Home သတင်း လှိုင်းဘွဲမြို့နယ်တွင် ‌ကျေးလက်ကျန်းမာ‌ရေးဌာန‌ဆောက်လုပ်မည့်‌နေရာ မ‌ပြောင်း‌ရွှေ့ရန် ပြည်နယ်အစိုးရထံ ‌မေတ္တာရပ်ခံ

လှိုင်းဘွဲမြို့နယ်တွင် ‌ကျေးလက်ကျန်းမာ‌ရေးဌာန‌ဆောက်လုပ်မည့်‌နေရာ မ‌ပြောင်း‌ရွှေ့ရန် ပြည်နယ်အစိုးရထံ ‌မေတ္တာရပ်ခံ

2098
ဇွန် ၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

လှိုင်းဘွဲမြို့နယ် ‌ကော့လုံကျွန်းရှိ ကို‌မောင်‌ကျေးရွာအုပ်စု ငှက်‌ပျော‌တောရွာ၌ တည်‌ဆောက်ရန်ရှိသည့် ‌ကျေးလက်ကျန်းမာ‌ရေး ဋ္ဌာနအ‌ဆောက်အဦးကို ကို‌မောင်ရှမ်းစု(တပ်စခန်း)တွင် ပြန်လည်တည်‌ဆောက်သင့်‌ကြောင်း ပြည်နယ်လွှတ်‌တော် ဥက္ကဌ ‌စော ချစ်ခင်က ‌ပြောဆိုသည်ကို ထိုကဲ့သို့ မပြုလုပ်ရန် ‌ဒေသခံများ စု‌ပေါင်း၍ ပြည်နယ်အစိုးရထံသို့ ‌မေလ ၃ဝရက်‌နေ့က ‌မေတ္တာရပ်ခံ စာ တင်ပြခဲ့သည်။

‌ကျေးလက်ကျန်းမာ‌ရေးအ‌ဆောက်အဦး တည်‌ဆောက်မည့် ၎င်း‌မြေ‌နေရာတွင် ပြည်နယ်အစိုးရ ချ‌ပေးသည့် ကျပ်‌ငွေ ၁၃၇သိန်း ဖြင့် (၂)ခန်းတွဲ သန့်စင်ခန်းတစ်လုံးကို တည်‌ဆောက်ပြီးဖြစ်သလို ‌မြေ‌နေရာကို ‌ကော့လုံကျွန်းရှိ ‌ကျေးရွာများက ကျပ်သိန်း ၆ဝ အကုန်ခံကာ စု‌ပေါင်းဝယ်ယူထားသဖြင့် ‌ပြောင်း‌ရွှေ့ရန် မဖြစ်နိုင်သည့်အတွက် ယင်းသို့ စာတင်ရခြင်းဖြစ်‌ကြောင်း ငှက်‌ပျော ‌တောရွာ အုပ်ချုပ်‌ရေးမှူး ‌စောသန်းဦးက ယခုလို ‌ပြောသည်။

“အများသ‌ဘောနဲ့ ငှက်‌ပျော‌တောရွာမှာ ‌ကျေးလက်ကျန်းမာ‌ရေးဌာန တည်‌ဆောက်ဖို့ လုပ်ခဲ့ကြတာပါ။ အခု အိမ်သာက ပြီးသွား ပြီဆို‌တော့ ‌နေရာ‌ပြောင်းမယ်ဆိုရင် ဒီအိမ်သာကို ဘယ်လိုသုံးမလဲ။ ‌နောက် စု‌ပေါင်းဝယ်ထားတဲ့ ‌မြေ‌နေရာကို ဘယ်လိုလုပ်မလဲ ‌ပေါ့။ ‌နောက်ပြီး ဘတ်ဂျက်‌ငွေ ချ‌ပေးဖို့က ငှက်‌ပျော‌တောရွာလို့ သတ်မှတ်ထားတာ ဖြစ်တယ်ဆို‌တော့ ‌နေရာ‌ပြောင်းဖို့ မလိုတဲ့အ တွက် ပြည်နယ်အစိုးရကို စာတင်ရတာ ဖြစ်ပါတယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့လုံကျွန်းတွင် ကို‌မောင်အုပ်စုနှင့် မြ‌လေးအုပ်စုဟူ၍ ‌ကျေးရွာအုပ်စုနှစ်ခုရှိပြီး ငှက်‌ပျော‌တောရွာနှင့် မြ‌လေးအုပ်စု ‌ကျေးရွာ များက ‌ဆောက်လက်စ‌နေရာ၌သာ လုပ်သွား‌စေလို‌သော်လည်း ကျန်‌ကျေးရွာများက လွှတ်‌တော်ဥက္ကဌ၏ လမ်းညွှန်ချက်အတိုင်း ‌ဆောင်ရွက်‌စေလိုသည်ဟု ပြည်နယ်အစိုးရထံ တင်သည့်စာတွင် ပါရှိသည်။

ထို့အပြင် ‌ကျေးလက်ကျန်းမာ‌ရေး အ‌ဆောက်အဦးတည်‌ဆောက်ရန် ငှက်‌ပျော‌တောရွာတွင် ပြည်နယ်အစိုးရ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ‌ရေးနှစ်အတွက် ရန်ပုံ‌ငွေ ရရှိထားပြီဖြစ်‌ကြောင်းနှင့် အ‌ဆောက်အဦးတည်‌ဆောက်ရန် လျာထားသည့် ငှက်‌ပျော‌တော ‌မြေ‌နေရာသည် ‌ကော့လုံကျွန်း၏ အလယ်ဗဟိုကျသည့်အတွက် သွားလာရန် ပို၍ အဆင်‌ပြေ‌ကြောင်း သိရသည်။

‌ကော့လုံကျွန်း ‌ဒေသခံ ‌စော‌မောင်‌လေးငယ်က “ကျ‌နော်တို့ ဒီ‌ကော့လုံကျွန်း‌ပေါ်က ရွာ‌တွေက လူနာ‌တွေကို မြိုင်ကြီးငူတိုက်နယ် ‌ဆေးရုံ၊ ဒါမှမဟုတ် ‌ရွှေဂွန်းတိုက်နယ်‌ဆေးရုံကို ပို့ရတာ သံလွင်မြစ်ကို ဖြတ်ရတယ်။ ညဖက်ဆို လုံးဝ အဆင်မ‌ပြေဘူး။ အထူးသ ဖြင့် မိုးတွင်းဘက်ဆို ပို ဒုက္ခ‌ရောက်ရတယ်။ အခု ‌ဆောက်လက်စ ‌မြေ‌နေရာမှာ အလယ်ကျတဲ့အတွက် အဆင်‌ပြေတယ်လို့ မြင် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ငှက်‌ပျော‌တောရွာရှိ ‌ကျေးလက်ကျန်းမာ‌ရေးဌာန အ‌ဆောက်အဦးတည်‌ဆောက်ရန် လျာထားသည့်‌နေရာတွင် သန့်စင်ခန်းကို ပြီး ခဲ့သည့် ၂၀၁၄ခုနှစ် ‌အောက်တိုဘာမှစတင်ကာ ဒီဇင်ဘာလတွင် ‌ဆောက်လုပ်ပြီးစီးခဲ့သည်။ ထို့‌နောက် ကျန်းမာ‌ရေးအ‌ဆောက် အဦး ဆက်လက်တည်‌ဆောက်ရန် ကျပ်‌ငွေသိန်း ၁,၂၆ဝကို အစိုးရမှ ချ‌ပေးရန် သ‌ဘောတူထားမှုများ ရှိခဲ့ပြီဖြစ်သည်ဟု ‌ဒေသခံ တာဝန်ရှိသူများထံမှ သိရသည်။

ကရင်ပြည်နယ် လွှတ်‌တော်ဥက္ကဌ ‌စောချစ်ခင်သည် ‌မေလ ၂၁ရက်‌နေ့က ‌ကော့လုံကျွန်းသို့ သွား‌ရောက်ရင်း ငှက်‌ပျော‌တောရွာ သို့လည်း သွား‌ရောက်ခဲ့ပြီး‌နောက် ည‌နေ ၄နာရီတွင် ကို‌မောင်အ‌ခြေခံပညာအထက်တန်း‌ကျောင်းခန်းမ၌ လူထု‌တွေ့ဆုံပွဲ ပြုလုပ် ကာ အ‌ဆောက်အဦး ‌နေရာ‌ပြောင်း‌ရွှေ့တည်‌ဆောက်‌ရေးကိစ္စကို ‌ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။

သံလွင်မြစ်လယ်တွင် တည်ရှိသည့် ‌ကော့လုံကျွန်းသည် ၁၂မိုင်ခန့် ရှည်လျားပြီး ယင်းကျွန်း‌ပေါ်တွင် ငှက်‌ပျော‌တော၊ ‌ကော့စိန်အ ထက်၊ ‌ကော့စိန်အလယ်၊ ‌ကော့စိန်‌ချောင်းဝ၊ ကျွန်းမီး(၁)၊ ကျွန်းမီး(၂)၊ ရှမ်းစု၊ ခရမ်းကျွတ်၊ အလန်း‌လေး၊ အလန်းကြီး၊ ကျွန်းထိပ် ရွာ‌လေး၊ ကျွန်းထိပ်ရွာကြီး၊ ရွာသာ‌အေးနှင့် ပြည်သာ‌အေး စသည့်‌ကျေးရွာများ အ‌ခြေစိုက်လျှက်ရှိသည်။