Home သတင်း KNLA အရာရှိအား သတ်ဖြတ်ထွက်‌ပြေးခဲ့သူ သားအဖနှစ်ဦးအား ဖမ်းဆီးရမိ

KNLA အရာရှိအား သတ်ဖြတ်ထွက်‌ပြေးခဲ့သူ သားအဖနှစ်ဦးအား ဖမ်းဆီးရမိ

1991

ဇူလိုင် ၉ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ(၆)၊ တပ်ရင်း(၁၈)မှ တပ်‌ထောက်မှူးဖြစ်သူ ‌စော‌လောင်အဲကို သတ်ခဲ့သူ သားအဖနှစ်ဦးအား ဇူလိုင်လ ၈ရက်‌နေ့၊ နံနက် ၈နာရီ‌ကျော်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ကရင်အမျိုးသားရဲတပ်ဖွဲ့ (KN PF)၏ ဒူးပလာယာခရိုင် ဒုရဲမှူးဗိုလ်အ‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖခင်ဖြစ်သူ အသက်(၆၀)‌ကျော် ‌စောဒို့ကိုးနှင့် ၃၂နှစ်အရွယ် သားဖြစ်သူ ‌စောဖား‌လေးလိုတို့နှစ်ဦးကို ကရင်အမျိုးသားကာကွယ် ‌ရေးအဖွဲ့(KNDO) တပ်ရင်း(၆)မှ တပ်ခွဲ(၃) ဗိုလ်ကြီး‌စောမြင့်စိုး ဦး‌ဆောင်‌သောအဖွဲ့က ‌ကော့ကရိတ်မြို့နယ် မဲ့သယ်‌ကျေးအုပ်စု၊ ရ‌သေ့‌ကျောင်းတွင် သွား‌ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“သူတို့ သားအဖနှစ်ဦးကို ရ‌သေ့‌ကျောင်းမှာ သွားဖမ်းမိတဲ့အချိန်မှာ အဖြူ‌ရောင်ဝတ်‌နေပြီ။ သူ့အ‌ဖေက‌တော့ ‌လေဖြတ်လို့ အခုဆို စကားမ‌ပြောတတ်‌တော့ဘူး။ သူ့သားကို ကျ‌နော်တို့‌မေးတာ့ ဗိုလ်‌လောင်အဲက သူတို့သားအဖကို အချိန်အခါမမှန် နွားလွှတ်ဖို့ခိုင်း တာကို ‌ဒေါသဖြစ်မိလို့ ဓါးနဲ့ ခုတ်မိတာလို့ ‌ပြောပါတယ်”ဟု ဒုရဲမှူးဗိုလ်အ‌ကျော်က ‌ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ သားအဖနှစ်ဦးကို ‌ကော့ကရိတ်မြို့နယ် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) ရုံးတွင် ဖမ်းဆီးထိန်းသိမ်း ထားပြီး ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥပ‌ဒေအရ စစ်ဘက် သို့မဟုတ် အရပ်ဘက်ခုံရုံးသို့ စစ်‌ဆေးခံကာ အ‌ရေးယူ သွားရန် တင်ပြထားသည်ဟု သိရသည်။

KNLA တပ်မဟာ(၆)၊ တပ်ရင်း(၁၈)မှ အသက် ၅ဝ အရွယ် တပ်‌ထောက်မှူးဖြစ်သူ ‌စော‌လောင်အဲ ငှားရမ်းထားသည့် အလုပ်သ မား သားအဖနှစ်ဦးသည် ၎င်းအား ဓားဖြင့် ခုတ်သတ်ကာ ထွက်‌ပြေးလွတ်‌မြောက်ပြီး ရက်သတ္တ‌လေးပတ်အကြာတွင် ယခုလို ဖမ်းဆီးရမိခြင်းဖြစ်သည်။