Home သတင်း တိုင်းရင်းသားလူငယ်ညီလာခံတွင် ငြိမ်းချမ်း‌ရေးတည်‌ဆောက်ခြင်းနှင့် ဖက်ဒရယ်တည်‌ဆောက်ခြင်း တို့ကို ‌ဆွေး‌နွေး

တိုင်းရင်းသားလူငယ်ညီလာခံတွင် ငြိမ်းချမ်း‌ရေးတည်‌ဆောက်ခြင်းနှင့် ဖက်ဒရယ်တည်‌ဆောက်ခြင်း တို့ကို ‌ဆွေး‌နွေး

1621

ဇူလိုင် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ရှမ်း(သျှမ်း)ပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ဇူလိုင် ၂၇ရက်မှ ၃၁ရက်‌နေ့အထိ ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ် ညီလာခံ၏ ဒုတိယ‌မြောက်‌နေ့တွင် ငြိမ်းချမ်း‌ရေး တည်‌ဆောက်ခြင်းနှင့် ဖက်ဒရယ်တည်‌ဆောက်ခြင်း အ‌ကြောင်းအရာများကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ထိုသို့ ‌ဆွေး‌နွေးရာတွင် ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တရားရုံးချုပ် ‌ရှေ့‌နေ ဦးသိန်းဦး၊ မြန်မာနိုင်ငံ‌ရေးပညာရှင် ‌ဒေါ်ခင်မမမျိုးနှင့် ရှမ်းတိုင်းရင်းသား‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ စိုင်းလင်းမြင့်တို့က ယင်းအ‌ကြောင်းအရာများကို ဦး‌ဆောင်‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

ညီလာခံတက်‌ရောက်သည့် ထားဝယ်လူငယ်ကိုယ်စားလှယ်အဖွဲ့‌ခေါင်း‌ဆောင် ကို‌ကျော်မင်းထိုက်က “ဒီ‌နေ့က‌တော့ Panel Discussion(အ‌ကြောင်းအရာ လိုက်‌ဆွေး‌နွေးခြင်း)နဲ့ပဲ ပြီးဖို့ရှိတယ်။ မနက်ပိုင်းကျ‌တော့ ငြိမ်းချမ်း‌ရေးတည်‌ဆောက်ခြင်း အ‌ကြောင်းအရာ‌ပေါ့၊ ည‌နေပိုင်းကျ‌တော့ ဖက်ဒရယ်တည်‌ဆောက်ခြင်း အ‌ကြောင်းအရာ‌ပေါ့။ အဲလိုခွဲပြီး ‌ဆွေး‌နွေးကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ဒုတိယ‌နေ့အဖြစ် ‌ဆွေး‌နွေးကြသည့် အ‌ကြောင်းအရာများကို အ‌ခြေခံကာ တက်‌ရောက် လာ‌သော လူငယ်ကိုယ်စားလှယ်များ၏ အ‌မေးအ‌ဖြေကဏ္ဍများအပြင် ဆက်လက်ကျင်းပမည့် တတိယ‌မြောက်‌နေ့ညီလာခံတွင် တိုင်းရင်းသား လူမျိုးစု တစ်ခုစီမှ စာတမ်းများ ဖတ်ကြားသွား ကြမည်ဟု ကို‌ကျော်မင်းထိုက်က ဆက်‌ပြောသည်။

ကရင်လူငယ်ကိုယ်စားလှယ်အဖြစ် တက်‌ရောက်‌နေသူ ‌စောဂျက်ပစီကလည်း “ကျ‌နော်တို့ဘက်က အဓိက က‌တော့ ကရင်လူငယ် စာတမ်း‌ပေါ့‌နော်။ အဲဒီစာတမ်း‌ပေါ်မှာပဲ ပြင်ဆင်ပြီး‌တော့ ကျ‌နော်တို့ လာခဲ့တယ်။ ကျန်းမာ‌ရေးကဏ္ဍဆို ဘယ်သူ‌ပြောမလဲ။ ဖက်ဒရယ်ကဏ္ဍဆို ဘယ်သူက တာဝန်ယူ ပြီး‌တော့ ‌ပြောမလဲ။ ပြီး‌တော့ လူမှု‌ရေးကဏ္ဍလား၊ အားကစားကဏ္ဍလား၊ ပညာ‌ရေး ကဏ္ဍလား၊ ဘယ်သူ‌ပြောမလဲဆိုတာ ကျ‌နော်တို့ ပြင်ဆင်ထားပါတယ်”ဟု ‌ပြောသည်။

ငါးရက်ကြာ ပြုလုပ်မည့် ၎င်းလူငယ်ညီလာခံတွင် အ‌ကြောင်းအရာများ အလိုက်‌ဆွေး‌နွေးခြင်း၊ တိုင်းရင်းသား လူမျိုးစု တစ်ခုစီမှ စာတမ်းဖတ်ကြားခြင်း၊ တင်သွင်းလာသည့် စာတမ်းများနှင့် ‌ဆွေး‌နွေးချက်များကို ပြန်လည်တင်ပြ‌ဆွေး‌နွေးခြင်း၊ အနာဂတ်တွင် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစု လူငယ်များ လုပ်‌ဆောင်နိုင်‌အောင် စီမံကိန်းအမြင်သ‌ဘောထားများကို အဆုံးသတ် ‌ဆွေး‌နွေးခြင်း အ‌ကြောင်းအရာများကို ‌ဆွေး‌နွေးသွားကြမည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံဖြစ်‌မြောက်‌ရေး‌ကော်မတီ-CCNEYC (ဦး‌ဆောင်ကျင်းပသည့်) အဆိုပါ တိုင်းရင်းသားလူငယ် ညီလာခံကို လူမျိုးနှင့် မျိုးနွယ်စုကို အ‌ခြေခံ‌သော မြန်မာနိုင်ငံ တဝှမ်းလုံးရှိ တိုင်းရင်းသား လူငယ်များနှင့် ဖိတ်ကြားထား‌သော ဧည့်သည်များ အပါအဝင် ကိုယ်စားလှယ် ၆၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။