Home သတင်း ဖားအံမြို့၊ အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့သို့ တိုင်းရင်းသားလူငယ် ၁၀၀ဝခန့် ပါဝင်တက်‌ရောက်

ဖားအံမြို့၊ အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့သို့ တိုင်းရင်းသားလူငယ် ၁၀၀ဝခန့် ပါဝင်တက်‌ရောက်

2217
ဩဂုတ် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

၂၀၁၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့ (Inter-national Youth Day) အခမ်းအနားကို ကရင်ပြည်နယ်၌ ဖားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ဩဂုတ်လ ၁၃ရက်‌နေ့က (၅)ကြိမ်‌မြောက် ကျင်းပခဲ့ရာ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူငယ် ၁၀၀ဝခန့် ပါဝင်တက်‌ရောက်ခဲ့ကြသည်။

ကရင်ပြည်နယ်အတွင်းရှိ အစိုးရမဟုတ်‌သောအဖွဲ့အစည်း(NGOs)နှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ဖားအံမြို့ခံ လူမှုအဖွဲ့အစည်း များ စသည့်အဖွဲ့‌ပေါင်း ၅၀‌ကျော်မှ ကိုယ်စားလှယ်များက ထိုအခမ်းအနားသို့ တက်‌ရောက်ခဲ့ကြပြီး ထိုသို့ တက်‌ရောက်ခြင်းဖြင့် လူငယ်များအကြား ချိတ်ဆက်မှု ပို၍‌ကောင်းလာမည်ဖြစ်သည်ဟု ပွဲစီစဉ်သူအဖွဲ့ဝင် မာဃလူငယ်အဖွဲ့မှ ကိုစိုးစံမင်းက ‌ကေအိုင်စီ သို့ ‌ပြောသည်။

၎င်းက “ဒီ‌နေ့ တက်‌ရောက်တဲ့ အဖွဲ့က အဖွဲ့‌ပေါင်း ၅၀‌ကျော်ရှိတာ‌ပေါ့။ အခုလို တက်‌ရောက်တာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ လူငယ်‌တွေ ဘယ်လိုဦး‌ဆောင်ပြီး ပူး‌ပေါင်းရမယ်။ ဘယ်လိုအဖွဲ့‌တွေက ဘာ‌တွေရှိလည်းဆိုတာ သိရတာ‌ပေါ့။ အဲဒါက ‌ကောင်းတဲ့ ရလဒ် ‌ကောင်းတစ်ခုဖြစ်တယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များ‌နေ့ကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့ရာ ယခင်နှစ် များက ဘာသာ‌ရေးအ‌ဆောက်အဦထဲတွင်သာ ကျင်းပခွင့်ရရှိခဲ့ပြီး ယခုနှစ်ကျမှသာ မြို့‌တော်ခန်းမ အ‌ဆောက်အဦထဲတွင် စီစဉ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူ လူငယ်များ၏ ‌ပြောပြချက်များအရ သိရသည်။

“ဒီနှစ် လူငယ်‌တွေ တက်‌ရောက်လာတာများတယ်။ ထူးထူးခြားခြား ဒီမြို့‌တော်ခန်းမကြီးမှာလည်း ကျင်းပခွင့်ရတယ်။ အခုချိန်မှာ အရင်လို‌နေလို့ မရ‌တော့ဘူး။ နိုင်ငံ‌ရေး အ‌ပြောင်းအလဲချိန်မှာ ပညာ‌ရေး၊ လူမှု‌ရေး၊စီးပွား‌ရေး၊ ငြိမ်းချမ်း‌ရေး မျိုးစုံထဲမှာ လူငယ် ‌တွေအခန်းကဏ္ဍ အ‌ရေးကြီးလာတယ်။ ဒီလို အခန်းကဏ္ဍထဲမှာ လူငယ်မပါဘူးဆိုရင် တိုင်းပြည်‌ရော၊ ပြည်နယ်ပါ နစ်နာမယ်။ တိုင်းပြည်ရဲ့ အင်အားဟာ လူငယ်‌တွေဖြစ်လို့ပါ”ဟု Hpa-an Youth network မှ စရှှိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့တွင် လူငယ်များ သိထားသင့်သည့် မူးယစ်‌ဆေးဝါးဆိုင်ရာ ဆိုးကျိုးများ၊ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်း‌ရေးအ‌ကြောင်း၊ ပညာ‌ရေးအ‌ကြောင်းများကို ပြသထားပြီး အခမ်းအနားထဲတွင် လူငယ်‌ရေးရာမူဝါဒဆိုင်ရာ ကဏ္ဍများ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များ‌နေ့ အထိမ်းအမှတ် အထူး‌ဟော‌ပြောပွဲများနှင့် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များကိုလည်း ပြုလုပ်ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက ၁၉၈၅ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပလာခဲ့ပြီး‌နောက် ပိုင်း ကမ္ဘာ့နိုင်ငံအသီးသီး၌လည်း နှစ်စဉ် ပြုလုပ်ကျင်းပလာခဲ့သည်မှာ ယခုအချိန်ထိ ဖြစ်သည်။