Home သတင်း လူငယ်‌ရေးရာမူဝါဒ တင်သွင်းရန် ကရင်ပြည်နယ်ရှိ လူငယ်များ သုံးလအတွင်း အပြီး ‌ဆွေး‌နွေးသွားမည်

လူငယ်‌ရေးရာမူဝါဒ တင်သွင်းရန် ကရင်ပြည်နယ်ရှိ လူငယ်များ သုံးလအတွင်း အပြီး ‌ဆွေး‌နွေးသွားမည်

1973
ဇွန် ၁၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွှန့်‌သောင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်‌ရေးရာမူဝါဒ ‌ရေးဆွဲသတ်မှတ်ကာ ပြည်‌ထောင်စုအစိုးရသို့ တင်သွင်းနိုင်ရန် ကရင်ပြည်နယ်ရှိ လူငယ်များက စီစဉ်လုပ်‌ဆောင်လျှက်ရှိပြီး ယခု ဇွန်လမှစတင်ကာ သုံးလအတွင်း အပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးသွားမည်ဖြစ်သည်ဟု သိရသည်။

ထိုသို့ ပြုလုပ်သွားမည့် ‌ဆွေး‌နွေးပွဲတွင် ပြည်နယ်တစ်ခုလုံးရှိ လူငယ်များအသံ အားလုံးပါဝင်နိုင်ရန် ကြိုးစား လုပ်‌ဆောင်မည်ဖြစ်ပြီး တက်‌ရောက်လာမည့် လူငယ်များမှာလည်း နိုင်ငံ‌ရေး၊ ပါတီ၊ အဖွဲ့အစည်းနှင့် လူမျိုး‌ရေး ကိစ္စရပ်များ လွှမ်းမိုးမှု မရှိ‌စေ‌ရေးအတွက် လုပ်‌ဆောင်သွားမည်ဟု ဖားအံလူငယ်တစ်ဦးဖြစ်သူ ကိုစိုးစံက ယခုလို ‌ပြောသည်။

“လူငယ်‌ပေါင်းစုံ ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့ အသံဖြစ်ဖို့ လိုပါတယ်။ အ‌ရေးကြီးတာက လူမျိုး‌ရေး၊ ပါတီ ‌ရေး၊ နိုင်ငံ‌ရေး အဲဒီအရိပ်‌တွေ မလွှမ်းမိုးဖို့‌တော့ လိုတယ်။ လူငယ်ထုတစ်ရပ်လုံးရဲ့ အ‌ရေးကိစ္စ မူဝါဒ‌တွေကိုပဲ အဓိက ထားပြီး လုပ်‌ဆောင်သွားမှာ ဖြစ်တယ်”ဟု ကိုစိုးစံက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

လူငယ်‌ရေးရာမူဝါဒ တင်သွင်းရန် ကရင်ပြည်နယ်အတွင်းရှိ ပညာ‌ရေး၊ လူမှု‌ရေး၊ ကျန်းမာ‌ရေး စသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် လူထုအ‌ခြေပြုအဖွဲ့အစည်းများတွင် ပါဝင်အလုပ်လုပ်‌နေ‌သော လူငယ်များ အမြန်ဆုံး ‌တွေ့ဆုံ‌ဆွေး‌နွေးသွားနိုင်‌ရေးအတွက် လူငယ်အချို့က လတ်တ‌လော ကြိုးပမ်း‌ဆောင်ရွက်လျှက်ရှိ‌ကြောင်းလည်း သိရသည်။

လူငယ်‌ရေးရာမူဝါဒ ‌တွေ့ဆုံ‌ဆွေး‌နွေးလုပ်‌ဆောင်ရာ၌ ကရင်ပြည်နယ်အတွင်းသာမက နယ်စပ်‌ဒေသရှိ ‌နေရာများအထိ လုပ်‌ဆောင်သွားမည်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်‌ဒေသရှိ လူငယ်အဖွဲ့အစည်းအားလုံးနှင့် လူငယ် အမျိုးသမီးအ ဖွဲ့အစည်းများ အားလုံး ပါဝင်သင့်ပါဝင်ထိုက်သည့် လူငယ်များ ပါဝင်နိုင်ရန် ဦးတည်လုပ်‌ဆောင်သွားမည်ဟုလည်း ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ လူငယ်အမျိုးသမီးဖြစ်သူ ‌နော်ဆဲဆဲက ‌ပြောသည်။

သူမက “ပြည်တွင်းက လူငယ်များအသံ‌တွေ‌ကော၊ နယ်စပ်‌ဒေသမှာ ‌ရွှေ့‌ပြောင်း‌နေထိုင်ကြတဲ့ တိုင်းရင်းသား လူငယ် ‌တွေရဲ့ အသံ‌တွေပါ ကျမတို့ ဦးစား‌ပေးလုပ်‌ဆောင်သွားမယ်။ အဲဒါမှ နိုင်ငံ‌တော်က လူငယ်‌ရေးရာ မူဝါဒ‌တွေကို အ‌ကောင်အထည်‌ဖော်တဲ့အခါမှာ ပိုပြီး အကျိုးရှိ‌စေမယ်လို့‌တော့ ကျမက ယူဆပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌တွေ့ဆုံမှုများ ပြုလုပ်ပြီး‌နောက် တိုင်း‌ဒေသကြီးများနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ် ‌ခေါင်း‌ဆောင် များ ပြန်လည်စု‌ပေါင်း‌တွေ့ဆုံ‌ဆွေး‌နွေးကာ မြန်မာနိုင်ငံရှိ ‌ဒေသအသီးသီးမှ ရရှိလာသည့် သ‌ဘောထားများကို တစ်နိုင်ငံလုံးဆိုင်ရာ လူငယ်‌ရေးရာမူဝါဒအ‌နေဖြင့် စု‌ပေါင်းအတည်ပြုပြီး ပြည်‌ထောင်စုအစိုးရသို့ တင်သွင်းသွားမည်ဖြစ် သည်ဟု သိရသည်။

မြန်မာနိုင်ငံ လူငယ်‌ရေးရာ မူဝါဒများကို ပြည်‌ထောင်စုအစိုးရသို့ တင်သွင်းသွားမည့်အ‌ရေးကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာတွင် ယခု ဇွန် ၁၁ ရက်မှ ၁၃ ရက်‌နေ့အထိ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များရှိ လူငယ်ကိုယ် စားလှယ် စုစု‌ပေါင်း ၄၀ဝ ‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့သည်။