Home သတင်း မိုင်ဂျာယန်စုံညီ အစည်းအ‌ဝေးကို KNU ဒုဥက္ကဌနှင့် ဒုစစ်ဦးစီးချုပ် ဦး‌ဆောင်ပြီး တက်‌ရောက်မည်

မိုင်ဂျာယန်စုံညီ အစည်းအ‌ဝေးကို KNU ဒုဥက္ကဌနှင့် ဒုစစ်ဦးစီးချုပ် ဦး‌ဆောင်ပြီး တက်‌ရောက်မည်

3033
ဇူလိုင် ၂၂ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကချင်ပြည်နယ်မိုင်ဂျာယန်တွင် ယခုလ ဇူလိုင် ၂၆ရက်မှ ၂၉ရက်‌နေ့အထိ ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ မျက်နှာစုံညီအစည်းအ‌ဝေးကို ကရင်အမျိုးသားအစည်းအရုံး(KNU)ဘက်မှ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်နှင့် ဒုုစစ်ဦးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲတို့ ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၅ဦး တက်‌ရောက်မည်ဖြစ်‌ကြောင်း KNU က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

ယင်းစုံညီအစည်းအ‌ဝေးကို KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲနှင့်အတူ တွဲဖက်အတွင်း‌ရေးမှူး (၂)ပဒို မန်းမန်းမန်း၊ ပဒို‌စောသမိန်ထွန်းနှင့် ဗိုလ်မှူးကြီး ‌စောတာမလာ‌သောတို့မှ ကိုယ်စားလှယ်များအဖြစ် တက်‌ရောက်ကြမည်ဟု KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက အတည်ပြု‌ပြောကြားသည်။

“KNU ဥက္ကဌဆိုရင် PPST အ‌နေနဲ့ပါသလို အတွင်း‌ရေးမှူးကလည်း ပြင်ဆင်‌ရေး‌ကော်မတီမှာ ပါပြီးသား ဖြစ်ပါတယ်။ အဲဒီ‌တော့ KNU ကိုယ်စားလှယ်အ‌နေနဲ့ အခုပုဂ္ဂိုလ်‌တွေပဲ ထပ်ပြီး ‌ရွေးချယ်လိုက်ရတာ ဖြစ်ပါတယ်”ဟု ပဒို‌စော‌သောသီဘွဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းကိုယ်စားလှယ်များအပြင် ‌လေ့လာသူ ၅ဦး၊ အ‌ထောက်အကူပြုအဖွဲ့ဝင် ၆ဦးဖြင့် စုစု‌ပေါင်း ၁၆ဦး KNU ဘက်က ‌စေလွှတ်သွားမည်ဖြစ်ပြီး စုံညီအစည်းအ‌ဝေးတွင် ‌ဆွေး‌နွေး‌ပြောဆိုမည့် အ‌ကြောင်းအရာများနှင့် ပတ်သက်၍ KNU ဘက်မှ အ‌သေးစိတ်ထုတ်‌ဖော်‌ပြောဆိုခြင်းမရှိ‌ပေ။

အလားတူ NCA လက်မှတ်‌ရေးထိုးထား‌သော ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU အပြင် ဒီမိုက‌ရေစီ အကျိုးပြုကရင်တပ်မ‌တော် DKBA မှ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် ‌စောမူးခို့ (‌စော‌မောသို) ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် ၆ဦးနှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/ KNLA(PC)မှ ကိုယ်စားလှယ်အဖွဲ့ ၁၂ဦးတို့ တက်‌ရောက်မည်ဖြစ်‌ကြောင်းလည်း သိရသည်။