Home သတင်း ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ် ဆက်လက်ဖမ်းဆီးမှုရှိသဖြင့် ‌ဒေသခံများ အခက်ကြုံ

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ် ဆက်လက်ဖမ်းဆီးမှုရှိသဖြင့် ‌ဒေသခံများ အခက်ကြုံ

1989

ဇူလိုင် ၂၂ ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်အတွင်း ယခုနှစ် လဆန်းပိုင်းမှစ၍ ယခုအချိန်ထိ လိုင်စင်မဲ့ယာဉ်များ အလျင်းသင့်သလို ‌ရှောင်တခင် ဆက်လက်ဖမ်းဆီးမှု ရှိ‌နေ‌သေးသဖြင့် ‌ဒေသခံလူထုများအတွက် အလုပ်အကိုင်၊ အသွားအလာအတွက် အခက်အခဲ ကြုံ‌တွေ့လျှက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ အလျင်းသင့်သလို ဖမ်းဆီးရာ၌ ကရင်ပြည်နယ် ဖားအံမြို့တွင် ဇူလိုင် ၁၃ရက်မှ ၁၈ ရက်‌နေ့အတွင်း သက်ဆိုင်ရာ ပြည်နယ်အစိုးရ ဖားအံခရိုင်ရဲဌာန စာရင်းအရ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိမှု စီး‌ရေ ၄ဝ နီးပါး ရှိ‌နေပြီး ‌ဒေသခံလူထုများက ယခု ဆက်လက်ဖမ်းဆီးမှုအ‌ပေါ် သွားလာ‌ရေး အခက်ကြုံကာ အစိုးရမှ တစုံတရာ နည်းလမ်းရှာ ‌ဖြေရှင်း‌ပေးရန် လိုလား‌နေကြသည်။

လိုင်စင်မဲ့ကား ဖမ်းဆီးသည့်အတွက် လက်ရှိ အခက်ကြုံ‌တွေ့‌နေရသည့် ဖားအံမြို့ခံ ‌ကျောင်းသားမိဘတစ်ဦး ဖြစ်သူ ကိုနိုင်က “အခု ဖားအံမှာ လိုင်စင်မဲ့‌တွေ စဖမ်း‌နေပြီဆို‌တော့ အိမ်က ကားသွားလာလို့ မရ‌တော့ဘူး။ မိန်းမ‌ဈေးသွား၊ က‌လေး ‌ကျောင်းကြို‌ကျောင်းပို့ ကိုယ်လည်း အလုပ်ကိစ္စ၊ ဟိုသွား ဒီသွား လုပ်ရတာ‌တွေ အဆင်မ‌ပြေ‌တော့ဘူး။ ပြည်နယ်အစိုးရ အ‌နေနဲ့‌တော့ တစ်ခုခု‌တော့ လုပ်‌ပေးမှ ဖြစ်မယ်။ ဖားအံမှာက အိမ်တိုင်းနီးပါး ဒီကား‌တွေဘဲ သုံး‌နေတာ‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံ ‌ဒေသခံ ကိုသားငယ်ကလည်း “ကျ‌နော်က သဲ‌ကျောက်ကား တစ်စီးနဲ့ အိမ်စားရိတ် သမီး‌ကျောင်းစားရိတ် အတွက် ‌မောင်းတယ်။ အခု ကားဖမ်းတယ်ဆို‌တော့ ဝင်‌ငွေ မရှိ‌တော့ဘူး။ ကားလည်း ပြန်‌ရောင်းလို့ မရ‌တော့ဘူး။ ဘာ‌တွေဆက်လုပ်ရမှန်းနဲ့ ဒီကားအတွက် ဘယ်လို စီစဉ်ရမှန်း မ‌တွေးတတ်‌တော့ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင် ဇွန် ၉ရက်‌နေ့က ပို့‌ဆောင်‌ရေးနှင့် ဆက်သွယ်‌ရေးဝန်ကြီးဌာန၏ ညွှန်ကြားစာထွက်‌ပေါ်လာပြီး‌နောက် ကရင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ‌ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တာဝန်ရှိသူများ၊ သံဃာ့အဖွဲ့ အစည်းများမှ ဆရာ‌တော်ကြီးများ ပူး‌ပေါင်းကာ ဖားအံမြို့တွင် ဖမ်းဆီးအ‌ရေးယူမှု ဆက်တိုက်ပြုလုပ်လာသည့် အတွက် လိုင်စင်မဲ့ စီးနှင်းအသုံးပြု‌နေ‌သော ပြည်သူများအကြား စိုးရိမ်ပူပန်မှုနှင့် အမြင်သ‌ဘောထားအမျိုးမျိုး ‌ပြောဆို‌နေမှုများ ထွက်‌ပေါ်လျှက်ရှိ‌ကြောင်း သိရသည်။

ပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဦးလင်းဦးက “ကျ‌နော်တို့ ရဲတပ်ဖွဲ့က‌တော့ ဖားအံမြို့မှာ လိုင်စင့်မဲ့ ကားဥပ‌ဒေအရ ဖမ်းဆီးမှုဆက်လုပ်‌နေပါတယ်။ ပြည်နယ်တွင်းက မြို့နယ်‌တွေအလိုက် ဖမ်းဆီးစီမံချက်‌တွေ ‌ရေးဆွဲတင်ပြကာ ပြည်နယ်အစိုးရလမ်းညွန်ချက်အတိုင်း တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ လွှမ်းခြုံဖမ်းဆီးအ‌ရေးယူ‌ဆောင်ရွက် တာ‌တွေ လုပ်သွားမယ်။ ဒါမှ လိုင်စင်မဲ့ကားဖြင့် ရာဇဝတ်မှုကျူးလွန်တာ‌တွေ၊ ယာဉ်တိုက်မှု‌တွေ၊ မူးယစ်‌ဆေးဝါး/ လက်နက်‌ရောင်းဝယ်တာ‌တွေ၊ လိုင်စင်မဲ့ယာဉ် သယ်‌ဆောင်‌ရောင်းဝယ်တာ‌တွေနဲ့ လိုင်စင်မဲ့ကား အသုံးပြုကာ ဥပ‌ဒေမဲ့ ကျူးလွန်တာ‌တွေကို အ‌ရေးယူ‌ဆောင်ရွက်နိုင်ဖို့ လုပ်‌ဆောင်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ နယ်စပ်လိုင်စင်မဲ့ကား သွင်းဂိတ်များကို ပိတ်ပင်တားဆီး‌ပေးရန်၊ ‌ဒေသတွင်း လိုင်စင်မဲ့ကားများကို သက်သာ‌သော အခွန်နှုန်းထားဖြင့် တရားဝင်လိုင်စင်များ ပြုလုပ်‌ပေးရန်တို့ကို အစိုးရအ‌နေဖြင့် လုပ်‌ဆောင်သွား‌ပေးရန် ကရင်နိုင်ငံ‌ရေးပါ ၅ခုကလည်း ယခု ဇူလိုင် ၁၇ရက်‌နေ့တွင် ‌ကြေညာချက်ထုတ်ပြန်‌တောင်းဆိုထားသည်။