာ‌နေပါတယ်။ ‌နောင်နှစ် စားနပ်ရိက္ခာအတွက်က‌တော့ စိုးရိမ်စရာပါ။ ‌လော‌လောဆယ် လူထုအ‌ခြေပြုအဖွဲ့နဲ့ နီးစပ်ရာ ကရင်အသိုင်းအဝိုင်း‌တွေကို အကူအညီ‌တောင်းထားတာ ရှိပါတယ်”ဟု ၎င်းက ‌ပြောဆိုသည်။

ထိုသို့ ခင်းလုံးကျွတ် ပျက်စီးသွားရသည့် ‌တောင်ယာခင်းများအတွက် အကူအညီရရှိရန် ဌာ‌နေမဲ့ ပြည်တွင်းကရင်ဒုက္ခသည်များ ဆိုင်ရာ‌ကော်မတီ(CIDKP)၊ ကရင်ဒုက္ခသည်များ ကူညီ‌စောင့်‌ရှောက်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KORD)နှင့် ထို‌ဒေသအတွင်း သွားလာလှုပ်ရှား‌နေသည့် အစိုးရမဟုတ်‌သောအဖွဲ့အစည်း(NGOs)အချို့ကိုလည်း အကူအညီ‌တောင်းခံ တင်ပြထားသည်ဟု ပဒို ‌စောလွဲ‌ဂေက ဆက်‌ပြောသည်။
13884479_1803889339846488_1355009415_n
မယ်ညို‌ကျေးရွာအုပ်စုနှင့် မယ်က‌လော‌ကျေးရွာအုပ်စုအတွင်းရှိ ‌ဒေသခံများသည် အသက်‌မွေးဝမ်း‌ကျောင်းအဖြစ် ‌တောင်ယာဆူး ထိုး စိုက်ပျိုးရာတွင် ‌တောင်ယာခင်းတခင်းလျှင် စပါးမျိုး‌စေ့ ၃တင်းမှ ၁ဝတင်းအထိရှိ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

‌ကေအဲန်ယူ၏ ဘူးသိုမြို့နယ် မယ်ညို‌ကျေးရွာအုပ်စုတွင် မယ်ညိုထာ့၊ အူး‌သောထာ့၊ က‌လောထာ့၊ အူး‌သောခီး၊ ဖို့လယ်နှင့် မယ် က‌လောအုပ်စုတွင် ထီးဘဲ့ခါ့ထာ့၊ ‌ဒေ့‌လော်ပူ၊ က‌လော‌ဒေး၊ ‌ဘော့ထာ့၊ ကလယ့်ကာ၊ က‌လောပါ၊ ‌နော့ထာ့ခို့ စသည့် ‌ကျေးရွာများ ပါဝင်သည်။

အလားတူ ဖာပွန်ခရိုင်အတွင်းရှိ ‌ကေအဲန်ယူ လူ‌သောမြို့နယ်၊ ‌ပေး‌ကေး‌ကျေးရွာအုပ်စု၌လည်း ယခုနှစ် ဇွန်လကုန်ပိုင်းတွင် စပါး ဖျက်ပိုးတစ်မျိုး‌ကြောင့် ပျိုးစပါးများ ကြဲထားသည့် ပျိုးစိုက်ခင်းအချို့ ပျက်စီးမှုများ ရှိခဲ့သည်။