Home သတင်း ဩစ‌တြေးလျားကရင်များ ဒုက္ခသည်များ‌နေ့ ကျင်းပပြုလုပ်ခဲ့

ဩစ‌တြေးလျားကရင်များ ဒုက္ခသည်များ‌နေ့ ကျင်းပပြုလုပ်ခဲ့

2704

ဇွန် ၂၆ရက်၊ ၂၀၁၆ခုနှစ်။ ‌စော‌ကျော်ခွီး

ကမ္ဘာ့ဒုက္ခသည်များ‌နေ့ အခမ်းအနားကို ဩစ‌တြေးလျားကရင်အဖွဲ့အစည်း(AKO)က ကြီးမှူး၍ ဩစ‌တြေးလျားနိုင်ငံ နယူး ‌ဆော့သ်‌ဝေးပြည်နယ်၊ ဆစ်ဒနီမြို့ရှိ ‌ဗေးလာဝုရပ်ကွက်၊ Villawood Senior Citizen’s Hall တွင် ဇွန်လ ၂၅ရက်‌နေ့၊ ည‌နေ (၆) နာရီမှ ည (၁၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားသို့ Community Migrant resource Centre(CRMC)၊ Joint Action Committee for Democratic Burma (JACDB)၊ ကချင်အဖွဲ့(KAA)၊ မွန်အဖွဲ့၊ မြင့်မိုလ်မဏ္ဍိုင်မီဒီယာ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စ‌သော တိုင်း ရင်းသား‌ပေါင်းစုံနှင့် ဖိတ်ကြားထားသည့် ဩစ‌တြေးလျားနိုင်ငံသားများ အပါအဝင် ပရိဿတ်‌ပေါင်း (၁၅၀)‌ကျော် တက်‌ရောက် အား‌ပေးခဲ့ကြသည်။

AKO ဥက္ကဌ ‌စောလွင်ဦးက “လူ့အခွင့်အ‌ရေးနှင့် လူသားတိုင်း ဂုဏ်သိက္ခာရှိစွာ ‌နေထိုင်သက်ရှင်နိုင်‌ရေးအတွက် လူမှုအသိုင်းအ ဝိုင်း အသီးသီးမှ ‌လေးစားလိုက်နာရန်၊ ပဋိပက္ခဖြစ်‌နေ‌သော တိုင်းရင်းသား‌ဒေသတွင် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို နိုင်ငံ တကာ အသိုင်းအဝိုင်းမှ သိရှိနိုင်ကြ‌စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်”ဟု အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ‌ပြောကြားသွားခဲ့ သည်။

ဒုက္ခသည်များကို အ‌ရေးတကြီး ‌ဆောလျင်စွာ ပြန်မပို့‌ရေး၊ ကိုယ်ချင်းစာစိတ်နှင့် ၎င်းတို့၏ဘဝလုံခြုံ‌ရေး ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည့်အ‌ခြေအ‌နေမှ ပြန်ပို့‌ပေး‌စေလို‌ကြောင်း ဩစ‌တြေးလျားနိုင်ငံသို့ ဒုက္ခသည်အဖြစ် ‌ရွှေ့ ‌ပြောင်း‌ရောက်ရှိလာသူ ကရင်အမျိုးသမီးငယ် ‌နော်ဂါဂါက ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC_0132
အခမ်းအနားတွင် ရခိုင်ရိုးရာဆီမီးခွက်အက၊ ကချင်ရိုးရာအက၊ မြန်မာအင်းဝအက၊ ကရင်ရိုးရာဒုံးအကတို့နှင့် ‌ဖျော်‌ဖြေတင်ဆက် ခဲ့ကြပြီး ကရင်ဒုက္ခသည်များ၏ လက်ရှိအ‌ခြေအ‌နေ၊ ဒုက္ခသည်ကရင်လူငယ်များ၏ ပညာ‌ရေးအ‌ခြေအ‌နေများကို ရှင်းလင်းတင်ပြ ခဲ့ကြသည်။

“မြန်မာပြည်မှာ အရပ်သားအစိုးရ ဒီမိုက‌ရေစီအစိုးရတရပ် ‌ပေါ်‌ပေါက်လာ‌ပေမယ့်လည်း ကျမတို့‌ဒေသမှာ မတရား သတ်ဖြတ်ခံ ‌နေရမှု‌တွေ ရှိ‌နေတုန်းပါပဲ။ လတ်တ‌လော ဖြစ်ပျက်သွားတဲ့ ‌ကျောင်းသားတဦး ပစ်သတ်ခံရမှု၊ အရင်အစိုးရလက်ထက်က ဖြစ် သွားခဲ့တဲ့ ကချင်ဆရာမနှစ်ဦး ‌စော်ကား သတ်ဖြတ်ခံရမှုစတာ‌တွေဟာ တာဝန်ခံမှုမရှိဘဲ ဖြစ်‌ပေါ်‌နေတယ်။ အရင့်အရင်ကတည်း က တိုင်းရင်းသူ‌တွေကို အဓမ္မပြုကျင့်လာတာ ယ‌နေ့ထိ‌အောင်ပါပဲ။ ‌မျှော်လင့်ချက်မဲ့‌နေတဲ့ ဒုက္ခသည်‌တွေကလည်း တ‌နေ့တခြား တိုးပွားလာဆဲပဲ ရှိတယ်။ သူတို့အတွက် အရမ်း‌ကြေကွဲ ခံစားမိပါတယ်”ဟု အခမ်းအနား တက်‌ရောက်လာသူ ကချင်အမျိုးသမီး အတ္ထရံက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကမ္ဘာ့ဒုက္ခသည်များ‌နေ့မှာ ဇွန်လ ၂ဝရက်‌နေ့ဖြစ်‌သော်လည်း ဩစ‌တြေးလျားတွင် အလုပ်ပိတ်ရက်၊ နားရက်၌သာ ကျင်းပရသည့် ထိုအခမ်းနားတွင် ကရင်လူငယ်များက အစားအ‌သောက်များ၊ ကရင်ရိုးရာအဝတ်အစားများ ‌ရောင်းချခဲ့ကြပြီး ရရှိလာသည့် ရံပုံ ‌ငွေများကို ယခုနှစ် နယူး‌ဆော့သ်‌ဝေးတွင် ကျင်းပပြုလုပ်မည့် ဩစ‌တြေးလျားနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များညီလာခံတွင် အသုံးပြုသွားမည်ဖြစ်‌ကြောင်း သိရသည်။
AKO သည် ကရင့်အ‌ရေး၊ ဒီမိုက‌ရေစီအ‌ရေး၊ ဒုက္ခသည်များအ‌ရေး စသည့် မြန်မာနိုင်ငံနှင့် လူသားချင်းဆိုင်ရာ ကိစ္စရပ်များကို ဦးတည်လုပ်‌ဆောင်‌ပေးလျှက်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။